ရုပ်ရှင်ဆင်ဆာက ဘယ်သူ့ကိုမှ ဖြတ်တာတော့ မရှိဘူး ဇာဂနာ

0
240

zarganar-copy

“ဆင်ဆာက တစ်ခုမှ ဖြတ်ထား ခြင်းမရှိပါဘူး။ ကျွန်တော် ကိုယ်တိုင် ကလည်း ဆင်ဆာအဖွဲ့ထဲမှာ နာမည် ပါတယ်ဆိုပေမယ့် ဆင်ဆာ ရုံး ကို တော့သွားပြီးတော့ ထိုင်တာ နည်းပါ တယ်။ သို့သော် နံပါတ်တစ် သေချာ တာ တစ်ခုကတော့ ဆင်ဆာကို ဒီကနေ့အထိ ဘယ်သူ့ကို မှ မဖြတ်ပါ ဘူး။ အားလုံးလည်းသိပါတယ် မြန်မာနိုင်ငံမှာ ရုံး လုပ်ထုံးလုပ်နည်း ဆိုတာ ဘယ်ရုံးမှာ မဆို အထောက် အထားရှိတယ်။ အခုဟာက အထောက်အထားမဲ့ လက်လွတ် စပယ် ဖေ့စ်ဘုတ်မှာ ရေးနေတာ ဖြစ်တယ်။ ကျွန်တော်ကလည်း တစ်သက်လုံးဆင်ဆာနဲ့ ဖက်ပြီး ရန်ဖြစ်ခဲ့တဲ့လူပါ။ တကယ်လို့သာ မျက်နှာချင်းဆိုင် ရှင်းကျမယ် ဆိုရင် တော့ ရုပ်ရှင်လောကသား အားလုံး ရှုံးလိမ့်မယ်။ ဘာဖြစ်လို့ အဲ့ဒီလို ကျွန်တော် ပြောရလဲ ဆိုတော့  ဒါက ဒီမိုကရေစီနိုင်ငံတော်လို့ ပြောရင် စည်းနဲ့ကမ်းနဲ့ စနစ်နဲ့ လုပ်သင့်တယ်။ စည်းမရှိကမ်းမရှိ လုပ်ချင်ရာ လုပ်မှာ ကိုတော့မလိုလားဘူး။ ကျွန်တော်က ဆင်ဆာဘက်က လိုက်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆီမှာက ငါတို့ ဒီမိုကရေစီ ရပြီ ငါတို့ တင်ထား တဲ့ အစိုးရလည်းတက်ပြီ လုပ်ချင် ရာလုပ်မယ်ဆိုတဲ့ စိတ်မျိုးတွေ နဲ့ လုပ်ပြီးတော့မှ သူတို့လုပ်ချင်တာ မလုပ်ရလို့ မကျေမနပ်တွေ ပြောကြ မယ်ဆိုရင်တော့ မှားမယ် ထင်ပါ တယ်။ ဆင်ဆာ အဖွဲ့ဆိုတာလည်း ရုံးဖြစ်တဲ့အတွက် အထောက် အထား ရှိတယ်လေ။ အခုပြောနေကြတယ် ဆိုတာလည်းတစ်စိပ်ကို တစ်အိတ် လုပ်နေကြတာပေါ့လေ” လို့ လက်ရှိရုပ် ရှင်ဆင်ဆာအဖွဲ့ ဝင်တစ်ဦး ဖြစ်သူ ဦးဇာဂနာ ကရုပ်ရှင်ဆင်ဆာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါ တယ်။

ဆင်ဆာအဖွဲ့အနေနဲ့လည်း လက်ရှိမှာ ထောက်ညွှန်ပြင်ဆင် ခိုင်း တဲ့ ဇာတ်ဝင်ခန်းတွေသည် တကယ် ထောက်ညွှန်သင့်သလား၊ မသင့်ဘူး လား၊ ဒီဟာလေးတွေ ပြင်ပေးပါ ဆိုတာကို လုပ်သင့်လား မလုပ်သင့် ဘူးလား ဆိုတာ ကိုတော့ ပွဲတစ်ခု စီစဉ်ဖို့ရှိပြီး မီဒီယာတွေ ကိုလည်း ချပြ သွားဖို့ ရှိတယ်လို့လည်း သိရ ပါတယ်။

“ကျွန်တော်ကလည်း ဆင်ဆာ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေမယ့် ဆင်ဆာ ကို ဘက်လိုက်စရာမလို ရုပ်ရှင် သမားဘက်ကနေဘဲ ဘက် လိုက်ရမှာ ဖြစ်တဲ့အတွက် ဆင်ဆာ ပြုပြင် ပြောင်းလဲ ရေးကို လုပ်နေရတာလေ။  လွတ်လပ်စွာ ဖန်တီးခွင့် ရှိပြီလို့ထင်နေတာ လွတ်လပ် စွာ ဖန်တီးခွင့် မှာ လွတ် လပ်စွာ ညစ်ပတ်ခွင့်နဲ့ လွတ်လပ်စွာ စုတ်ပဲ့ ခွင့်တော့ မရှိဘူး လေဗျာ။ ကျွန်တော် က ရုပ်ရှင်လောကဘက်က ရပ်တည် ရမယ့်သူပါ။ သို့သော် တကယ့် တကယ် ဖြစ်နေ တာတော့ အဲ့ဒီလို ဒီပုံစံ ဖြစ်နေကြ တယ်။ ကျွန်တော် သိသလောက်ဗျာ ရုပ်ရှင်ဆင်ဆာက ဘယ်သူ့ကိုမှ ဖြတ်တာတော့ မရှိဘူး။ ဖေ့စ်ဘုတ် ပေါ်တင်တာတွေကတော့ မှားနေပါ တယ်။ တစ်ခုမှ မဖြတ်သေး ပါဘူး” လို့ ဦးဇာဂနာ ကထပ်မံ ပြောပြပေးခဲ့ပါ တယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here