IC နဲ့ အတူ နှစ်သစ်ကူးပွဲကို စီစဉ်တဲ့ Nine Planet ကိုထိ တွေ့ ခြင်း
0
184
ic-copy
အဆိုတော်လေးဖြူနှင့်အတူ တွေ့ရသော Nine Planet မှ ကိုသက်ဖုန်းနိုင်
“အရင်ကဆို လူငယ်တွေ အနေ နဲ့ စွန့်ဦးတီထွင်တဲ့နေရာမှာကအစ ကန့်သတ်ချက်တွေများလွန်းတဲ့ အတွက် ထင်သလောက်မထိုးေ ဖာက်  နိုင်ခဲ့ပါဘူး။ လုပ်ရကိုင်ရထိုး ဖောက် ရတာလည်း အများကြီး အခက်အခဲ တွေ ကြုံတွေ့ပြီး လက်လျှော့လိုက်ရ သူတွေလည်း ဒုနဲ့ဒေးပါ။ ပြောင်း လဲလာတဲ့ ဒီဘက်ခေတ်မှာတော့ အရင်ကထက်ပိုပြီး ကိုယ်ပိုင် လွတ် လပ်တဲ့ အသိုင်းအဝိုင်း အခွင့်အရေး တွေ ရှိလာပြီဖြစ်တဲ့အတွက် ဒီလိုမျိုး လူငယ်တွေ ဦးဆောင်တဲ့  festival ကို စတင်ဖို့ဖြစ်လာပါတယ်” လို့ ဟစ်ကြွေးရင်း  The Public Festival ဆိုတဲ့ ပွဲတော်တစ်ခုကို Nine Planet Entertainment က စီစဉ်တော့မှာ ဖြစ်ပါတယ်။Nine Planet Enter tainment ကို 9 P လို့လည်း အတို ကောက်ခေါ်ကြပြီး ဂီတလောကမှာ Rock Series  များ၊Concert  များနဲ့ ၁၃နှစ်တာ ကာလတိုင်ရပ် တည်လာ တဲ့အဖွဲ့တစ်ခုလည်း   ဖြစ်ပါတယ်။ သူတို့က ၂ဝ၁၆ နှစ်သစ်ကူးညမှာ မြန်မာပြည်ရဲ့နာမည်ကျော်  IC တီး ဝိုင်းရဲ့အခမဲ့ဖျော်ဖြေပွဲနဲ့အတူ အခြား အဖွဲ့တွေ ရဲ့ ဖျော်ဖြေမှုများ၊ ဈေး ရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများနဲ့ နှစ်သစ်ကူးပွဲတော်ကို ပြည်သူ့ရင် ပြင်မှာ အခမဲ့ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲနဲ့ပတ်သက်ပြီး Nine Planet Entertainment က ဦးဆောင်သူ ဖြစ်တဲ့ ကိုသက်ဖုန်းနိုင်နဲ့ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။
မေး-The Public Festival  ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၂ ရက်ဆက် တိုက်ပွဲကြီးကို နှစ်သစ်ကူးအထိမ်း အမှတ်ပြုလုပ်ဖြစ် ခဲ့တဲ့ အကြောင်းက စပြောပေးပါ။
ဖြေ- ကျွန်တော်တို့ Nine Planet  ၁၃နှစ်ပြည့်အနေနဲ့ ပွဲကိုလုပ်ဖို့ချိန် ထားတာ။ ၃ ရက်ဆက်တိုက်လုပ်မယ် ပေါ့။ မြန်မာပြည် ရဲ့Rock    လောက က ခုဒီဘက်ပိုင်းမှာ တော်တော် လေးကို မြိုင်ဆိုင်လာတယ်။ တအား အားရဖို့ကောင်းတယ်။ ဒီတော့Rock Festivalကြီး လုပ်မယ်ပေါ့။အဲ့ဒါကို ၃ရက်ဆက်တိုက်လုပ်ဖို့ ညှိရင်းနဲ့ တဖြည်းဖြည်း နှစ်သစ်ကူး နီးလာတော့ အခု New Year ကို ရောက်လာတယ်။ တခြားနိုင်ငံတွေ မှာလည်း ပွဲတော်တွေ အသီးသီးရှိ တယ်။ အဲ့ဒီလို ပွဲတော်မျိုးလုပ်ဖို့ စဉ်းစားတော့ ရက်လေးကလည်း အဲ့ဒီ၂ရက် က သောကြာ၊ စနေဖြစ် တယ်။ အဲ့ဒါနဲ့ လုပ်ဖြစ်သွားတာပါ။နောက်တစ်ခု ကဘာလဲဆိုတော့ ခု နှစ်ပိုင်းထဲ မြန်မာပြည်မှာ EDM ပွဲတွေ တအားများလာတယ်။လုပ်တဲ့ အပိုင်းကလည်း သူ့ရည်ရွယ်ချက် သူ့အကြိုက်နဲ့သူပေါ့။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ပြည်တွင်း အနုပညာရှင်တွေ ပွဲတွေထက် ဒီပွဲ တွေသွားဖို့ပဲ အားလုံးက စိုင်းပြင်း နေကြတယ်။ နောက်တစ်နှစ်သာ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆို မလွယ်ဘူး။ နိုင်ငံခြားငွေလည်း တအားထွက်တယ်လေ။ သူတို့က ပြည်တွင်းကလူတွေမဟုတ်တဲ့ အတွက် ဒီမှာ ဘယ်လိုရှုံးရှုံးမြတ်မြတ် သူတို့ရပိုင်ခွင့် အကုန်ယူမှာပဲ။ထားပါတော့။ နောက်တစ်နှစ်လည်း ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ပြည် တွင်းအနုပညာရှင်တွေအတွက် လည်း ထိခိုက်နိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့၉ ဏအနေနဲ့ အရင်က ဆျွိုသခု ပွဲတွေပဲ လုပ်တာ။ အခုပွဲမှာ တော့ စတိတ်သုံးခုထား မယ်။ ဂီတ အမျိုးအစား အားလုံးနီးပါးနဲ့ ပူးပေါင်းတယ်။ အရင်ကဆို ကျွန် တော်တို့က တအားအစွန်းရောက် တယ်။ ငယ်တုန်းကသာ မသိတာ။ ကြီးလာတော့ တဖြည်းဖြည်းသိ လာတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဂီတအမျိုးအစား အစုံပါမယ်။
မေး- ဒီပွဲမှာ IC  က နှစ်သစ်ကူးည မှာ အခမဲ့ဖျော်ဖြေမယ်ပေါ့။ အဲ့ဒီ အကြောင်းလေး ပြည့်ပြည့်စုံစုံပြော ပြပါဦး။ ဒီလို အခမဲ့ပွဲအနေနဲ့ ပြု လုပ်မယ့်အခါ ကြုံတွေ့ရတဲ့ အခက် အခဲတွေကကော ဘာတွေလဲ။
မေး- 9 P  အနေနဲ့ အရင်ကMusic Concert တွေပဲ လုပ်ဖြစ်နေရာက ခုလို ပွဲတော်တစ်ခု လုပ်ဖြစ်ခဲ့တာက ကော ဘာကြောင့်လဲ။
ဖြေ-ဒီမှာ လာမယ့် လူတွေအားလုံး အတွက် တစ်နေရာမဟုတ် တစ်နေ ရာ စိတ်ဝင်စားစရာ ရှိနေရမယ်။ကျွန် တော်တို့လုပ်နေကျ Music Concert  မှာက တခြားလုပ်စရာတွေ ရှိပေမယ့် လုပ်လို့ မရသေးဘူး။ ပြန်စဉ်းစား လိုက်တော့ ကျွန်တော်တို့ဟာ Concert ဘက်ကိုပဲ သွားနေတဲ့ အတွက် လူတွေရဲ့ စိတ်ဝင်စားမှုဟာ အကန့်အသတ်တစ်ခုပဲ ရှိတယ်။ ဒါကြောင့်Festival ဘက်ကို သွားမယ်ဆိုရင် ပုံမှန် အားပေးနေကျ ပရိသတ်တွေ၊ အလည်လာသူတွေ ပိုများလာမယ်။ အဲ့ဒီအခါ အခွင့် အလမ်းတွေပိုများလာမယ်။ ဒီကနေ မှ လက်မှတ်ကြေး ဆိုတဲ့အပေါ် မမူတည်တော့ဘူး။ ပွဲစည်ဖို့ကိုပဲ ဦးစားပေးပြီးလုပ်တဲ့အခါကျရင် Underground  တွေလည်း တင်နိုင် မယ်။ Local  က Talent ရှိသူတွေ လည်းတင်နိုင်မယ်။သူတို့ ကို ပိုက်ဆံ ပေးပြီး လာကြည့်မယ့်သူမရှိတာနဲ့ သူတို့က စင်ပေါ်မတက်ရဘူးလား။ ဒါကြောင့် အကျိုးအမြတ် ဆိုတာထက် အရှုံးခံပြီးတော့ကို ဒါကို စီစဉ်တာပါ။အဲ့ဒါကိုမှ မြင်နေကျပုံစံမဟုတ်တဲ့ ပုံစံနဲ့ သွားပါမယ်။ ဒီပွဲမှာFashion Fair  တွေလည်းပါမယ်။င်္Food Court  တွေပါမယ်။အစားအသောက် တွေက အစ အရင်ရှိုးပွဲတွေမှာ ရောင်းနေကျ ပုံစံမဟုတ်ဘဲ လတ် လတ်ဆတ်ဆတ် နဲ့စားလို့ရမယ့်အစားအစာတွေလည်း စီစဉ်ထားတယ်။
မေး- ဒါက ဝင်ကြေးအခမဲ့နဲ့ ဖြစ်သလိုIron Cross ပွဲတွေကလည်း လက် မှတ်ပွဲမှာတောင် ကွင်းပြည့်ကွင်း လျှံဆိုတော့ခုပွဲက ပရိသတ် အင် အားအများဆုံး ဖြစ်လာမယ်ထင်ပါ တယ်။ အဲ့ဒီအပေါ်မှာလုံခြုံရေးပိုင်း ကိုကော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ-ကိုလေး လိုချင်တာအဲ့ဒါပဲ။ ကို လေးက ပရိသတ်ကို အဲ့ဒီလိုပေးချင် တာ။ ဒါပေမဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကတော့ ကျွန်တော်တို့ 9 P အနေနဲ့ သေချာစီစဉ်ထားရမှာပါ။ လာကြမယ့် ပရိသတ်ကို အာမခံနိုင်တာက ဒီပွဲဟာ မြင်နေကျပုံစံနဲ့ လုံးဝမတူဘူးဆိုတာ ပါပဲ။
မေး- ဒီပွဲဟာ အစ်ကိုတို့ကြော်ငြာ ထားတဲ့အတိုင်း  ပြည်သူ့အတွက် ပြည်သူ့ရင်ပြင်မှာလုပ်မယ့် ပြည်သူ့ ပွဲတော်ပေါ့။ ဒီပွဲကနေ 9 P က မျှော်လင့်တဲ့အကျိုးအမြတ်က ဘာလဲ။
ဖြေ- တန်ရာတန်ရာရမှာပေါ့ဗျာ။   ကိုယ်ဘယ်လောက်အားစိုက်ထားလဲဆိုတဲ့အပေါ်မှာ တုံ့ ပြန်မှုပြန်လာမှာ ပဲ။ တအားလည်း မမျှော် လင့်သလို ဒီအပေါ်မှာ Serious မဖြစ်ဘူး။ဘာပဲခေါင်းထဲထည့်လဲဆိုရင် ဒီပွဲကြီး ကို အကောင်းဆုံးဖြစ်အောင် လုပ် ဖို့ပဲ စဉ်းစားတယ်။
ဒီပေါ်မှာ အကျိုး အမြတ်က အခုအကျိုးပေးချင်ပေး မယ်။ နောင်အကျိုးပေးချင်ပေးမယ်။ ဒါကိုကြည့်ပြီး လုပ်နေမယ်ဆိုရင် တော့ ဘာအလုပ် မှလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။
ရဲရဲ
LEAVE A REPLY
Please enter your comment!
Please enter your name here