၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ၈ရက်နေ့မှာ ကျင်းပသွားမယ့် ရိုးမမာရသွန်ပြိုင်ပွဲမှာ အဆိုတော်အမွန်းက ပရဟိတသံတမန်အဖြစ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။” ၂ဝ၁၇ခုနှစ်မှာတော့ အမွန်းတတိယနှစ်ဖြစ်သွားပါပြီ။ အမွန်းရိုးမမာရသွန်ရဲ့ ပရဟိတသံတမန်အဖြစ်အမွန်းလုပ်ခဲ့တာ။ တတိယမြောက်နှစ်အနေနဲ့လည်း အမွန်းဆက်ပြီး လုပ်သွားဦးမှာပါ။ ဇန်နဝါရီလ ၈ရက် နေ့မှာ ကျင်းပမယ့်ရိုးမမာရသွန်မှာလည်း အမွန်း ပရဟိတသံတမန်အနေနဲ့ဖျော်ဖြေသွားဖို့ ရှိတယ်။ အဲဒါနဲ့ပတ်သက်တဲ့ ပရဟိတတွေ မှာလည်းအမွန်းပါဝင်သွားဖို့ရှိတယ်” လို့ အမွန်းက ပြောပါတယ်။ လတ်တ လောမှာတော့ အမွန်းက သူမရဲ့သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ I’m Sorry သီချင်း အမ်တီဗီကို အွန်လိုင်းက နေဖြန့်ထားတာလည်း တွေ့ ရပါတယ်။၂ဝ၁၆ခုနှစ်ကလည်း မကြာမီပြီးဆုံးတော့မှာဆိုတော့ နှစ်တစ်နှစ် လုံးကိုပြန်လည်သုံးသပ်လိုက်ရင် အမွန်းအတွက် ဘာတွေကျန်ခဲ့လဲလို့ မေးတဲ့အခါ..
” အမွန်းရဲ့ စိတ်ထဲမှာ ၂ဝ၁၆ခုနှစ်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။ ပြန်တွေးကြည့်လိုက် ရင်တော့ ရုပ်ရှင်ကားကြီး တစ်ကားအမွန်းရိုက်နိုင်ခဲ့တယ်။ အခု Edit ဆက်နေပြီ။ ပွဲတော်တော်များများလည်း အမွန်းဆိုခဲ့သလိုမျိုး ပရိသတ် တော်တော်များများနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ ပြီးတော့ အမွန်းလိုချင်တဲ့ Recording ကိုလုပ်နိုင်ခဲ့ တဲ့အပေါ်မှာအခုဆို သီချင်းအသစ်တွေ ထွက်လာနိုင် တော့မယ်။ အဲဒါကြောင့် အမွန်းပြန် ကြည့်ရင် ကျေနပ်ပါတယ်။ ဒါပေမဲ့၂ဝ၁၆ ခုနှစ်ဟာ အချိန်ကုန်တာတအားမြန် တယ်လို့ အမွန်းခံစားလိုက်ရတယ်။ ရှေ့ဆက်ပြီး တွေးမိတာက အချိန်ကုန်တာတအားမြန်တဲ့အတွက် လုပ်စရာရှိတာအမြန် လုပ်ရမှာပါလားဆိုတဲ့ အသိတရားလေးလည်း ရပါတယ်” လို့ အမွန်းက ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း