အလှမယ် မေနန္ဒာကျော်ရဲ့ စားချင်စဖွယ် ဟင်းအမယ်

0
247

dsc_6591-copy

ဒီတစ်ပတ် ပေါ်ပြူလာရဲ့ စားမြိန်ဖွယ်ရာ အစားအစာကဏ္ဍမှာ အလှမယ် မေနန္ဒာကျော် ကိုယ်တိုင်ချက်ပြုတ်တဲ့ စိတ်ကြိုက်အစားအစာ ဟင်းလျာများ အကြောင်းနဲ့ နေ့စဉ် မိသားစု ထမင်းဝိုင်းလေး လက်ဆုံ စားသုံးရာမှာ အမြဲချက်ပြုတ်စားသုံးလေ့ရှိတဲ့ အစားအစာဟင်းလျာေ တွ အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

dsc_6594-copy

အသားဟင်း၊ အသီးရွက်ကြော်၊ အရည်သောက်
ဟင်းသုံးပွဲ နေ့တိုင်းအမြဲချက်တယ်…

ဒီနေ့တော့ ငါးတန်ဆီပြန်ဟင်း နဲ့ မုန်ညင်းထုပ်အရွက် ကြော်လေး ချက်ထားပါ တယ်။ အသီးအရွက်ကတော့ နေ့တိုင်း မပါ မဖြစ်တဲ့ ဟင်းတစ်ပွဲပါ။ အသီးအရွက်ကို စားပေးခြင်းကလည်း ဗီတာမင် ဓာတ်ကို ရရှိစေတယ်လေ။ အရွက်ကြော်တွေဆို ညီမတအားကြိုက်တယ်။ ညီမတို့ အိမ်မှာကနေ့တိုင်း အသား ဟင်း တစ်ပွဲ၊ အသီးရွက် ကြော် တစ်ပွဲ၊ အရည် သောက်ဟင်းတစ်ပွဲ၊ ငါးပိ ရည်၊ တို့စရာတို့ကို အမြဲချက် ပါတယ်။ ဒီလိုချက် ထားခြင်းက မိသားစုတွေ ထမင်း လက်စုံစားကြတဲ့အခါမှာ ထမင်း ပိုမြိန်စေပါတယ်။

dsc_6610-copy

နနွင်း၊ အရောင်ဆီ၊ မဆလာတို့ကို အိမ်မှာပဲ ကိုယ်တိုင်ကြိတ်ပြီး အသုံး ပြုတယ်…

ညီမတို့အိမ်မှာက ဆီဆိုရင် နေကြာဆီကိုပဲ သုံး ပါတယ်။ နေကြာ ဆီက ကျန်းမာရေးနဲ့လည်း ညီညွတ် ပါတယ်။ နနွင်းဆိုရင်လည်း အသင့် လုပ်ပြီးသားတွေကို ဝယ် မသုံးပါဘူး။ အပြင်က နနွင်းတောင့်ကိုဝယ်ပြီး အိမ်မှာပဲ ကြိတ်ပြီးသုံးပါတယ်။ မဆလာဆိုလည်း ဒီလိုပဲ။ အိမ်မှာ ဖော်စပ်ပြီးမှ သုံးပါတယ်။ အရောင် တင်ဆီဆိုလည်း အပြင်က ဝယ် သုံးရင် ဆိုးဆေးတွေပါ မှာကြောက် လို့ အိမ်မှာကြိတ်ပြီး သုံးပါတယ်။ ဒီလိုတွေ အသုံးပြုတဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်မှာ ကို မစိုးရိမ်ရဘူးပေါ့နော်။

dsc_6618-copy

မိသားစုစုံစုံလင်လင်နဲ့ စားရတဲ့ မိသားစု ထမင်းဝိုင်းလေးက ဘာနဲ့မှ မလဲနိုင်ပါ

ညီမတို့က အိမ်မှာပဲ မိသားစု စုံစုံလင်လင်နဲ့ ထမင်းလက်စုံစားရတာ များပါတယ်။ အပြင်မှာစားတဲ့ အခါက One Percentage လောက် ပဲရှိတယ်။ ဒါကလည်း အပြင်မှာ အလုပ်ကိစ္စလေးရှိတဲ့အခါ  တို့ကျမှပါ။ အိမ်မှာပဲ မိသားစုလိုက်ထမင်းလက်စုံစားကြတော့ မိသားစုအချင်း ချင်းလည်း ပိုပြီးစည်း လုံးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရင်းနှီးမှုလည်း ရှိတယ်။ ထမင်းစားရင်း မိသားစုကိစ္စတွေ တိုင်ပင်ဆွေးနွေးလို့ရတယ်။ အဖေ၊ အမေ၊ အစ်ကို၊ အစ်မတွေနဲ့အတူစားရတဲ့ မိသားစုထမင်းဝိုင်းလေးက ဘာနဲ့မှမလဲနိုင်တဲ့ အရာတစ်ခု ပါ။

dsc_6630-copy

အကြိုက်ဆုံးအစားအစာနဲ့ အမြဲတမ်းလုပ်စားဖြစ်တဲ့ အစားအစာ

ညီမက ကြက်ခြောက်စပ်ကို တအားကြိုက်တယ်။ အစပ်ပါတဲ့ ဟင်းဆို ပိုစားဖြစ်တယ်။ အချိုပါတဲ့ ဟင်းတွေကိုတော့ တအားမစားဖြစ် ဘူး။ မေမေ ချက်ကျွေးတဲ့ ဟင်းတိုင်းကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမ အကြိုက်ဆုံးကို ပြောပါဆိုရင် ကြက်ခြောက်စပ်ကို အကြိုက်ဆုံး ပါပဲ။ အိမ်မှာ မကြာခဏ ဆိုသလို လုပ်စားဖြစ်တယ်။ တစ်ခါတလေ ငြီးငွေ့သွားရင် ဆူရှီတို့၊ အာလူး ချောင်းကြော်တို့ကို လုပ်စားဖြစ် တယ်။ အာလူးချောင်းကြော်ဆိုရင် ညီမပဲ အမြဲလုပ်ပေးဖြစ် တယ်။ ညီမက ဟင်းချက် တာကို ဝါသနာပါသလို မုန့်တွေကိုလည်း လုပ်စား ရတာ ဝါသနာပါပါတယ်။

dsc_6625-copy

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here