Suicide Squad မင်းသမီး Margot Robbie ပါဝင်မယ့် Gotham City Sirens

0
252

margot-robbie-wallpaper-16

ဟောလိဝုဒ် သတင်းတွေအရ Margot Robbie တစ်ယောက် Harley Quinn နဲ့ပူးပေါင်းပြီး Gotham City Sirens ဇာတ်ကားမှာ ပါဝင်ရိုက်ကူးတော့မှာပါ။ Gotham City Sirens ဇာတ်ကားဟာ ရှားပါးတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး DC ရဲ့ဟာသဇာတ်လမ်းတွဲထဲက Sirens အမည်ရတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးမှာပါ။ Warner Bros ကတော့ အခုထိရိုက်ကူးမယ့် ရက်ကို မသတ်မှတ်ရသေးသလို စတူဒီယိုကို ဆောက်လုပ်ဆဲလို့သိရပါတယ်။ Sherlock Holmes 3 ရဲ့ ရုပ်ရှင်ဇာတ်ညွှန်း ineva Robertson-Dworet ကလည်း executive producer အဖြစ် ပါဝင်မယ်လို့သိရပါတယ်။ အဲ့ဒီအပြင် Ayer ကလည်း ထုတ်လုပ်သူအဖြစ်ပါဝင်ဦးမှာဖြစ်သလို DC Films ရဲ့ သူဌေးတွေဖြစ်တဲ့ Geoff Johns နဲ့ Jon Berg တို့ကလည်း ဒါရိုက်တာအဖြစ် ပါဝင်မှာပါ။ သြစတြေးလျမင်းသမီးက Anti hero အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Gotham City Sirens က “Suicide Squad” ရဲ့ နောက်ဆက်တွဲလို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here