အစောဆုံးမြန်မာစာမှ ရတနာသုံးပါး အခင်းအကျင်း

0
264

mg-khin-myin

မောင်ခင်မင် ( ဓနုဖြူ )

ရာဇကုမာရ်ကျောက်စာ (မြစေတီကျောက် စာ) ကို သက္ကရာဇ် အခိုင်အမာပါသော အစောဆုံး မြန်မာစာအဖြစ် ပညာရှင်တို့ အသိ အ မှတ်ပြုကြသည်။ ထိုကျောက်စာ သည် ရာဇကုမာရ်က ကျန်စစ်သား ၏ ကျေးဇူးကို အကောင်းဆုံးနည်း ဖြင့် တုံ့ပြန်သည့်အကြောင်း မှတ်
တမ်းတင်ထားသောစာ ဖြစ်သည်ကို ရည်ညွှန်းလျက် ‘မြန်မာစာပေသည် ကျေးဇူးသိတတ်မှုဖြင့် စတင်ခဲ့သည်’ ဟု ဆရာကြီး ဦးဖေမောင် တင်က မိန့်ဆိုဖူးပါသည်။

အခြားရှုထောင့်တစ်ခုမှ ကြည့် သောအခါ ရာဇကုမာရ်ကျောက်စာ သည် ဘုရား၊ တရား၊ သံဃာ ဟူ သော ရတနာသုံးပါးအခင်းအကျင်း ကို ပုံဖော်ထားသော မှတ်တမ်းတစ်ခု အဖြစ် ရှုမြင်ရပါသည်။ ပုဂံသားတို့၏ ဘာသာရေးဆိုင်ရာ အသိအမြင်ခံယူ ချက်တို့ကို အဆင့်အ တန်းမြင့်မြင့် ထင်ဟပ်ဖော်ပြနေသော မှတ်တမ်း တစ်ခုဟု ဆိုနိုင်ပါသည်။

ရာဇကုမာရ်ကျောက်စာတွင် မှတ်တမ်းတင်ထားသော အကြောင်း အရာအချုပ်မှာ ဤသို့ဖြစ်သည်။ သာသနာသက္ကရာဇ် ၁၆၂၈ ခုနှစ် တွင် အရိမဒ္ဒနပူရပြည် (ပုဂံပြည်) ၌  ဂြီ့တြိဘုဝနာဒိတျဓမ္မရာဇ (ကျန်စစ် သား) မင်း မင်းပြုသည်။ ထိုမင်း၏ မိဖုရားတစ်ပါးမှာ တြိလောက ဝဋံ သကာ ဒေဝီဖြစ်၍ မိဖုရား၏သား မှာ ရာဇကုမာရ်ဖြစ်သည်။ မင်းကြီး သည် မိဖုရားကို ကျွန်သုံးရွာ ချီးမြှင့် ခဲ့ရာ မိဖုရားကံကုန်သော အခါ ထို ကျွန်သုံးရွာကို သားဖြစ်သူ ရာဇ ကုမာရ်အား ချီးမြှင့်ပြန်သည်။ ကျန်စစ်သားမင်းကြီး ၂၈ နှစ် နန်းစံ ပြီးနောက် နာမကျန်းဖြစ်ကာ နတ် ရွာစံလုဆဲဆဲ ဖြစ်နေချိန်တွင် ရာဇ ကုမာရ်သည် မင်းကြီး၏ ကျေးဇူး တရားကို ဆင်ခြင်အောက်မေ့ပြီး မင်းကြီးကို ကျေးဇူးတုံ့ပြန်ရန် စီစဉ်သည်။ ရွှေဆင်းတုတစ်ဆူ သွန်း လုပ်ပြီးနောက် မင်းကြီးကို အပ်နှံပြီး ထိုရွှေဆင်းတုကို မင်းကြီးအတွက် သွန်းလုပ်ခြင်းဖြစ်ကြောင်း၊ မိမိကို မင်းကြီးမှချီးမြှင့်သော ကျွန်သုံးရွာ ကိုလည်း ထိုရွှေဘုရားအား မိမိ လှူဒါန်းကြောင်း လျှောက်ထား သည်။ မင်းကြီးသည် ရာဇကုမာရ် ၏ အစီအမံကို အလွန်နှစ်သက်သည့် အတွက် သာဓုခေါ်ပြီး မဟာထေရ် အမှူးပြုသော သံဃာတော်များကို နန်းတော်သို့ပင့်၍ သံဃာေ တ်ာများ ရှေ့တွင် ရေစက်သွန်းချ လှူဒါန်း သည်။ သာဓုအနုမောဒနာခေါ်သည်။ မင်းကြီး နတ်ရွာစံပြီးနောက် ရာဇ ကုမာရ်သည် ထိုရွှေ ဘုရားကို ဌာပနာ၍ ဂူဘုရားတစ်ဆူ တည် သည်။ ကျွန်သုံးရွာကိုလည်း ဘုရား အားလှူဒါန်းသည်။ ထို့နောက် ရာဇ ကုမာရ်က ဤကောင်း မှုသည် သဗ္ဗညုတဥာဏ်ရသော အကြောင်း ဖြစ်ပါစေသတည်းဟူ၍ ဘုရား ဆုတောင်းသည်။ မိမိ၏ သား၊ မြေး၊ ဆွေမျိုးဖြစ်စေ၊ သူစိ မ်းဖြစ်စေ ထိုကျွန်များကို နှိပ်စက်ပါလျှင် အရိမေတ္တယျဘုရားရှင်ကို မဖူးရပါ စေနှင့်ဟူ၍လည်း ကျိန်ဆိုသည်။ ဤကား ရာဇကုမာရ်ကျောက် စာ၏ အကြောင်းအရာအချုပ်ဖြစ်သည်။

ဗုဒ္ဓသာသနာ ထွန်းကားနေ သော ပုဂံပြည်တွင် ပုဂံသားတို့သည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးနှင့် ပတ်သက်၍ အသိအမြင် ခံယူချက်များ အဆင့် အတန်း မြင့်မားနေပြီဖြစ်ကြောင်း ထိုကျောက်စာ မှတ်တမ်းက ဖော်ပြ နေသည်။

ရာဇကုမာရ်ကျောက်စာတွင် တွေ့ရသော ‘ဘုရား’ နှင့် ပတ်သက် သည့် ဖော်ပြချက်များကို ကွက်၍ ဆိုရလျှင် ရာဇကုမာရ်သည် နတ်ရွာ စံခါနီးဆဲဆဲဖြစ်နေသော ကျေးဇူးရှင် မင်းကြီး ဘဝကူးကောင်းစေရန် ကျေးဇူးတုံ့ပြန်ရာ၌ ရွှေဆင်းတု ရုပ်ပွားတော်တစ်ဆူ သွန်းလုပ်စေ၍ မင်းကြီးအားအပ်နှံပြီး ရေစက်သွန်းချ လှူဒါန်းစေခြင်း၊ ထိုဆင်းတုတော်ကို ဌာပနာ၍ (ယခု ‘မြင်းကပါ ဂူ ပြောက်ကြီးဘုရား’ ဟု ထင်ရှား   သော) ဂူဘုရားတစ်ဆူတည်ခြင်း၊ မိမိကောင်းမှုအတွက် ဘုရားဆု တောင်းခြင်းတို့ကို တွေ့ရပါသည်။ ပုဂံသားတို့သည် ဘုရားရှင်၏ ဂုဏ် ကျေးဇူးတော်များကို အလေးအနက် နှလုံးသွင်း၍ ရုပ်ပွားဆင်းတု တော် များ သွန်းလုပ်ခြင်း၊ ဂူဘုရား စေတီ ပုထိုးများတည်ခြင်း၊ ကုသိုလ် ကောင်းမှုအတွက် ဘုရားဆုတောင်း ခြင်းတို့ကို အလေးအနက်ဆောင်ရွက် ကြရာ ရာဇကုမာရ်ကျောက်စာတွင် ကုသိုလ်ရှင် ရာဇကုမာရ်၏ ဆောင် ရွက်ချက်များအဖြစ် ထိုအချက်များ ကို အထင်အရှားတွေ့ရပါသည်။

ဘုရားရှင်ဟောကြားတော်မူ သော တရားတော်များကို ပိဋကတ် စာပေများ ဖတ်ရှုလေ့လာပြီး ခံယူ နှလုံးသွင်းနေကြပြီဖြစ်သော ပုဂံသား တို့၏ ခံယူချက်ကိုလည်း တွေ့ရပါ သည်။ မိမိ၏ ကုသိုလ်ကောင်းမှု အကျိုးအဖြစ် သဗ္ဗညုတဘုရားဆုကို တောင်းသည့် ဆုတောင်း စကားက ပုဂံသားတို့၏ တရားသဘောသက်ဝင် မှု အဆင့်အတန်းကို ဖော်ပြနေပါ သည်။ ထို့ပြင် ကျွန်များကိုနှိပ်စက်သူ သည် အရိမေတ္တ ယျဘုရားရှင်ကို မဖူးရပါစေနှင့်ဟူ၍ ကျိန်ဆိုခြင်းက နောင်ပွင့်မည့် ဘုရားရှင်ကို မဖူး မြင် ရဘဲ သံသရာတွင် တဝဲလည်လည် ဖြစ်ရမည်ကို မည်မျှစိုးရွံ့ထိတ်လန့် ကြကြောင်းလည်း သွယ်ဝိုက်ဖော်ပြ လျက် ရှိပါသည်။ ကျန်စစ်သားမင်း၏ နန်းတက်နှစ်ကို သာသနာသက္ကရာဇ် ဖြင့် မှတ်သားနိုင်သည့်အဆင့်အထိ ပိဋကတ်စာပေလေ့လာမှု အဆင့် အတန်း မြင့်မားနေပြီဖြစ်ကြောင်းလည်း အကဲခတ်နိုင်ပါသည်။

သံဃာနှင့်ပတ်သက်၍ ခင်း ကျင်းဖော်ပြထားသော အချက်မှာ ကျန်စစ်သားမင်းကြီး၏ နန်းတော်သို့ မဟာထေရ်အမှူးပြု၍ မောဂ္ဂလိ ပုတ္တတိဿထေရ်၊ သုမေဓပဏ္ဍိ တထေရ်၊ ဗြဟ္မပါလထေရ်၊ ဗြဟ္မ ဒေဝထေရ်၊ သောနထေရ်၊ သင်္ဃ သနဝရပဏ္ဍိတထေရ်တို့ ကြွရောက် ပြီး ထိုသံဃာတော်တို့၏ ရှေ့မှောက် တွင် မင်းကြီး ရေစက်သွန်းချကြောင်း မှတ်တမ်းတင်ချက်ဖြစ်သည်။ ထို သံဃာတော်အားလုံးကို သင်ဂြီ (သင်ကြီး) ဟူသော စကားဖြင့် ဝိသေသပြုထားသည်။ သင်ကြီးဟူ သည် သံဃာတော် အကြီးအကဲ၊ ထေရ်ကြီးဝါကြီးဟု ဆိုလိုခြင်းဖြစ် သည်။ ရာဇကုမာရ် ကျောက်စာ နောက် ရေးထိုးသော ကျောက်စာများ တွင်လည်း အလှူရှင်များက ဘုရား တည်သည့် အကြောင်း၊ သံဃာတော် များအတွက် ကျောင်းဆောက်လုပ် လှူဒါန်းသည့်အကြောင်း၊ ကျွန်များ၊လယ်များလှူသည့်အကြောင်းတို့ကို မှတ်တမ်းတင်ထား ရာ သာသနာစည် ပင်ထွန်းကားသော အရိမဒ္ဒနပူရ ပုဂံ ပြည်တွင် ဘုရားပုထိုးများနှင့်အတူ သံဃာတော်များ သီတင်းသုံးရာ ကျောင်းတော် ကြီးများ ဆောက်လုပ် ထားပြီး သီတင်းသုံးသော သံဃာ တော်များစည်စည်ကားကား ရှိနေ ပုံကို မြင်အောင် မှန်းဆကြည့်နိုင် ပါသည်။

   အစောဆုံးမြန်မာစာဖြစ်သော ရာဇကုမာရ်ကျောက်စာတွင် ဗုဒ္ဓ သာသနာ စည်ပင်ထွန်းကားမှုကို ထင်ဟပ်ပြနေသော ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါး၏ အခင်းအကျင်းကို ထင်ရှားတင့်တယ် စွာ တွေ့မြင်ရပါသည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here