သားသမီးတို့အပေါ် ထိန်းကျောင်းပဲ့ပြင်နိုင်မှု နဲ့ အနုပညာရှင်မိဘတို့ရဲ့ အမြင်

0
259

‘လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဖစရိယ မိနှင့်ဖ’ လို့ဆိုထားတဲ့အတိုင်း သားသမီးတို့ လူ့လောကမှာ လျှောက်လှမ်းတဲ့အခါ ကောင်း ကောင်းမွန်မွန်နဲ့ အဆင်ပြေ ချောမွေ့စေဖို့ ဟိုးငယ်စဉ်ကတည်းက ဆုံးမပဲ့ပြင် သွန်သင်ထိန်းကျောင်း ပေးခဲ့တာ မိဘတွေပါ။ မိဘတို့ရဲ့ မေတ္တာ၊ မိဘတို့ရဲ့ပဲ့ပြင်ဆုံးမမှု၊ မိဘတို့ရဲ့ကျွေးမွေးစောင့်ရှောက် ထိန်းကျောင်းပေးမှုတွေကြောင့် အသိဥာဏ်ပညာပြည့်ဝတဲ့၊ လိမ္မာ ရေး ခြားရှိတဲ့ သား၊သမီးတွေအဖြစ်နဲ့ လူလားမြောက်ခဲ့ ရပါတယ်။ ဒီလို အရေးပါလှတဲ့ မိဘတို့ရဲ့သားသမီး တွေအပေါ် ထိန်းကျောင်းပေးနိုင် မှုတွေဟာ ဘယ်လောက်အထိအရေး ပါသလဲ၊ ဘယ်လိုမျိုးတွေလဲဆိုတာ အနုပညာရှင်တွေထဲက မိဘတွေ ဖြစ်နေ ကြပြီဖြစ်တဲ့ ရန်ရန်ချမ်း၊ ဟဲလေး၊ ချမ်းချမ်းတို့ရဲ့ အမြင်ကို မေးမြန်း တင်ဆက်လိုက်ပါတယ်။

haylay

ဟဲလေး

ကျွန်တော်တို့ မိသားစုမှာ သားလေးနှစ်ယောက်ရှိပါတယ်။ သားအကြီးကတော့ သားသားဟဲပါ။ ၆နှစ်ရှိပါပြီ။ အငယ်လေးကတော့ ညီညီဟဲပါ။ ၃နှစ်ခွဲရှိပါပြီ။ ကျွန်တော်တို့လို အနုပညာရှင်တွေအများစုက ခရီး ထွက်ရတာများတယ်။ အိမ်မှာနေရတဲ့ အချိန်ကနည်းတယ်။ အဲဒီတော့ ကျွန်တော်ရှိတဲ့အချိန်၊ ရတဲ့အချိန်မှာ အနွေးထွေးဆုံးဆက်ဆံ တယ်။ နွေးထွေးမှုမေတ္တာပေးတယ်။ သူတို့စ မွေးကတည်းက ကျွန်တော် အိမ်မှာရှိနေရင် မနမ်းတဲ့နေ့ဆိုတာမရှိဘူး။ အဲဒီနွေးထွေးမှုကြောင့် သူတို့ ပြည့်စုံသွားတယ်။ ဒီသားနှစ်ယောက်ကို အကောင်းဆုံးပြုစုပျိုးထောင်သွားမယ်။ အကောင်းဆုံးတွေပေးဆပ်သွားမယ်။ သားသမီးဆိုတာ ရတနာတစ်ပါးပါပဲ။ သူတို့ကျွန်တော်တို့ကမ္ဘာလေးထဲကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ပိုပြီးတော့အဆင်ပြေလာတယ်။ ကလေးတွေဆိုတာ တကယ်ကို ကံကောင်းခြင်းတွေနဲ့လာတာပါ။ သူတို့ကို ကိုယ်က အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ရင်း သူတို့ဘဝလေးတွေကို အတတ်နိုင်ဆုံးမြှင့်တင်ပေး ရမှာပေါ့။ အဓိကကတော့ မိဘကငွေကြေးချမ်းသာမှ မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ သားသမီးကို အတတ်နိုင်ဆုံးထားမယ်။ သားသမီးကို ယဉ်ကျေးလိမ္မာမှုရှိအောင်၊ လူ့လောကမှာ လူဝင်ဆံ့နိုင် အောင်ပဲ့ပြင်သွန်သင်ဆုံးမပေးရမှာပေါ့။

yan-yan-chan

ရန်ရန်ချန်း

သားသားနာမည်က ဒါးတရန်ပါ။ သားသားက အသက် ၄နှစ်ကျော်ထဲ ရောက်နေပြီ။အခုတော့ တစ်နေကုန်ကျောင်းတက်နေတယ်။ သူက အေးဆေး ပါ။ သူ့ရဲ့ဗီဇကလည်း ကျွန်တော် တို့လိုပဲ အားလုံးနဲ့ အဆင်ပြေအောင် သူနေတယ်။ မြူးဇစ်ကြိုက်တယ်။များသောအားဖြင့် သူက Chill ပဲ။ သူငယ်ချင်းတွေနဲ့လည်း အေးဆေးပဲ။ သူ့ကို လိမ္မာယဉ်ကျေးအောင်၊ လူကြီးမိဘရိုသေလေးစားအောင်၊ ဘာသာတရား ကြည်ညို ကိုင်းရှိုင်းတတ် အောင်ဆုံးမသွန်သင်ပေးရပါတယ်။ သူ့ကို ပညာရှာရတဲ့အရွယ်မှာတော့ ကျောင်းထားတယ်။ ပညာသင်ပေးတယ်။ သူကြီးလာရင်တော့ ပညာနဲ့ပဲ အသက်မွေးမှာလား၊ ဒါမှမဟုတ် အနုပညာလုပ်ချင်တယ်ဆိုရင်လည်း အနု ပညာကိုအားပေးရမှာပေါ့။ လောလောဆယ်ကတော့ သားသားက တအားငယ်ပါသေးတယ်။ အေးအေးဆေးဆေးနဲ့ လိမ္မာရေးခြားရှိ တော့ အဆင်ပြေပါတယ်။

chan-chan

ချမ်းချမ်း

သမီးလေး မြမိုးဂင်္ဂါ ကအခုဆို ၃နှစ်ပြည့်တော့မယ်။ သမီးလေးက တအားသိတတ်နေပြီ။ အိမ်ကို ဧည့်သည်လာရင်ြ<ွကပါရှင့်၊ မုန့်စား ပါဦးရှင့်၊ အဲဒီလိုတွေပြောတယ်။ သမီးလေး အစ်မတို့ဘဝထဲကို ရောက်ရှိလာတဲ့ အခါမှာကျတော့ လူတစ်ယောက်ထပ်ပိုလာတာပေါ့နော်။ကလေး မရခင်တုန်းကကျတော့ လင်မယားနှစ်ယောက်တည်း ပြဿနာ မရှိဘူး။ အိမ်ရဲ့ဆည်းလည်းလေးရောက်လာပြီဆိုတော့ သူ့ကို ပိုပြီးဂရုစိုက် ရတာပေါ့။ သူ့ကို ဂရုစိုက်ပြီး ကျန်တဲ့အချိန်တွေဆို အစ်မအလုပ်လုပ်တယ်။ သူ့ကို စိတ်ထိခိုက်စေပြီး အလုပ်တွေတအား မလုပ်ဖြစ်ဘူး။ အလုပ်တွေ ဆက်တိုက်ပေါ်လာလို့ ခေါ်လို့ရတဲ့ နယ်တွေဆိုခေါ်သွားတယ်။ တအား နေပူပြင်းတဲ့နေရာတွေဆိုရင်တော့ ခေါ်မသွားဖြစ်ဘူး။ အစ်မမိဘတွေ၊ ယောက္ခမတွေ အိမ်မှာပဲထားခဲ့တယ်။ ကလေးက တအားငယ်သေးတော့ သူ့ရဲ့ကျန်းမာရေးကို တအားဂရုစိုက်ရတယ်။ သူနေကောင်းပြီး ကျန်းမာ ရွှင်လန်းနေရင် မိဘကစိတ်ချမ်းသာတယ်လေ။ ကလေးကငယ်သေး တော့ သူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ လှပတဲ့ ဘဝလေး ဖြစ်အောင် မိဘတွေက ဂရုစိုက်ပြီး ပြုစုပျိုးထောင်ရတာပေါ့။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here