ကျန်းမာသော ကလေးငယ်တွေ ဖြစ်စေဖို့ သက်မွန်မြင့် ရဲ့ ကလေးပြုစုစောင့်ရှောက်နည်း

0
210

that-mon

ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ သက်မွန်မြင့်က သူ့သားသမီးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊ ကျန်းမာရေးကောင်းဖို့နဲ့ ဥာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆရာဝန်ကြီးများနဲ့တိုင်ပင်ပြီး ပြုစုစောင့်ရှောက်ပုံများကို ပေါ်ပြူလာ ပရိသတ်များနဲ့ ကလေးမိခင်များ သိရှိစေဖို့အတွက် အခုလို ဝေမျှပေးခဲ့ပါတယ်။

” ကလေးကို မွေးကင်းစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးရမယ်လို့ သိထားပေမယ့် သက်မွန်သားလေးအားချစ်က နို့အစောကြီးပြတ်ခဲ့ရတယ်။ အဲဒါက လည်း ရေဘေးကိစ္စတွေနဲ့ ခရီးသွားခဲ့ရတော့ သားလေးက ၅ လမှာတင် နို့ပြတ်သွားတယ်။ အဲဒီတော့ နို့မှုန့် ကို အစောကြီးတိုက်ခဲ့ရတယ်။ စိတ် တော့ မကောင်းဘူး။ ဒါပေမဲ့လည်း ဖြစ်ပြီးသွားပြီဆိုတော့ မတတ်နိုင်ဘူးပေါ့နော်။ သားလေးရဲ့ ဆရာမကြီး ဒေါ်ကေသီထွန်းနဲ့ တိုင်ပင်ပြီး သားလေးအတွက် လိုအပ်တာတွေကို လုပ်ပေးတယ်။ နောက်ပြီး အာဟာရ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးဘာတွေ ကျွေးရမယ်၊ ဘယ်လိုတွေ ပြုစု စောင့်ရှောက်ရမယ်ဆိုတာ လုပ်ပေး ခဲ့တယ်။ သားလေးကို ၆ လနောက်ပိုင်းမှာ အားပြည့်ဖြည့် စွက်စာတွေ ကျွေးတယ်။ အဲဒီလို ကနေသားလေး တစ်နှစ်ကျော်မှာတော့ လူကြီးအစားအစာတွေ တဖြည်းဖြည်းကျွေးလာခဲ့ပြီ။ အခု တစ်နှစ်နဲ့ ခုနစ်လရောက်တဲ့အခါမှာတော့ အစုံစားလို့ ရလာတာနဲ့ နည်းနည်း အစုံကျွေးလာတယ်။ သားလေးကျန်းမာရေး ကောင်းဖို့အစစအရာရာ ဂရု စိုက်ရ ပါတယ်။ ရှေ့ဆက် လည်း သားလေး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့၊ ကျန်းမာ ရေးကောင်းဖို့၊ ဥာဏ်ရည်ဖွံ့ဖြိုး ဖို့တို့ ကို ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ပြုစုပေးသွားမယ်။ သမီးလေးကို ပြုစုပေးဖို့အတွက်ကျတော့ ရှေ့မှာ သားအားချစ်ကို ပြုစုပေးခဲ့ရပြီးပြီ ဆိုတော့ သိပ်ပြီး လိုအပ်ချက်တွေ ရှိမလာနိုင် တော့ဘူးလို့ ထင်တယ်။ အဲဒီတော့ သမီးလေးကို မွေးကင်းစကနေ ရက်တစ်ရာအတွင်း မှာ အာဟာရတွေ ဘယ်လိုကျွေးရ မယ်၊ ဘယ်လိုပြုစု စောင့်ရှောက်ရမယ်ဆိုတဲ့ ရက်တစ်ရာခရီးစဉ်အတိုင်း ပြုစုစောင့်ရှောက်သွားမှာပါ” လို့ သက်မွန်မြင့်ကပြောပါတယ်။ လူ့လောကထဲရောက်လာတဲ့ ကလေး တွေဟာ မိဘတွေကိုမှီခိုပြီးလူဖြစ် လာရတာဖြစ်တဲ့အတွက် ကလေးတွေကို ကျန်းကျန်းမာမာ လူကောင်းတစ်ဦးဖြစ်လာဖို့အတွက် ပြုစုပျိုးထောင် ပေးရမှာကလည်း မိဘတွေရဲ့ အဓိကတာဝန်သာဖြစ်ကြောင်း သက်မွန်မြင့်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here