ထေရဝါဒ ဗုဒ္ဓဘာသာကို အသက်တမျှ သက်ဝင် ယုံကြည်တယ် ဒါရိုက်တာ စင်ရော်မောင်မောင်

0
245

15497742_377655532569306_860102143_n-copy

ဗုဒ္ဓဘုရားရဲ့ ဓမ္မတရား အဆုံးအမတွေကို သက်ဝင်ယုံကြည် မှု အပြည့်ရှိလို့မို့ ‘မဇ္ဈိမအလင်း’ ဗုဒ္ဓဝင်ဇာတ်ကားကို ရိုက်ကူးပုံဖော် ခဲ့တဲ့သူ လည်းဖြစ်ပြီး ငယ်စဉ် ကတည်းက ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဘာသာရေးအမှု ပြုလုပ်နေကျ အတိုင်း ဘုရားဝတ်ပြုကာ ပန်း၊ ရေချမ်း၊ ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပဋ္ဌာန်း ရွတ်ဖတ်ခဲ့သူကတော့ အကယ်ဒမီ ဒါရိုက်တာ စင်ရော် မောင်မောင် ဖြစ်တာမို့ ဗုဒ္ဓဘာသာ အပေါ် သက်ဝင် ယုံကြည်မှုစိတ်နဲ့ ဘာသာတရားအပေါ် အလေး အမြတ်ထား ကိုးကွယ်ဆည်းကပ်မှု အပါအဝင် ဘာသာတရား အနှစ်သာရအပေါ် ရှုမြင်စကားသံတွေ ကိုပါ သဒ္ဓါတရားစိတ် ဆင့်ကမ်း ယူကြစေဖို့ ဖော်ပြလိုက်ပါတယ်။

15497843_377655535902639_422132881_n-copy

မနက်အိပ်ရာထမှာ ဘုရားဝတ်ပြုပြီး
ပဋ္ဌာန်းရွတ်တယ်    

ငယ်ငယ်ကတည်းက ကျောင်း ပိတ်ပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းကို အိမ်က ပို့တယ်။ ဘောက်ထော်မှာရှိ တဲ့ မဟာဗောဓိဘုန်းကြီးေ ကျာင်း၊ နောက်ထပ် ၅ ထပ်မှာရှိတဲ့ ကျောင်း၊ မေမြို့မှာရှိတဲ့ကျောင်းတို့နဲ့ မန္တလေး ရွှေကျင်တိုက်တို့မှာ နေခဲ့ရတယ်။ အဲဒီလို နေလာတော့ ကိုရင်နဲ့ ၇ ခါ၊ ရဟန်းခံတာက ၇ ကြိမ် ဝတ်ခဲ့တယ်။ ကျွန်တော်တို့က ဗုဒ္ဓရဲ့ အဆုံးအမ အောက်မှာ ရှိနေတယ်လေ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့နဲ့ ပတ်သက်ရင် စိတ်နဲ့တောင် မပြစ် မှားဘဲ ရင်ထဲ၊ အသည်းထဲမှာ ရှိနေ တယ်။ အဲဒီကနေ အရက်သေစာ သောက်စားခြင်း တို့၊ သူများအသက် သတ်ခြင်းတို့ကို ရာသက်ပန် ရှောင်ကြဉ်တာတို့ကို လုပ်လာတာ အနှစ် ၂ဝ ရှိလာပါပြီ။  ကျွန်တော် ကတော့ မနက် အိပ်ရာထ တာနဲ့ ဘုရား ဝတ်ပြုတယ်။ သောက် တော် ရေကပ်တယ်။ ပဋ္ဌာန်း ရွတ်တယ်။ ကျွန်တော် ပဋ္ဌာန်းရွတ်လာတာ ၁၅ နှစ်ရှိပါပြီ။

15555982_377655552569304_600479001_n-copy

ငယ်ငယ်ကတည်းက
 အလှူအတန်း ပြုလုပ်တယ်

ငယ်ငယ်ကတည်းက သံဃာ့ ဂုဏ်ပေါ့နော်။ သားလေးမွေးနေ့။ ကျွန်တော့်မွေးနေ့ကို တိပိဋကယော ဆရာတော်ကြီးကျောင်းတိုက် ဝိသုဒ္ဓါရုံမှာ သံဃာအပါး ၁ဝဝ ကျော်ကို အမြဲတမ်းဆွမ်းဆက် ကပ်တယ်။ ကြားထဲမှာ ကြခတ်ဝိုင်း ကျောင်းတိုက်၊ သွားရင်းလာရင်းနဲ့   ရောက်တဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်္ကန်းတွေကပ်လှူတယ်။ ဆွမ်းတွေ ကပ်တယ်။ ရွှေကျင်ဂိုဏ်းရဲ့ ဆောင် ရွက်မှုတွေကိုလည်း ဘာပဲခိုင်းခိုင်း လုပ်ပေးပါတယ်။ ဟိုနေ့ကဆို အောင် ဆန်းဆရာတော် ကြီးကို နေအိမ်ပင့်ပြီး ဘုရားအနေ ကဇာတင်တယ်။ အန္တရာယ် ကင်း ပရိတ် တရားတို့ကို နာကြားတယ်။ ကျွန်တော်ကလည်း နေမကောင်း ဖြစ်နေတော့လေ။ အဓိကကတော့ နေ့စဉ်နဲ့အမျှ နေ့ရော၊ ညပါ ယော ဆရာတော်ကြီး ပြောသလိုပေါ့။ နှလုံးသားမှာ ဘုရားတည်ပြီး အိပ်ရာထလာတာ ကနေ အိပ်ပျော်သွားတဲ့ အထိ ဘုရား၊ တရားတို့ကို အမြဲမှတ်ယူနေရမှာ ပေါ့။

ဗုဒ္ဓကို သက်ဝင် ယုံကြည်မှုဖြင့်
ဒမဇ္ဈိမ အလင်းဒ ဗုဒ္ဓဝင်ဇာတ်ကား ရိုက်ကူးခဲ့

မြတ်စွာဘုရားမဖြစ်ခင်က ပါရမီ ဖြည့်ခဲ့တာ၊ ဘုရားဖြစ်အောင် ဘယ်လို ကြိုးစားကျင့်ကြံခဲ့တာ၊ နောက်ပြီး ဘုရား ပရိနိဗ္ဗာန်စံပြီး   တော့ ထေရဝါဒ မြန်မာပြည်မှာ အပြန့်ပွားဆုံးဖြစ်တာ၊ နောက်ပြီး ကမ္ဘာပေါ်မှာ ထေရဝါဒတွေ ဒီလို ဖြစ်နေတဲ့အကြောင်းကို ရိုက်ကူး ဖို့ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစပြီး  ဆန္ဒရှိလာခဲ့တယ်။ အလှူရှင်တွေနဲ့ တိုင်ပင်ပြီး ဦးမောင်ကလည်း ငွေကျပ်သိန်း ၁ဝဝ မတည်ပြီး ‘မဇ္ဈိမ အလင်း’ ဆိုပြီး ရိုက်ကူးခဲ့တာ အခု ဆို ကားဆက်နေတာ ပြီးတော့မယ်။  နောက်ပြီး ဗုဒ္ဓဘာသာတစ်ယောက် အနေနဲ့ လူတစ်ယောက်ေ မွးလာတာ ကနေ သေတဲ့အထိ ဘာတွေလုပ်ရ မလဲဆိုတာ၊ ဆယ့်နှစ်လရာသီပွဲတော် တွေအကြောင်း၊ လူကြီးမိဘကို ဘယ်လိုဆက်ဆံ ရတဲ့အကြောင်း၊ တိုင်းပြည်မှာ ပရိယတ္တိ၊ ပဋိပတ္တိ ဘာတွေရှိနေတဲ့အကြောင်း အကုန် ကို အိန္ဒိယ၊ သီဟိုဠ်၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ နီပေါ၊ တရုတ် အစရှိတဲ့နိုင်ငံတွေမှာ သွားရောက် ရိုက်ကူးခဲ့တယ်။ ထေရဝါဒ ဗုဒ္ဓ ဘာသာကို အသက်တမျှ ကျွန်တော် တို့ သက်ဝင်ယုံကြည်တယ်။။

ဗုဒ္ဓဘာသာဝင်တို့အတွက် တိုက်တွန်း စကား

အဓိကကတော့ ဗုဒ္ဓရဲ့ အဆို အမိန့်အတိုင်း နေပါ။ ဒဤအိမ်သည် ဗုဒ္ဓ၏ အရိပ်အောက်မှာရှိသည်ဒ ဆိုတာ တခြားဘာသာတွေကို ပုတ်ခတ်ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် အဲဒီအတိုင်း ရှိနေကြရ အောင်ပါဗျာလို့ တိုက်တွန်းချင်ပါ တယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here