ဒုတိယကလေးအတွက် အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ Pink

0
198

pink

“Just give me a reason” အဆိုတော်မလေး Pink ဟာ ဒုတိယ ကလေးကို Carey Hart နဲ့ ရရှိခဲ့ပြီး သူမရဲ့ ဒုတိယကလေးအတွက် မှတ်တမ်း လေးတစ်ခုဖြစ်အောင် ကိုယ်ဝန်ဆောင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဓာတ်ပုံဆရာ Deborah Anderson နဲ့ ကိုယ်တစ်ပိုင်း ဗလာနဲ့ရိုက်ကူးခဲ့တာပါ။ အဲ့ဒီနောက် Instagram မှာ The snuggle is real” ဆိုတဲ့ စာသားနဲ့ ဓာတ်ပုံတင်ခဲ့ပါတယ်။ အရင်လက Pink တစ်ယောက် ဒုတိယကလေးကို မမျှော်လင့်ဘဲ ရရှိခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီသတင်းက ပရိသတ်တွေအတွက်တော့ သတင်းထူးမဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ Pink က မေလက အင်တာဗျူးတစ်ခုမှာ သူမ ကလေးထပ်လိုချင်တယ်လို့ ပြောခဲ့ဖူးလို့ပါ။ Pink ဟာ အရင်ကတည်းက အောင်မြင်တဲ့ မိသားစုတစ်ခုကို ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ဆိုတာကလည်း သူမဘဝရဲ့ ရည်မှန်းချက်တစ်ခုပါ။ ကျွန်မခံစားမိတာက အခုကျွန်မမှာ ကလေး ၂ ယောက်ရနေပါပြီ။ တတိယကလေးကတော့ မစဉ်းစားသေးပါဘူး။ Carey Hart က အလွန်ကောင်းတဲ့ ယောက်ျားတစ်ယောက်ဖြစ်သလို ဖခင်ကောင်းတစ်ယောက်ပါ။ ဒုတိယကလေးအတွက် သူလည်းအရမ်းပျော်နေပါတယ်လို့ ဝေမျှခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here