သမီးဖြစ်သူရဲ့ စီးရီးသစ်အပေါ် ဖခင်ဖိုးကာရဲ့ သုံးသပ်ချက်

0
226

phoe-kar

အဆိုတော် ဖိုးကာရဲ့သမီးလေး ဖူးဖူးသစ်က Logo ဆိုတဲ့ ခေါင်းစဉ် နဲ့ ပထမဆုံးတစ်ကိုယ်တော်စီးရီးသစ်ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီစီးရီးမှာတော့ ဖိုးကာကလည်း သီချင်း ၆ ပုဒ်ရေးသားပေးထားပြီး သူကိုယ်တိုင်ပဲသေချာ ကြပ်မတ်ပံ့ပိုးပေးခဲ့ ကြောင်းလည်း သိရပါတယ်။ တစ်ကိုယ်တော်စီးရီးလည်း ထွက်လာနိုင်ပြီဖြစ်တဲ့ သမီးဖြစ်သူအပေါ် ဖိုးကာအနေနဲ့ကျေနပ်အားရမှုအနေအထားက ဘယ်လိုရှိနေလဲဆိုတာ ကိုဖိုးကာက…

” ကျွန်တော့်စိတ်နဲ့ဆိုရင်တော့ တအားကြီး စိတ်တိုင်းကျလှတယ် တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း သူတို့ အရွယ်၊ သူတို့အနေအထားနဲ့ ဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။ သူက ခု ၁၈ နှစ်ရှိပြီ အရင်ကတည်းက စီစဉ်ထားပေမယ့် ငယ်လည်း ငယ်သေးတာကြောင့် အသံသိပ်မမှန်သေးတာရယ်၊ ကျောင်းတစ်ဖက်လည်း ရှိတော့ အဲ့ဒီကာလလေးတစ်ခုကို စောင့်ရတယ်။ ဒါကြောင့် ခုမှထွက်ဖြစ်သွားတာပါ” လို့ ပြောတဲ့ ဖိုးကာက သီချင်း ၈ ပုဒ်ပါတဲ့ သမီး ဖြစ်သူရဲ့စီးရီးမှာ ၆ ပုဒ်ရေး ပေးထားပါတယ်။ ဒီအကြောင်းကိုလည်း ဖိုးကာက..

” သမီးရဲ့ လိုင်းလေးတစ်ခုကို သတ်သတ်မှတ်မှတ်ဖော်ပြချင်တဲ့အတွက် သီချင်း ၆ပုဒ်ရေးပေးထားတယ်။ သူကတော့ Cute ဖြစ်တဲ့ ပုံစံလေးတွေပိုဆိုတယ်။ လောလောဆယ်မှာတော့ သူလည်း ပွဲတွေဘာတွေ ဆိုနေရပါပြီ။ သူ့ကို ပွဲဆိုတဲ့ အခါပွဲတက်မယ့် ပါဖောမန့်စ်အတွက်လည်း စီစဉ်ပေးထားပါတယ်။ သူ့ရဲ့အမှတ်အသားလေးတစ်ခုနဲ့ သွားနိုင်အောင် စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။ ဖိုးကာက လက်ရှိအချိန်မှာတော့ သီချင်းရေးပေးစရာ ရှိတာတွေ အပြီးသတ်နေပြီး သူ့ရဲ့တစ်ကိုယ်တော် စီးရီးသစ်ဖြစ်တဲ့ ဖြန့်ခင်းစီးရီးကလည်း ထွက်ထားတာ မကြာသေးတဲ့အတွက် နောက်ထပ်စီးရီးသစ် အတွက်တော့ မစဉ်းစားရသေးဘူးလို့ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here