သမီးနှစ်ယောက်မွေးဖွားမယ့်ရက် နီးလာလေလေ ပျော်ရွှင်ရလေပဲဆိုတဲ့ ချစ်သုဝေ

0
161

chitthu

အမွှာကိုယ်ဝန်လွယ်ထားရတဲ့ ချစ်သုဝေက အခုဆိုရင် ကိုယ်ဝန် ၈ လကျော်ရှိနေပြီဖြစ်ပြီး သမီးလေးတွေကို ဇန်နဝါရီလထဲမှာ မွေးဖွားမှာဖြစ်ကြောင်း ပြောပါတယ်။ သမီးလေးတွေ မွေးဖွားတော့မှာ ဖြစ်တာကြောင့် ပျော်နေကြတယ်ဆိုတဲ့ ချစ်သုဝေရဲ့လက်ရှိ ကျန်းမာရေးအခြေအနေကို မေးတော့..

” ထရီဇာမွေးဖို့ လျာထားတာကတော့ ဇန်နဝါရီလ ၁၇ ရက်နဲ့ ၂၅ ရက်ကြားပေါ့။ လောလောဆယ်တော့ ဇန်နဝါရီလ ၁၉ ရက် မွေးမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ ကလေးတွေဆိုတော့လည်း သူတို့လာချင်တဲ့နေ့လာမှာပေါ့။ အဲဒီအတွက် အဆင်သင့်ဖြစ်အောင်လုပ်ရတာပေါ့။ အခု အားလုံးကို ကြိုပြင်ဆင်ထားရတာပေါ့။ သမီးလေးတွေ စောမွေးသွားရင်လည်း သူတို့အတွက် save ဖြစ်အောင်ဆိုပြီး ထိုးစရာရှိတဲ့ဆေးတွေ ထိုးထားတယ်။ ကာကွယ်ဆေးတွေ ထိုးထားတယ်။ အကုန်လုံးကို save ဖြစ်အောင်လို့ ထရီဇာ့ OG နဲ့တိုင်ပင်ပြီး အကုန်လုပ်ထားပါတယ်။ ကျန်းမာရေးကတော့ ကိုယ်ဝန်လကလည်း ရင့်လာပြီ။ ၈ လကလည်း ကျော်လာပြီ။ ပြီးတော့ အမွှာလေးတွေလည်း ဖြစ်တယ်ဆိုတော့ ညဘက်တွေဆိုရင် အိပ်လို့မရတော့ဘူး။ ထထိုင်နေရတာမျိုးတွေ ဖြစ်နေပြီ။ အိပ်ရေးဝအောင်မနည်း ကြိုးစားနေရတယ်။ အစားကတော့ စားလို့ဝင်ပေမယ့် တအားကြီး စားလိုက်ရင် ဗိုက်က ပိုတင်းသွားတော့ အဲဒါလည်း သတိထားရတယ်။ သမီးလေးတွေကလည်း ဗိုက်ထဲမှာ တော်တော်ကန်တယ်။ နှစ်ယောက်ဆိုတော့ ဒီဘက်လှည့်အိပ်လည်း အဆင်မပြေ၊ ဟိုဘက်လှည့် အိပ်လည်းအဆင်မပြေနဲ့ အိပ်ရတာတော်တော်ခက်တယ်။ ဒါပေမဲ့ သမီးလေးတွေ မွေးတော့မှာကို တွေးပြီးတော့ ပျော်နေကြတယ်” လို့ပြောပါတယ်။ ချစ်သုဝေက အမွှာသမီးလေးတွေကို ဇန်နဝါရီလထဲမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here