ဂုဏ်ရှိန်ဝင့်ထည် ရဲ့ ရည်းစားဟောင်းအတွက် ဒုတိယစီးရီး

0
254

dsc_0123-copy

   အဆိုတော် မော်ဒယ် ဂုဏ်ရှိန်ဝင့်ထည်ရဲ့ ဒုတိယမြောက် တေးစီးရီး ဖြစ်တဲ့ For My Ex  (ရည်းစားဟောင်းအတွက်) တေးစီးရီးဒီဗီဒီကို ဒီဇင်ဘာ လ ၁ ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒီစီးရီး ခွေမှာ သီချင်းစုစုပေါင်း ၈ ပုဒ်ပါဝင်မှာဖြစ်ပြီး ဆောင်းဦးလှိုင်၊ J-Fire၊ ဟဲလေး၊ မဟာသွေး၊ အလင်းပန်းချီ တို့က ရေးစပ်ပေး ထားကြောင်း သိရပါ တယ်။ ပထမစီးရီးထက် ဒုတိယစီးရီး ကို ပိုအားရကြောင်ြးေ ပာတဲ့ ဂုဏ်ရှိန် ဝင့်ထည်က..

“အစက ဒီစီးရီးခွေမှာ သီချင်း ငါးပုဒ်လောက်ပဲ ထည့်မယ်လို့ စိတ်ကူးထားတာ။ စထုတ်တုန်းက Mini Album လောက်ပဲ ရည်ရွယ် ထားတာ။ အခုကျတော့ သီချင်းလေးတွေ ကြိုက်တာလည်း တွေ့တော့ ၈ ပုဒ် လောက် စီစဉ်ဖြစ်သွားတယ်။ ပြီးတော့ ဒီစီးရီးခွေကို စင်ကာ ပူမှာ ရိုက်တာများတယ်။ ဂုဏ်ရှိန်အတွက် အရင်စီးရီးခွေက ပထမခြေလှမ်းဖြစ်တဲ့အတွက် ကိုယ် နားမလည်တာ လည်းရှိတော့ အမှား လည်း အများ ကြီးပါနိုင်တယ်။ ဒီစီးရီးခွေကို ပို အားရပါတယ်” လို့ ပြောပါတယ်။ Photo Model  ကစပြီး အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ဂုဏ်ရှိန်ဝင့်ထည်က အဆိုရော၊ သရုပ်ဆောင်ရော နှစ်ခုစလုံး ဝါသနာပါ တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ် ကြောင်း ပြောပါတယ်။

“အမှန်က ဂုဏ်ရှိန် သရုပ်ဆောင်ကို ဝါသနာပါ တယ်။ သီချင်း ဘက်ကစပြီး ဆိုဖြစ်သွားတော့ သီချင်း လုပ်ဖြစ်သွားတာ။ ဂုဏ်ရှိန် ဘက်က အဆိုရော၊ သရုပ် ဆောင်ရော အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။ ကိုယ် က  Photo Model  ကစပြီး ဝင်တာလည်းဖြစ်တော့ ပရိသတ်အတွက် ဂုဏ်ရှိန်ကိုအဆိုနဲ့ တအားမသိကြ ဘူး။ နောက်ပိုင်းမှာ နှစ်ခုစလုံး မျှလုပ်ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ- တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here