သမိုင်းကြွေးကို ကျေအောင်ဆပ်သွား မယ့် ဆရာမ ဒေါ်ဒေဝီသန့်စင်

0
279

day-wi-copy

မြန်မာဘုရင် နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းတရားကြီး ပါတော်မူခဲ့သည်မှာ နှစ်ပေါင်း ၁၃၁ နှစ်တိုင်ခဲ့ပါပြီ။ ပါတော်မူနေ့နဲ့အတူ နတ်ရွာစံ ကံတော်ကုန်ခဲ့သည်မှာလည်း ဒီဇင်ဘာလဆိုရင် နှစ် တစ်ရာပြည့်မြောက်ခဲ့ပါပြီ။ နိုဝင်ဘာလ ၂၂ ရက်နေ့က သီပေါမင်းနဲ့ စုဖုရား လတ်တို့ရဲ့ ဆွေတော်မျိုးတော်များက ၁၃၁ နှစ်ပြည့် ပါတော်မူနေ့နဲ့ သီပေါမင်းတရားကြီး နတ်ရွာစံ သက်ရာပြည့်အကြို အလှူတော် ကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ယခင်ခေတ် အဆက်ဆက်ကလည်း အခွင့်သင့်ရင်သင့်သလို စဉ်ဆက် မပြတ် ပြုလုပ်ခဲ့ကြတယ်လို့ သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဒေါ်ဒေဝီ သန့်စင်က ပြေပါတယ်။

ဘုရင့်မျိုးဆက် ဆွေတော်မျိုးတော်တွေအနေနဲ့ သမိုင်းနဲ့မွေး ဖွားလာခဲ့ကြပြီး ချီးမွမ်းမှု တွေရှိသလို ကဲ့ရဲ့ရှုတ်ချခြင်းများကိုလည်း ခံရဖူးတဲ့အကြောင်းကို ဒေါ်ဒေဝီသန့်စင်က အခုလို ပြောပြလာတာက..

“သမိုင်းနဲ့ မွေးဖွားလာတဲ့သူတွေက ချီးမွမ်းခံရသလို ရှုတ်ချခြင်း၊ အပြစ်တင်ခြင်းလည်း ခံရပါတယ်။ ကိုယ့်ဘုရင်ကို နှမြောတသရှိတဲ့ သူ တွေရှိသလိုပဲ ‘ဘုရင်နဲ့ မိဖုရား အသုံးမကျလို့ တိုင်းပြည်ကျွန်ဖြစ်တယ်’ ဆိုပြီးတော့လည်း ဒီကနေ့အထိ ဒေါ်လေးတို့ကို ဖေ့စ်ဘုတ်တွေ    ပေါ်မှာ အပြောခံ၊ အရေးခံနေရပါတယ်။ ဒါပေမဲ့ ဒေါ်လေးတို့ စိတ်မဆိုးပါဘူး။ ရေးတဲ့သူတွေဟာ ဒေါ်လေးတို့ မြင်လည်းမမြင်ရဘူး။ လူငယ်တွေ ဖြစ်မယ်ဆိုရင် သမိုင်းအမှန်ကို သိချင်မှလည်း သိမယ်။ အဲဒီအချိန် တုန်းက ဘာပဲပြောပြော တစ်ကမ္ဘာလုံးမှာ ကိုလိုနီနယ် ချဲ့ခံနေရတဲ့ ခေတ်ပါ။ ပြင်သစ်လက်အောက် ကိုလိုနီဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ရင် အင်္ဂလိပ်လက်အောက် ကိုလိုနီဖြစ်မယ့် အချိန်ပဲ” လို့ ကဲ့ရဲ့ပြစ်တင် ဝေဖန်ခံရမှုအကြောင်း ကို ဒေါ်ဒေဝီသန့်စင်က ပြန်လည်ပြောပြခဲ့ပါ တယ်။

လက်ရှိအချိန်မှာတော့ သူကျွမ်းကျင်တဲ့ ရုက္ခဗေဒပညာရပ်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်   ဆောင်နေတဲ့ ဒေါ်ဒေဝီသန့်စင်က ဘိုးတော်၊ ဘွားတော်တို့ရဲ့ တိုင်းပြည် အပေါ် တာဝန်မကျေပွန်နိုင်ခဲ့မှုကို သူ့အနေနဲ့ သမိုင်း ကြွေး ကို ကျေ အောင်ဆပ်သွားမယ့်အကြောင်း ကို လည်း “အဲဒီအချိန်က ဘုရင်နဲ့ မိဖုရားရဲ့ သက်တော် ကလည်း ၁၆ နှစ်၊ ၁၇ နှစ် အရွယ် ဆိုတော့ အင်မတန် ငယ်ပါသေးတယ်။ နန်းသက်ကလည်း ၇ နှစ်ဆို        တော့ နုနယ်သေးတော့ တိုင်းကျိုးပြည်ကျိုးကို စွမ်းစွမ်းတမံ မလုပ်ပေးနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီ အနွှယ်တော်ဖြစ်ရတဲ့အတွက် အခုလို အကောင်း အဆိုးတွဲပြီးတော့ ဒေါ်လေးတို့အပေါ် မြင်တာကို ခွင့်လွှတ်ပါတယ်။ ဒါကိုလည်း သမိုင်းကြွေးကို ကျေ အောင် ဒေါ်လေးအနေနဲ့ ဆပ်သွားမှာပါ” လို့ ဒေါ် ဒေဝီသန့်စင်က ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here