ဘဝ၏ ဖြစ်ရပ်မှန်

0
298

မိမိ၏ဘဝသည် အမြဲအနုတ်လက္ခဏာပြနေ၏။
တစ်ရက်ကုန်သွားခြင်းသည် မိမိဘဝနေခွင့်၊ အသက်ရှင်ခွင့် တစ်ရက် နုတ်ယူသွားခြင်းဖြစ်၏။
တစ်လကုန်သွားခြင်းသည် မိမိဘဝနေခွင့်၊ အသက်ရှင်ခွင့် တစ်လနုတ်ယူခံလိုက်ရခြင်းဖြစ်၏။
တစ်နှစ်ကုန်သွားခြင်းသည် မိမိအသက်ရှင်ခွင့် တစ်နှစ် ဆုံးရှုံးသွားခြင်းဖြစ်၏။
နွားကျောင်းသားသည် နှင်တံတစ်ချောင်းဖြင့် နွားများကို မြက်စားကျက်ရှိရာသို့မောင်းနှင်နေသကဲ့သို့ ထို့အတူသေမင်းက ဇရာနှင် တံကိုကိုင်၍ သတ္တဝါကို သုသာန်ရှိရာသို့ တစ်နေ့ တစ်နေ့ တရွေ့ရွေ့မောင်းနှင်နေလေသည်။

အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော်


LEAVE A REPLY

Please enter your comment!
Please enter your name here