သမိုင်းတွေကို စိတ်ဝင်စားတဲ့ J.Fire မန္တလေးတပင်ရွှေထီးမှာ ဘာတွေလုပ်ပြထားလဲ

0
1056

jfire

မန္တလေးအငွေ့အသက်၊ မန္တလေးစတိုင်၊ မန္တလေးအရေး အသား၊ မန္တလေးကရိုက်ချက်တွေနဲ့ မန္တလေးသား ဟစ်ဟော့ပ် အဆိုတော် J.Fire ရဲ့ “မန္တလေးတပင်ရွှေထီး” တစ်ကိုယ်တော်စီးရီးခွေကတော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးမြို့ကစတင်ပြီးထွက်ရှိလာခဲ့ပါပြီ။ Music Video ၈ ပုဒ်၊ Audio ၅ ပုဒ် ပါဝင်တဲ့ “မန္တလေးတပင်ရွှေထီး” စီးရီးခွေမှာထူးခြားတာက မန္တလေးမြို့ရဲ့သမိုင်းတွေကို တင်ဆက်ထားခြင်းပါ။

” အနုပညာရွှေမြို့တော်ဆိုတဲ့ သီချင်းဆိုရင် သမိုင်းကိုဖန်တီးတာဆိုတော့ မဖန်တီးခင် စာဖတ်တာတင်တစ်လလောက်ကြာတယ်။ ရိုက်ကူးရေးအတွက် ဆိုရင်လည်း ၇လလောက် ကြာသွားတယ်။ ဒီမှာရှိတဲ့ သမိုင်းပါမောက္ခတွေ၊ ရှေ့မီနောက်မီလူကြီးတွေဆီသွားပြီးတော့ သမိုင်းတွေလိုက်မေးရတာပေါ့။ သမိုင်းဆိုတာ လူတိုင်းသိသင့်တယ် လို့ ထင်တယ်။ အတိတ်က ဘယ်လို ရှိခဲ့တယ်၊ ဘယ်လောက်အထိ ခမ်းနားခဲ့တယ်။ အဲဒါဆိုဒီခေတ်လူငယ်တွေအနေနဲ့ဘာဖြစ်လို့ ဒီ အတိုင်းနေနေကြတာလဲ။ကျွန်တော်က ဒီခေတ်နဲ့ဟိုဘက်ခေတ်ကို ချိန်ထိုးပြီးပြချင်တဲ့အတွက် သမိုင်းကိုအဓိကတင်ဆက်တာပေါ့နော်” လို့ပြောပါတယ်။ မန္တလေးမြို့ကိုကိုယ်စားပြုပြီးလုပ်တာက တခြားမြို့တွေကို ယှဉ်ပြိုင်ချင်လို့မဟုတ်ဘဲ သူတို့မြို့ကအငွေ့အသက်တွေကိုခံစားစေချင်လို့ပါလို့လည်း J.Fire ကဖွင့်ဟထားပါတယ်။ ရန်ကုန်မြို့မှာတော့သူကဒီဇင်ဘာလ၂၄ရက်နေ့ညနေ ၄နာရီဲကည- ခအငသညှဆကမေန မှာပရိသတ်နဲ့တွေ့ဖို့စီစဉ်ထားပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here