ပရိုဂျူဆာလုပ်တော့မယ့် လင်းဇာနည်ဇော်

0
609

lin-zar-ni-zaw-copy

သရုပ်ဆောင် လင်းဇာနည်ဇော်က Zaw Family ကုမ္ပဏီနာမည်နဲ့ သူ ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးတော့ မယ်လို့ သိရ ပါတယ်။

အခုလို ပရိုဂျူဆာလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး လင်းဇာနည်ဇော်က…

“အစ်မမိဘရဲ့ မိဘလက်ငုတ်လက်ရင်း အလုပ်ကလေးကို အဖေရော၊ အမေ ရော ရှိနေတဲ့အချိန်လေးမှာ အစ်မဆက်ပြီး ထိန်းသိမ်းချင် တာကြောင့် ပရိုဂျူဆာ အလုပ်ကို လုပ်ဖို့ လုပ်တာပါ။ အရင်ဦးဆုံး အစ်မတို့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ထုတ်ရိုက်ဖို့အတွက် Zaw
Family ဆိုပြီးတော့ ကုမ္ပဏီလေးလျှောက်ထားတယ်။ ပထမဦးဆုံးရိုက်ကူးမယ့် ရုပ်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးကို ဇာတ်အိမ်   ကောင်းကောင်းလေး စီစဉ်ထားတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံးလည်း ပြင်ဆင်ထားပြီးပါပြီ။ ဒီနှစ်ပထမဆုံးစရိုက်တဲ့
ဇာတ်ကားလေးရဲ့ အခြေအနေပေါ် မူတည် ပြီးတော့လည်း ပရိုဂျူဆာအဖြစ် ဆက်လျှောက်မလား၊ မလျှောက်ဘူး လားဆိုတာ ဆုံးဖြတ် သွားမယ်။ အဲဒီအတွက် ပရိသတ်တွေကလည်း အရင်က အစ်မကို အားပေးခဲ့သလို ဒီဇာတ်ကားလေးကိုလည်း အားပေးကြစေချင်ပါတယ်။ အကောင်းဆုံးတော့ လုပ်ပေးသွားမှာပါ”လို့ ပြောပါတယ်။

လင်းဇာနည်ဇော် ပရိုဂျူဆာအဖြစ် ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကို သူ့အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးက ရိုက်ကူး သွားမှာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ကတော့ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ခင်လှိုင်တို့ ပါဝင်သရုပ်ေ ဆာင်ကြမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလလယ်လောက်မှာ စတင်ရိုက်ကူးသွားတော့မှာဖြစ်ကြောင်း လည်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here