ဂီတသက်တမ်း နှစ် ၄ဝ ကျော်အတွင်း ဇော်ဝင်းရှိန်ရဲ့ ပထမဆုံးအကြိမ်ဖျော်ဖြေပွဲ

0
338

zawwin

ဂီတသက်တမ်း နှစ် ၄ဝ ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့တဲ့ အဆိုတော်ဇော်ဝင်းရှိန်ရဲ့တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲ ကိုတော့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇နာရီအချိန်က အမျိုးသားကဇာတ် ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အသက်၆ဝပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် ဇော်ဝင်းရှိန်က စတီရီယိုခေတ်ဦးမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ သူ့ရဲ့ တေးသီချင်းအပုဒ် ၃ဝ ခန့်ကို သီဆိုဖျော် ဖြေခဲ့ပါတယ်။ အဆိုတော် ဇော်ဝင်းရှိန်ရဲ့ တစ်ကိုယ်တော်ဂီတ ဖျော်ဖြေမှု အဖွင့်မှာတော့ သူ့ရဲ့ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်တဲ့ “ဂစ်တာလူ” တေးအယ်လ်ဘမ်ထဲက တေးသီချင်းများနဲ့ စတင်ဖွင့် လှစ်ခဲ့ပြီးတော့ သူ့ရဲ့အောင်မြင် ကျော်ကြားခဲ့တဲ့ “ဘီယာကျန်သေးလား၊ မင်းသိဖို့ကောင်းတယ်၊ ပိုင်ရှင်” စတဲ့ တေးသီချင်းများအပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ထူးခြားဆန်းသစ်တဲ့ ဖျော်ဖြေတင်ဆက်မှုအဖြစ် Black Magic Women အင်္ဂလိပ်တေးသီချင်းကို ကိုယ်တိုင်ဒရမ်တီးခတ် သီဆိုဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု အရှိန်မြင့်တက်ခဲ့ပါတယ်။ သီချင်းအေးအေးလေးတွေကိုလည်း Unplugged ပုံစံနဲ့ သီဆိုဖျော်ဖြေ သွားတာကိုလည်း တွေ့ရပါတယ်။ ဇော်ဝင်းရှိန်က သူ့ရဲ့တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲမှာတော့ သားဖြစ်သူ ဝေမင်းရှိန်က =ငွေလမင်းရဲ့အဝေးက လူ+ တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့ပါတယ်။ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ သူ့ရဲ့စုံတွဲတေးသီချင်းများဖြစ်တဲ့ ” တောင်းရမ်းလက်ထပ်ယူပါမယ်၊ နှစ်ယောက်တည်း အသိဆုံး၊ သူပဲ၊ ချစ်တတ်လာပြီ၊ သံသယများစတဲ့ တေးသီချင်းများကိုတော့ ချောစုခင်၊ ဆုန်သင်းပါရ်၊ အယ်လ်ဆိုင်းဇီ၊ အိုင်ရင်းဇင်မာမြင့်၊ စိုးပြည့်သဇင်တို့ နဲ့ တွဲဖက်ကာ သီဆိုဖျော်ဖြေခဲ့ပါ တယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here