ပုဂံဗိုလ်ချို ကြေးရုပ်တုကိုငါ့သရောက်မြို့ တွင်ထားရှိ

0
478

15423602_1377469988930446_358116309_n-copy

နယ်ချဲ့တော်လှန်ရေး ခေါင်း ဆောင် သူရဲကောင်း အာဇာနည် ပုဂံဗိုလ်ချို ကြေးရုပ်တု ဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာလ၁၃ ရက် နံနက် ၉နာရီ တွင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ မြနန္ဒာကျောက်ထီး ဘုရားအနီးရှိ ဗိုလ်ချိုကွင်း၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး၊ စာပေဟော ပြော ပွဲနှင့် ပုဂံဗိုလ်ချိုရုပ်တုဖွင့်ပွဲ ကျင်းပရေးကော်မတီမှ သိရှိရသည်။

ဗိုလ်ချိုကြေးရုပ်တု၏ အမြင့်မှာ ၇ပေ၊ ၆လက်မ ရှိပြီး ကြေးပိဿာ ချိန်(၂ဝဝ)ပိဿာရှိကြောင်း၊ ၂ဝဝ၉ ခုနှစ်တွင် မြန်မာမှုပညာရှင် ဦးဝင်း မောင် တမ္ပဝတီနှင့် ဦးလှမြင့် (ပြည့်ဝမြန်မာ မှုကြေးသွန်းလုပ်ငန်း) မှ ပုံဖော်ကြေးသွန်းခဲ့ကြောင်း၊ ဗိုလ်ချိုကြေးရုပ်တုမှာ ပိန်းတန်း ဖိနပ်စီး တောင် ရှည်ပုဆိုး ဝတ်လျက်၊ ခါးတောင်းကျိုက်ထား၊ ပင်နီ ရင်ကွဲအင်္ကျီဝတ်ထားပြီး ပဝါတစ်စ ပုဆိုးပေါ်တင်ထား။ ဓား လွယ်ကိုင် လျက် မတ်တတ်ရပ်နေ ပြီးမျက်နှာကို အနည်းငယ်ငဲ့ထား၍ ရန်သူကို ထီမထင်ကြည့်နေဟန် ဖြစ်ကြောင်း သိရှိရသည်။

ပုဂံဗိုလ်ချို ကြေးရုပ်တုဖွင့်ပွဲ အကြိုနေ့ည ၊ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းစာပေဟောပြောပွဲ တွင် စာရေးဆရာနေဝင်းမြင့်၊ စာရေး ဆရာမ ခင်ခင်ထူး တို့က ဟော ပြောမည်ဖြစ်ပြီး စာပေဟော ပြောပွဲမတိုင်ခင် မြန်မာ့ရုပ်စုံ သဘင် အသင်း ဥက္ကဋ္ဌ ဒေါ်မမနိုင် (မန္တလေး) က မြန်မာ့ ရိုးရာ ရုပ်သေး ဖြင့်ကပြဖျော် ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here