ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Mister Continental Tourism 2017 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်Mister ခွန်ဆိုင်း

0
246

kon-sai-copy

Mister Myanmar Beauty Paradise 2016  ခွန်ဆိုင်း က ဖေဖော်ဝါ ရီလ၊ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Mister Continental Tourism 2017  ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ Mister Myanmar Beauty Paradise 2016  ပြိုင်ပွဲမှာ ဆုကြီးရရှိခဲ့သလို ပြည်ပမှာသွားရောက် ယှဉ်ပြိုင် ရမယ့် ပြိုင်ပွဲမှာလည်း ဆုကြီး တစ်ခု ရရှိလာနိုင်ဖို့ ကြိုးစား သွားမှာဖြစ်ကြောင်းကို ခွန်ဆိုင်းက..

“ကျွန်တော် ဒီဆုရဖို့ကို မမျှော် မှန်းရဲပါ ဘူးခင်ဗျာ။ ပထမဆုံး စပြိုင် တဲ့ပွဲဖြစ်တဲ့အတွက် အများကြီး ကြိုးစားခဲ့ရတယ်။ ပြိုင်ပွဲမှာ ကျွန် တော် အကောင်းဆုံးယှဉ်ပြိုင်သွားမယ် ဆိုတဲ့ စိတ်နဲ့ပဲ ယှဉ်ပြိုင်ခဲ့တာပါ။ အခုတော့ ကျွန်တော့် ရဲ့ကြိုးစားမှုတွေ အကောင်အထည်ေ ပ်ါလာခဲ့ တာပါ။ အခုဆို ဒီဆုရတဲ့အတွက် ကျွန်တော် မြန်မာနိုင်ငံကိုယ်စားပြုMister  တစ်ယောက် အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ သွား   ရောက်ယှဉ်ပြိုင်ရတော့မယ်။ ဒီပွဲမှာ ကြိုးစားခဲ့တာထက်ကို ပိုကြိုးစားသွားမယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ Talent ပိုင်း၊ Body ပိုင်း၊Language    ပိုင်း စတာတွေကို စေ့စေ့ စပ်စပ် လေ့လာ သွားမယ်။ နောက်ပြီး ကျွန်တော် တို့ နိုင်ငံ ရဲ့ ယဉ် ကျေးမှု၊ ရိုးရာဓလေ့၊ ကျွန်တော် တို့ရဲ့ ဘာသာ၊ ကျွန်တော် တို့နိုင်ငံရဲ့ သာယာလှပမှုတွေကို ကမ္ဘာ့အလယ်မှာ ချပြပေးသွား မယ်။ ပြီးတော့ ပြိုင်ပွဲမှာ လည်း အ ကောင်းဆုံး ဆုကြီး တစ်ခုရ အောင် လည်း ကြိုးစားသွားမှာပါ။ ဆုရဖို့လည်း မျှော်လင့်မိပါတယ်” လို့ ရှေ့ဆက် ပြိုင် ရမယ့် ပြည်ပပြိုင်ပွဲအ ပေါ် မျှော်လင့် ချက်ကို ပြောပြခဲ့ပါတယ်။ အနုပညာ အလုပ်များကိုလည်း အခွင့်အရေးရရင် ရသလိုလုပ်ကိုင်သွားမှာဖြစ်ကြောင်း ခွန်ဆိုင်းက ပြော ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here