စင်ကာပူမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် အလှမယ် ဆိုင်းနူးအောင် ဘာတွေပြင်ဆင်သွားမလဲ

0
192

sai-nu-aung

Miss Myanmar Beauty Paradise 2016 အလှမယ် ဆိုင်းနူးအောင်က စင်ကာပူနိုင်ငံမှာ ဇန်နဝါရီလမှာကျင်းပမယ့် Miss Metropolitan Globe 2017 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး Miss Myanmar Beauty Paradise 2016 အလှမယ် ဆိုင်းနူးအောင်က

” အခု မြန်မာနိုင်ငံမှာကျင်းပတဲ့ ပြိုင်ပွဲမှာလည်း ညီမကိုယ်ညီမ Perfect ဖြစ်တယ်လို့ မထင်ဘူး။ အဲဒီလို မထင်တဲ့ကြားက ကိုယ့်မှာလိုအပ်ချက်တွေရှိနေတဲ့ကြားက ပြိုင်ပွဲမှာ Winner ဆုရတော့ အံ့သြမိတယ်။ ညီမကို ယုံကြည်စွာနဲ့ ဒီဆုကို ပေးအပ်ခဲ့တဲ့အတွက်လည်း အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ ဒီအတွက် ညီမရှေ့ဆက်ပြိုင်ရမယ့် နိုင်ငံခြားပြိုင်ပွဲအတွက်ကိုလည်း ကြိုးစားသွားမယ်။ ပြိုင်ပွဲကလည်း ၁ လပိုင်းဆိုတော့ အချိန်ကလည်း တအားကြီး နီးကပ်နေပါပြီ။ အချိန် သိပ်မရှိ တော့တဲ့အတွက်ကြောင့်ကိုလည်း ပြိုင်ပွဲအတွက် စိုးရိမ်ပူပန်ရပါတယ်။ ဒါပေမဲ့လည်း လူဆိုတာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ညီမ ဒီရက်ကလေးအတွင်းမှာကိုပဲ အသည်း အသန် ကြိုးစားသွားမယ်။ ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်ပြီး သွားပြိုင်ရမယ့် Miss တစ်ယောက်ဖြစ် တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်သွားရပါမယ်။ ပထမဦးဆုံးသွားပြိုင်ရတဲ့ နိုင်ငံခြားပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိလာဖို့ မျှော်လင့်မိပါတယ်” လို့ ပြောပြခဲ့ပါတယ်။ miss တစ်ယောက် အနေနဲ့ ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်သွားမှာဖြစ်ကြောင်းကိုလည်း ဆိုင်းနူးအောင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here