သင်သာဆို ဆင်ဆာကို ဘာပြောလိုလဲ

0
195

sensor-2

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က မြန်မာ့ ရုပ်ရှင်သမားတွေ မြန်မာ့ရုပ်ရှင် လုပ်ငန်းမှာ ဆင်ဆာ အဖွဲ့ နဲ့ တွေ့ဆုံမှု အမှတ်တရပုံ ပြန်ပေါ်လာခဲ့လို့ မနေ့က ၂ဝ၁၆ ဒီဇင်ဘာလ၉ရက်ဆင်ဆာ အရေးအစည်းအဝေးနဲ့တိုက်ဆိုင် နေမှုကိုသတိပြုမိရကာ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်လည် မျှဝေမိတယ်။ ၂နှစ်အကြာမှာ အခုလိုရုပ်ရှင်လောကသားတွေပြန်လည်စုရုံးကာ ဆင်ဆာအရေးဆွေးနွေးခဲ့ကြရာမှာတော့ “ဆင်ဆာအလိုမရှိ” ဆိုတဲ့ အဆိုအထိ ဆန္ဒရှိတာတွေရသလို အဲ့ဒီဆန္ဒကိုဖေ့စ်ဘုတ်မှတချို့အမြင်တွေက အပြာကားရိုက်ချင်လို့လားဆိုတဲ့ ယူဆဝေဖန်မှုရှိလာတဲ့အတွက် ဒီစာကိုရေးဖြစ်သွားပါတယ်။

ဒီနေရာမှာဆင်ဆာလို့ဆိုရင်ပဲ အပြာဆန်တဲ့ ဇာတ်ဝင် ခန်းဆို ဖြတ်သင့်ကြောင်း ယဉ်ကျေးမှုအရ မြင်ကြဆန္ဒပြုမှု တွေရှိကြတာ မြန်မာပြည်သူတွေရဲ့ မြန်မာ့ယဉ်ကျေးမှု တာလုံလိုပုံကိုဆင်ဆာအဖွဲ့ ကရော ရုပ်ရှင်သမားများကပါ သတိပြုမိနိုင်ကြမှာပါ။ ဒါဆို မြန်မာ ပြည်မှာ မြန်မာပြည် သူများ ကအပြာကားကို သွေထဲသားထဲကကို လုံးဝလုံးဝ လက်မခံလိုတာ သေချာတာကြောင့်မို့လို့ ” ပြည်သူတွေရှိနေမှဘယ်လာဆင်ဆာလိုအပ်နေတော့မှာလဲ” ရယ်လို့ပင် ကောက်ချက်ပြုချင်လာပါတယ်။ မြန်မာပြည်မှာ ဆင်ဆာ အဖွဲ့ရှိလို့ အပြာကားရှိမနေတာမဟုတ်။အပြာကားတွေ ရှိမနေ ခြင်းဟာ မြန်မာပြည်မှာ မြန်မာ့ယဉ်ကျေးမှုရှိခြင်းကြောင့်သာလို့ယုံကြည်ပါတယ်။

ဆင်ဆာဆိုတာက ယဉ်ကျေးမှုအရေးသာမက မြန်မာ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသူ ၁၃၅မျိုးသောတိုင်း ရင်းသားလူမျိုးစုလူမျိုးရေး ပဋိပက္ခမဖြစ်စေရေး အလေး ထားရမယ်ဆိုတာရယ် အမျိုးသမီးနဲ့ကလေးသူငယ်တွေ အပေါ်ထိပါးမယ့် အရေးတွေ ကိုပါကာပေးကွယ် ပေးရဖို့ တာဝန်ရှိ တယ်ဆိုတာရယ် အပေါ်မှာ ဒီကနေ့ဆင်ဆာလူကြီး တွေရော ရုပ်ရှင်လောကသားများကပါ လက်ခံယုံကြည်ပြီး ဆင်ဆာအဖွဲ့မရှိရင်ဘယ်လိုလုပ်မလဲလို့ စိုးရိမ်မှုရှိကြ တာတွေ့ရမှာပါ။

ဆင်ဆာလျှော့ပေါ့ရုံမျှနဲ့ခုတင်ခန်းထရိုက်သူတချို့ကြောင့် တစ်လှေလုံး ပုပ်မယောင် မြန်မာ့ရုပ်ရှင်တစ်လောကလုံးအပေါ် ဝေဖန်မှုရှိလာတာအရင်းစစ် တော့အမြစ်မြေကပါ။ တကယ်တော့ ဆင်ဆာအဖွဲ့ရော ရုပ်ရှင်လောကသား များပါ ဘုံသဘောတူမှုလက်ခံယုံကြည်မှု တူကြတာအချက်များစွာရှိခဲ့လို့သာ ၂ဝ၁၄ခုနှစ် ကနေ အခု၂ဝ၁၆ခုနှစ်ထိ ဆင်ဆာအဖွဲ့တည်ရှိနေခြင်းဆိုတာ ငြင်းမရပါ။

ဆင်ဆာအဖွဲ့မရှိရင်ဆိုတဲ့စိုးရိမ်ပူပန်မှုကို မနေ့ည(၂ဝ၁၆ ဒီဇင်ဘာ၉)က ရုပ်ရှင်လောကသားများထံမှကြား ရမြင်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆင်ဆာရှိတာထက် မရှိ တာက ပိုကောင်းမယ်ယုံကြည်စေတဲ့ အချက်တွေတင်ပြဆွေးနွေးပြီး ဆင်ဆာ အလိုမရှိဆိုတဲ့ သဘောထားတစ်ရပ်ကို အများက လက်ခံခဲ့ပါတယ်။ ဘယ်သူမပြု မိမိမှုဆိုတဲ့ စကားအမြဲလို မှန်နေတာ လက်ခံရမယ်မဟုတ်ပါလား။ ရုပ်ရှင်လော ကသား တချို့ကလျှော့ပေါ့မှုအပေါ် အလွဲသုံးလာသလို ဆင်ဆာအဖွဲ့ ကလည်း ရုပ်ရှင်အနုပညာဖန်တီးမှုအပေါ်စည်း ကျော်ဘောင်ကျော်အမှု တင်းကျပ်မှုပြု လာ ခြင်းကို ပြန်ကြားရေးဌာနရဲ့ပြည်ထောင်စုဝန်ကြီး ဆရာဒေါက်တာ ဖေမြင့်ထံရုပ်ရှင် ဥက္ကဋ္ဌကသုံးသပ် တင်ပြမယ်ယူဆမိတယ်။

အပြာကားဒါမှမဟုတ် မိသားစုမကြည့်အပ်တဲ့ အမူစရိုက်တွေကို မနှစ်သက် သူ မိဘများပါဝင်တဲ့အဖွဲ့ ဒါမှမဟုတ်လည်း လူပုဂ္ဂိုလ်တစ်ဦး ချင်းက တရားစွဲဆိုကြ ပါလိမ့်မယ်။ ပုဒ်မမရှိရင် ဥပဒေရဲ့အားနည်းချက်။ ဒါကိုလွှတ်တော်က လုပ်ရ ပါမယ်။ အပြာကားရိုက်တဲ့အနုပညာရှင်ကို ဘယ်သူမှဂုဏ်တင်ချီးမွမ်းနေမှာ မဟုတ်၊ ဆင်ဆာအဖွဲ့က အားမပေးလို့ ပြည်သူကအပြာကားကိုရွံရှာနေတာမဟုတ်။ ခေတ်စနစ်အရ ဆင်ဆာလျှော့ပေါ့ ပြီးခါမှတစ်ရစ်ချင်းတစ်ထစ်ခြင်း ပြန်ရစ်ပြန် ကျပ်မှုမရှိပါက ဆင်ဆာလုံးဝမရှိဖို့အထိအသံဖြစ်လာမှာမဟုတ်။ အဲဒီလိုတော့ ကျွန်တော်ပြောလိုပါတယ်။ စာရှုသူမိတ်ဆွေ..သင်သာ ဆိုဆင်ဆာကိုဘာပြော လိုလဲ။

ကိုမျိုး(မြန်မာစာ)
ဒီဇင်ဘာလ ၁ဝရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့)


LEAVE A REPLY

Please enter your comment!
Please enter your name here