ကိုယ်စွန့်လွှတ်ခဲ့တာနဲ့တန်အောင် ပြန်ကြိုးစားမယ့် ရတနာဗို

0
363

yadanar-bo-copy

ရတနာဗိုက ဒါရိုက်တာသားညီ ပုံဖော်ရိုက်ကူးမယ့် ‘ရတနာပုံ’ ရုပ်သံ ဇာတ်လမ်းတွဲမှာ မန္တလေး တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဖြစ်ပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါက ရတနာဗိုအတွက် ပထမဦးဆုံး ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲအတွက် ပေးဆပ်မှုတွေ အများကြီးရှိပါတယ်လို့ ရတနာဗိုက ပြောပါတယ်။ “ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကိုဖတ်ကြည့်တော့ ညီမတအား တအားသဘောကျသွား တယ်။ ပြီးတော့ ဒီအချိန်မှာ ပရိသတ်တွေက ဇာတ်လမ်းတွဲတွေကို တအားအားပေးလာကြတဲ့ အချိန်လည်း ဖြစ်နေတာနဲ့ ညီမရိုက်ကူးချင် သွားတယ်။ ဇာတ်လမ်းတွဲနဲ့ ကိုယ့်ရဲ့ အနု ပညာကို ပရိသတ်တွေသိရှိ အောင်ချပြ ချင်တယ်။ အဲဒါနဲ့ ပျိုးခင်းက ဆရာတို့ကို သမီး ဒီဇာတ် လမ်းရိုက်ကူးချင်တယ် ရိုက် ခွင့်ပြုပါဆိုပြီး သေချာခွင့်တောင်းခဲ့ရ တယ်။ပြီးတော့ဒီဇာတ်လမ်းတွဲရိုက်ကူးဖို့ ဖျက်ခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တချို့လည်းရှိနေတော့ ကိုယ်စွန့် လွှတ်ခဲ့တာနဲ့တန်အောင်ဒီဘက် မှာ ညီမပြန်ကြိုးစားမယ်။ ရုပ်ရှင်ကားကို ဒီလိုမျိုး ဖျက်ခဲ့တယ်ဆို ကတည်းက ဒီဇာတ်လမ်းအပေါ် ညီမ ရဲ့ ပေးဆပ်မှုတစ်ခုပါ။ ဒီ ဇာတ်လမ်းတွဲမှာ ကိုယ့်ရဲ့ ပေးဆပ်မှုနဲ့ တန်အောင်၊ ရတနာဗိုဆိုတာ ပရိသတ် ပိုသိလာ အောင်ကြိုးစား သွားမယ်။ ပရိသတ် တွေအတွက် ပေးဆပ် မယ်။ ကိုယ့်ရဲ့ ကြိုး စားမှုတွေက ပရိ သတ်ရင်ထဲ ရောက် သွားလိမ့်မယ် လို့မျှော် လင့်ပါတယ်” လို့ ဇာတ် လမ်းတွဲအပေါ် မျှော် လင့်ချက် ကို ပြောပြခဲ့ ပါတယ်။ ဒီဇာတ်လမ်း တွဲရိုက်ကူးပြီးရင်တော့ လူမင်း၊အောင်ရဲလင်း တို့နဲ့ ဇာတ်ကားများ ဆက် လက်ရိုက်ကူး သွားဖို့ရှိကြောင်း သိရ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here