လူသားတစ်ယောက်ရဲ့ အဓိက ဘဝသင်ခန်းစာ

0
203

ko-so-thaik

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကတိုက်ဟာ ဦးရဲ့အိမ်ပဲ။ ပြောရရင်တော့ ဦးကသာမန်လူတန်းစားထက်တော့ အနည်းငယ်လေး ပိုချမ်းသာတယ်ပေါ့ကွာ။ ဒါပေမဲ့ ဦးက ဘွဲ့ရပညာတတ်မဟုတ်ဘူး” လို့ ကျွန်တော်တို့ ပရဟိတလုပ်နေတဲ့ တောင်ပေါ်စာသင်ကျောင်းတွေအတွက် အလှူငွေလှူဒါန်းချင်ပါတယ်ဆိုပြီး ဖုန်းဆက်လို့ အလှူရှင် ဦးအောင်ဇော်ဝင်း (Star Light Company) နဲ့လာတွေ့ ပြီးသူနဲ့ စကားပြောနေတာပါ။ သူကဆက်ပြောတယ်။

” ဘွဲ့ဆိုတာ အလကားပါကွာ။မင်္ဂလာဆောင်ဖိတ်စာနဲ့ အသုဘ ဖိတ်စာမှာပဲသုံးလို့ရတယ်လို့ ဦးက ပြောမယ်ကွာ။ မောင်စိုးထိုက် မင်းငြင်းမလား။ ခုပဲကြည့်လေ ဘွဲ့မရတဲ့ ဦးက ဘွဲ့ရ ၄ဝဝကျော်ကို လစာပေး ခိုင်းနေတာ” “ဟုတ်ကဲ့..တစ်ခါတလေ တော့လည်း အဲ့ဒီလိုထင်မိပါတယ်ခင်ဗျာ”

” ဦးကိုယ်တိုင်လည်း အဲ့ဒီလိုထင်ခဲ့မိဖူးတယ်။ လွဲတာပေါ့သားရယ်။ တက်တက် စင်အောင်ကိုလွဲတာ။ ပညာရေးဆိုတာ တကယ်တန်းတော့ မင်းတို့ ငါတို့ကို တွေးတတ်အောင် သင်ပေးတာ။ သိပ်အရေးကြီးတယ်။ Thinking ပေါ့ကွာ။ လူ့လောကမှာ တွေးခေါ်မြော်မြင်နိုင်စွမ်းကို စာသင်ကျောင်းတွေကနေ အစပျိုး သင်ပေးလိုက်တာ။ ဒါကြောင့် ပညာတတ်ဘွဲ့ရဖို့ တအားလိုအပ်တယ်သား။ ဒါနဲ့ စကားစပ်မိလို့ပညာရေးနဲ့ ပတ်သက်ဆက်နွှယ်ပြီး စာသင်ကျောင်းတွေဆီကနေ ဦးရလိုက်တဲ့ အတွေးသင်ခန်းစာလေးတစ်ခုကို ပြောပြမယ်။ ” ဦးရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေတဲ့အတွေးပေါ့ကွာ” (ကျွန်တော်သိပ်စိတ်ဝင်စားသွား တယ်။ ပြည့်စြုံ<ွကယ်ဝချမ်းသာသူတစ် ဦးရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့ အတွေးဆိုပါလား…)

” ဒီလိုရှိတယ်မောင်စိုးထိုက်ရဲ့။ သားလည်းကျောင်းနေခဲ့တာပဲ။ အတန်းတင်စာမေးပွဲကို သားဖြေဆို ဖူးမှာပေါ့။ စာမေးပွဲဆိုတာ ဘာသာရပ်တွေ အကုန်ဖြေဆိုရတာ။အမှတ်လေးဆယ်ဆိုအောင်တယ်။ အမှတ် ၇၅-၈ဝ ဆိုဂုဏ်ထူးပေါ့ကွာ။ ဘာသာစုံ ဂုဏ်ထူးရနေပါစေ တစ်ဘာသာ လောက်ကျရှုံးသွားရင် စာမေးပွဲအောင်ပါ့မလား” ” မရပါဘူးဦး။ ဘာသာစုံအမှတ် ၄ဝ အောင်မှတ်ရမှ စာမေးပွဲအောင်တာပါ”

” ဒါပွိုင့်ပဲ သား.. ဒါ မိန်းပွိုင့် ပဲ..ဒါကိုဆက်ပြီး Thinking လုပ်ကြရအောင် လူ့လောကပြင်ပစာမေးပွဲ တွေမှာလည်း ဒါမျိုးပဲသား။ လူတစ် ယောက်ပေါ့ကွာ။သူဟာ စီးပွားရေးမှာ သိပ်အောင်မြင်တယ်။ သားသမီး ဇနီးမယားကို အိမ်ကောင်းယာ ကောင်းနဲ့ ကားအကောင်း စားနဲ့ထားနိုင်တယ်။ လိုတရသုံးနိုင် စွဲနိုင်တယ်။ ဒါဟာသူ လူ့လောကစာမေးပွဲမှာ “ဘောဂဗေဒဘာသာ” ကိုအောင်တာပဲ သား..တချို့ဆိုရင် တအားချမ်းသာကြတယ်. ဂုဏ်ထူးနဲ့ အောင်တာပေါ့” (ကျွန်တော်တွေးမိတယ်..တချို့လူတွေလူ့ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းနေရတယ်။ စားချင်တာမစားရ ဝတ်ချင်တာမဝတ်ရ။ သားသမီးဇနီးမယားကိုလည်း ကောင်းကောင်းမထားနိုင်။ ဒါဟာ သူတို့တွေ လူ့လောကစာမေးပွဲမှာ ဘောဂဗေဒဘာသာကို ကျရှုံးတာပေါ့)ဦးဇော်ကဆက်ပြောတယ်။

” တချို့လူတွေကျတော့ စီးပွား ရေးမှာ ဂုဏ်ထူးနဲ့တော့ အောင်ပါရဲ့။ ကျန်းမာရေးကချူချာလိုက်တာ ဟိုနိုင်ငံသွားဆေးကု ဒီနိုင်ငံသွားဆေး ကု ဘာစည်းစိမ်မှမခံစားနိုင်။ ကိုယ် ရှာဖွေထားတဲ့ပိုက်ဆံကိုဆေးရုံမှာ ချည်းကုန်နေရတဲ့သူဌေးတွေရှိတယ်။ အဲ့ဒီလူမျိုးကတော့ လူ့လောကစာမေး ပွဲမှာ ဘောဂဗေဒဘာသာတော့ အောင်ပါရဲ့။ ဒါပေမဲ့ ခန္ဓာဗေဒဘာ သာ ငြသ မှာကျတာပေါ့။ ဒီလူမျိုးကို လည်း လူ့ လောကစာမေးပွဲအောင်မြင်တယ် မဆိုနိုင်ဘူးသား'(ဟုတ်တယ်..ရှိတာပေါ့။ ပတ်ဝန်းကျင်မှာကြည့်လိုက် ချမ်းသာပေမယ့် ကိုယ်ရှာသမျှငွေ ကိုယ်မခံစားနိုင်ဘဲ မကျန်းမာလို့ ဆေးကု နေရသူတွေ အများကြီးပဲ။ အင်းသူတို့လိုလူမျိုးလည်း လူ့လောက စာမေးပွဲကျရှုံးတယ်)

” သားရေ တချို့လူတွေ ကျတော့ ငွေကလည်း တအားချမ်းသာကျန်း မာရေးကလည်းကောင်း လူ့လောက ကြီးမှာ စိတ်ချမ်းသာစရာတွေချည်း ခံစားစံစားနေပေမယ့် ပတ်ဝန်းကျင် က သူ့ကိုဆို ရှောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက မိန်းမလိုက် စားတယ်။ စီးပွားရေးဆို လည်း ကလိန်ကကျစ်ကျတယ်။ စိတ်ဓာတ် အောက်တန်းကျတာမှ အဝီစိရောက် နေပြီ။ သူ့ဇနီးကလည်း နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်၊ ညီအစ်ကိုမောင်နှမ မိဘတွေကလည်း သူ့ကြောင့်အရှက် တွေရ၊ ဒါဆိုရင်တော့ သူဟာ လူ့လောကစာမေးပွဲမှာ ဘောဂဗေဒ ဘာသာနဲ့ Bio ဘာသာကို အောင်ပေမယ့် လူမှုရေးဘာသာ ကျရှုံးတာပဲသားရေ”(မှန်လိုက်တာ လမ်းမှာတွေ့ရင် ဝေးဝေးရှောင်ဆိုတဲ့လူမျိုးတွေ ငွေ ရှိလို့သာ ထိပ်မှာနေရာ ယူနေတာ။ ကိုယ်ကျင့်တရားက မြောင်းထဲက မတက်နိုင်တဲ့ လူတွေအများကြီး တွေ့ဖူးတယ်။မလွန်ဆန်နိုင်လို့သာ ပြုံးပြနေရပေမယ့် ကွယ်ရာကျရင် တော့ထွီခနဲ ထွမ်ခနဲအန်ချင်စရာ အပုပ်နံ့တထောင်းထောင်းနဲ့ လူချမ်း သာတချို့။ လူမှုရေးဘာသာမှာ ပိုး စိုးပက်စက်ရှုံးနိမ့်သူတွေပေါ့ )။

” သားရေ တချို့ ဘာသာ ရပ်ကျတော့ ကိုယ်နဲ့မဆိုင်ပေမယ့် သင်ရတဲ့ဘာသာတွေရှိတယ်။ ဥပမာ မြန်မာဖြစ်ပေမယ့် အင်္ဂလိပ်စာ သင်ရတယ်။ မြန်မာ့သမိုင်းလည်း သင်ရသလို ကိုယ်နဲ့သိပ်မဆိုင်လှတဲ့ ကမ္ဘာ့သမိုင်းလည်း သင်ရတယ်။ အဲ့လိုပဲသား လူ့ဘောင်လူ့လောကမှာကိုယ်နဲ့တိုက်ရိုက်မဆိုင်ပေမယ့် ကိုယ့် ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုးပြုရမယ်။ မိမိအကျိုးမပါလည်း တခြားလူတွေအကျိုးကို တတ်နိုင် သလောက် ဆောင်ရွက်ရမယ်။ လူ့လောကအတွက် ပရဟိတဘာသာ ရပ်ပေါ့ကွာ။ ဒီဘာသာကိုတော့ သားတို့ဆို ဂုဏ်ထူးနဲ့အောင်တာပေါ့”

( Woooo….ပျော်လိုက်တာ။ ကိုယ်ဂုဏ်ထူးရတဲ့ဘာသာ လည်းရှိတာပဲ။ ပရဟိတဘာသာ ဂုဏ်ထူးကွ)
” အခုပြောသွားတဲ့အထိ သား နားလည်တယ်နော်”

” ဟုတ်ကဲ့ နားလည်ပါတယ်ဦး ဇော်။ သားလည်း လူ့လောက စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ကို အောင် မြင်အောင်ကြိုးစားမယ်ခင်ဗျ”လို့ ကျွန်တော် စိတ်အားတက်ြ<ွကစွာ ပြန်ဖြေလိုက်တယ်။ ရှေ့မှာချထားတဲ့ ရေနွေးကြမ်း ကို ခပ်ဖြည်းဖြည်းမော့သောက်ရင်း ဦးဇော်က စိတ်ဓာတ်တက်ြ<ွကနေတဲ့ ကျွန်တော့်ပုံစံကို ပြုံးပြီး ကြည့်နေတယ်။ ပြီးတော့မှ

” မောင်စိုးထိုက် တက္ကသိုလ်တက်ခဲ့တာပဲမဟုတ်လား။ တက္ကသိုလ်မှာ မေဂျာဘာသာနဲ့ မိုင်နာဘာသာဆိုပြီး နှစ်မျိုးရှိတယ်နော်”
” ဟုတ်ပါတယ်ဦး။ တက္ကသိုလ်မှာ ကိုယ်အထူးပြုထားတဲ့ ဘွဲ့ အတွက်ကလွဲရင် ကျန်တဲ့ဘာသာ ရပ်တွေက မိုင်နာဘာသာလို့ခေါ်ပါ တယ်ခင်ဗျာ””လူ့လောကစာမေးပွဲမှာ ဦးခုနကပြောခဲ့တဲ့ဘာသာရပ်တွေကမိုင်နာဘာသာရပ်တွေကွ။ မေဂျာ ဘာသာမဟုတ်သေးဘူး”
“ဗျာ” ကျွန်တော် အံ့သြနားမလည် နိုင်ဖြစ်သွားရတယ်။

(လူတစ်ယောက်ဟာ ကျန်းမာ မယ်။ ချမ်းသာမယ်။ကိုယ်ကျင့်တရား လည်း ကောင်းတယ်..ပတ်ဝန်းကျင် ကိုလည်း အကျိုးပြုမယ်။ ပရဟိတ တွေလည်း လုပ်လို့ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေရတဲ့ဘဝဟာ လူ့ လောကမှာ ကျေနပ်နေပျော်ပြီ မဟုတ်လား။ လူ့လောက စာမေးပွဲ အောင်ပြီမဟုတ်လား။ ဒါကို အဓိက မဟုတ်သေးဘူးတဲ့လား) ကျွန်တော်တအား သိချင်သွားတယ်။ ကျွန်တော်ဦးဇော်ကို အလောတကြီးမေးလိုက်တယ်။

“ဒါဆိုမေဂျာဘာသာက ဘာလဲ ဦးဇော်”

ကျွန်တော်မေးတာကို ဦးဇော် ချက်ချင်းမဖြေပါ။ သူထိုင်ရာကနေ ဖြည်းဖြည်းချင်းထလိုက်တယ်။ အခန်းထောင့်ကိုတစ်လှမ်းချင်း တစ် လှမ်းချင်းသွားတယ်။ ရုံးခန်းရဲ့ မှန်နံ ရံကနေ အဝေးကိုလှမ်းကြည့်ပြီး လက်အုပ်ချီလိုက်တယ်။ ပြီးတော့ စကားနှစ်ခွန်းကို လေးလေးနက်နက် ပြောလိုက်တယ်။

” သစ္စာလေးပါး ”
” ရုပ်နာမ်နှစ်ပါး ”
” အိုး.. “

ကျွန်တော် အရမ်းကိုစိတ်လှုပ် ရှားတုန်လှုပ်သွားတယ်.. “ဟုတ်တယ်သား…သစ္စာ လေးပါးနဲ့ ရုပ်နာမ်နှစ်ပါးကို မသိသေးဘဲလူ့လောကကြီးမှာ ရှင်သန်နေရင်တော့ မင်းတို့ငါတို့ အရှုံးကြီး ရှုံးပြီ။ ဒီဘဝတင်မက သံသရာမှာပါ ရှုံးပြီသားရေ။ မြတ်ဗုဒ္ဓက …”

ဦးဇော်နောက်ထပ် စကားများ ပြောနေသော်ငြား ကျွန်တော်မကြား တော့ပါ။ သစ္စာလေးပါးနဲ့ ရုပ်နာမ်နှစ် ပါးဆိုသော စကားနှစ်ခွန်းသည် ကျွန်တော့်ရင်ထဲ အကြိမ်ကြိမ် အခါ ခါဖြင့် ပဲ့တင်သံလို ထပ်ခါထပ်ခါ လှိုင်းထနေပါသည်။ထိုစကား နှစ် ခွန်းသည် ကျွန်တော့်နှလုံးစိတ်ဝမ်းကိုအေးချမ်းသွားစေသည်။ ဓမ္မ၏အလင်းကြောင့် ကျွန်တော့်ရင်သည် တဒင်္ဂသန့်ရှင်းသွားပါသည်။ ပီတိ အဟုန်ကြောင့် လူလည်းကတုန် ကယင်ဖြစ်လို့နေသည်။ ထိုနေ့က ဦးဇော်သည် တောင် တန်းဒေသ ကလေးငယ်များ အေး ချမ်းစွာ စာသင်နိုင်ပြီးဘွဲ့ရပညာတတ်များဖြစ်စေဖို့ စာသင်ကျောင်း များ ဆောက်လုပ်ရန် ငွေကျပ်သိန်း ၁ဝဝ ကျော်လှူဒါန်းခဲ့ပါသည်။ ထို့အတူ ကျွန်တော်တို့ ဘဝ တစ်လျှောက်လုံး ကျင့်သုံးဖို့ရန် အတွက်အဖိုးတန်လှသော လူ့လော ကစာမေးပွဲ သင်ခန်းစာများကိုလည်း လမ်းညွှန်သင်ပြပေးခဲ့ပါသည်။ ကျွန် တော်တို့စာမေးပွဲအောင်ဖို့ ကြိုးစားရပေဦးမည်။ လူ့လောကတွင် သတ်မှတ်ထားသော ဘာသာရပ် စံ များကို ကြိုးစားလေ့ကျင့်သင်ယူ ရဦးမည်။ မိုင်နာဘာသာများသာမက မေဂျာဘာသာရပ်ကြီးကိုပါ အောင် မှတ်လေးတော့ရအောင် ဖြေဆိုရ ပါဦးမည်။

(စြာ<ွကင်း- ကျွန်တော်သည် ဗုဒ္ဓ ဘာသာ မေဂျာယူထားသူ တစ်ဦးဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေသည် တခြားဘာသာဝင် ဖြစ်ပါကလည်း ကိုယ်ယူထားသည့် မေဂျာဘာသာကိုအောင်မှတ်ရအောင် ဖြေစေချင်ပါ ကြောင်း)

ကိုစိုးထိုက်(ဖဒို)


LEAVE A REPLY

Please enter your comment!
Please enter your name here