မြန်မာနှင့် ဂျပန်နှစ်နိုင်ငံ ကလေးငယ်များ၏ အနုပညာ နှီးနှော ဖလှယ်ပွဲ

0
301

myan-jp-3

အ.ထ.က (၂) ကမာရွတ်နှင့် ဂျပန်ကျောင်းသား၊ ကျောင်းသူများ ချစ်ကြည်ရေး အနုပညာနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ ၁၃ ရက် နေ့ကကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီအနုပညဖလှယ်ပွဲမှာတော့ မြန်မာ နဲ့ ဂျပန်နိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူ များက ရိုးရာအက အလှများနဲ့ ကပြတင်ဆက်ခဲ့ကြပြီး ချစ်ခင် ရင်းနှီးစွာ အတူပူးပေါင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကိုတော့ သဘင်မင်းသားကြီးဦးနန်းဝင်းက သင်ကြား ပြသပေးခဲ့ တာပဲဖြစ်ပါတယ်။

” ဘယ်လိုပဲ ရေမြေခြားသည် ဖြစ်ကြပါစေ နိုင်ငံတစ်ခုရဲ့သွေးသစ်လောင်းမယ့် သားငယ်၊ သမီးငယ်တွေကို ကမ္ဘာကြီးရဲ့ ဘယ်နေရာ မှာဖြစ်ပါစေ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ဖို့၊ တတ်တဲ့ပညာနဲ့ ထမ်းတင်ဖို့ ဦးတို့ပခုံးတွေ ဝိုင်းရံတာပါ” လို့ သဘင်မင်းသားကြီး ဦးနန်းဝင်းက ပြောပါတယ်။ ဦးနန်းဝင်းက အရင်တုန်းက တော့ ကန့်လန့်ကာရှေ့မှာ မင်းသား အနေနဲ့ ကပြဖြစ်ခဲ့ရတာကလည်း အရသာတစ်မျိုးဖြစ်သလို အခုအချိန်မှာ ကန့်လန့်ကာ နောက်ကွယ်ကနေ မျိုးဆက်သစ်ကလေးငယ်တွေကို သင်ကြားပေးရတာကလည်း ခံစားမှုတစ်မျိုးပဲဖြစ်ပြီး ကြည်နူးပီတိလည်း ဖြစ်ရပါတယ်လို့ ပြောပါတယ်။ ဦးနန်းဝင်းက သူ့ရဲ့ Nan Win Group ကနေ ကလေးငယ်များကို မြန်မာ့ယဉ်ကျေးမှုအဆိုအကများကို သင်ကြားပေးလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here