Rဇာနည် ရဲ့ တောင်ကြီးတစ်ကိုယ်တော်ဖျော်ဖြေပွဲ ဘာ ထူး ခြား မ လဲ

0
338

 r-zar-ni-1-copy

Rဇာနည် က ရန်ကုန်နဲ့  မန္တလေးမြို့တို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို The Trees  တီးဝိုင်းနဲ့အတူ အောင်မြင်စွာပြုလုပ်ခဲ့ပြီးေ နာက် တောင်ကြီးမြို့မှာလည်း ဆက်လက်ပြုလုပ်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

“ဘယ်တော့ လုပ်ဖြစ်မယ်၊ ဘယ်လိုပုံစံ လေးနဲ့သွားမယ် ဆိုတာတော့ ကျွန်တော်တို့ အားလုံး တိုင်ပင်ပြီးတဲ့ အခါမှပဲ အသေးစိတ် သိရမယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာဖြစ်မှာ ပါ” လို့ ပြောတဲ့ R ဇာနည်ရဲ့ ဒီနှစ် အတွင်း ပြုလုပ် ခဲ့တဲ့ တစ်ကိုယ်တော် ပွဲများမှာတော့ သူ့ရဲ့
ဖက်ရှင်ပိုင်းဆိုင်ရာကလည်း ပရိသတ် စိတ် ဝင်စားမှုရရှိခဲ့ပြီး ပြောင်းလဲလာတဲ့ ဖက်ရှင် ပုံစံနဲ့ ပတ်သက်လို့  Rဇာနည် ကို မေးကြည့် တဲ့အခါ..

“ဝမ်း နဲ့ တိုင်ပင်ပြီးလုပ် ဖြစ်တာပါ။ တစ်ခုခုပေါ့။ အပြောင်းအလဲလည်း ဖြစ်အောင်၊ ဒီတိုင်း မြင်နေကျပုံစံက ကြာရင် ရိုးတဲ့သူလည်း ရိုးမယ်။ မရိုး တဲ့သူလည်း မရိုးဘူးပေါ့။ ဒါပေမဲ့ တစ် ကိုယ်တော်ဖျော်ဖြေပွဲ လုပ်တဲ့အခါ အမြင်လည်းဆန်းအောင် အပြောင်း အလဲလုပ် ချင်တယ်။ ကိုယ်တိုင်လည်း ပရိသတ်ကို အမြင်ဆန်း စေချင်တယ်။  Rဇာနည် တစ်ကိုယ်တော်ပွဲ ဟိုအရင် ကလည်းဒီပုံစံပဲ၊ ခုလည်း ဒီပုံစံပဲဆိုရင် တော့ ဘာမှ မထူးဘူး။ နောက်လည်း ဒီပုံစံပဲ လာဦးမယ်ဆိုရင်တော့ ဘယ်သူ မှ ကြည့်တော့မှာ မဟုတ်ဘူး။ကျွန်တော်  တို့က အဆိုတော်ဖြစ်တဲ့အတွက် သီချင်း ပိုင်းကို ဦးစားပေးရတာပေါ့။သီချင်း ဆိုတဲ့နေရာတော့ အားအပြည့်စိုက် တယ်။ ဒါပေမဲ့ ဖက်ရှင် ပိုင်း ဆိုင်ရာကျ တော့လည်း နဂိုကတည်းက ဝတ်တာ စားတာ ဝါသနာပါတဲ့အတွက် ဖက် ရှင်ကိုလည်း ဂရုစိုက်ဖြစ်ပါတယ်” လို့  Rဇာနည် က ပြောပါတယ်။

Rဇာနည် က လတ်တလော မှာတော့ အတွဲစီးရီးများစွာမှာ ပါဝင်သီဆိုထားပြီး သူ့ရဲ့ စီးရီးသစ် ‘ကမ္ဘာသား’ ရဲ့MTV ရိုက်ကူးမှုကိုလည်း အပြီးသတ် ပြုလုပ်နေတယ်လို့လည်း သိရပါ တယ်။ R ဇာနည်နဲ့ ဝမ်း ဇနီးမောင်နှံ က ဆရာစံ လမ်းမှာ ဖွင့်လှစ်ထားတဲ့ သူတို့ရဲ့The Lace   ဇာဆိုင်ကိုလည်း ဒီဇင်ဘာလ ၉ ရက်နေ့မှစတင် ကာ  အနောက်ရွှေဂုံတိုင်လမ်းသို့ ပြောင်းရွှေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here