၂ဝ၁၇ နှစ်ဆန်းမှာ ပရိသတ်ကို ဝိုင်းလေး ဘာပေးမလဲ

0
193

wine-lay-2

အဆိုတော် အလှမယ် ဝိုင်းလေးက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ Let’s Go အဖွဲ့နဲ့အတူ တရုတ်ပြည်ကိုခရီးသွား အစီအစဉ်သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ အခုလိုခရီး သွားရာသီမှာ ခရီးသွားအစီအစဉ်နဲ့ ခရီးသွားရမှာဖြစ်တာကြောင့် ဝမ်းသာမိတယ်လို့လည်းဆိုပါတယ်။

” ခရီးသွားဖို့ စိတ်ကူးထားတာတော့ ရှိတယ်။ အလုပ်တွေ မအားတော့မသွားဖြစ်တာနဲ့ အခု ဒီအစီအစဉ်နဲ့အတူ သွားရမယ်။ သူငယ်ချင်းတွေနဲ့လည်း အတူသွားရမယ်ဆိုတော့ ပျော်စရာကောင်းပါတယ်။ ၂ဝ၁၇ခုနှစ်ကို မကူးခင်မှာ အခုလို ကိုယ်မရောက်ဖူးသေးတဲ့ နေရာသစ်ကို သွားရမှာဖြစ်တာကြောင့် လည်း ပိုပြီးစိတ်ထဲမှာ ပျော်မိပါတယ်” လို့ပြောတဲ့ ဝိုင်းလေးက ခရီးသွားခြင်းဟာ ကိုယ့်ရဲ့အသိ အမြင်၊ ဗဟုသုတကို ပိုမြို<ွကယ်ဝစေတယ်လို့လည်း ပြောပါတယ်။

” ကိုယ့်နိုင်ငံတွင်းမှာလည်း ကိုယ်မရောက်ဖူးတဲ့ ဒေသတွေသွားတဲ့အခါမှာ လေ့လာစရာတွေ အများကြီးရှိတယ်။ ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြား ပြည်ပနိုင်ငံတွေကို သွားတဲ့အခါမှာဆိုရင်တော့ သူတို့ရဲ့ ဓလေ့စရိုက်တွေ၊ အပြုအမူ၊ အပြော အဆိုတွေက အစ လေ့လာလို့ရတယ်။ လူတိုင်းလည်း ခရီးသွားသင့် ပါတယ်။ အပြင်လောကကို ခရီးသွားခြင်းဟာ ကိုယ့်ရဲ့အတွေး အမြင်ကို ပိုကျယ်စေပါတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။ ဝိုင်းလေးက လတ်တလောမှာတော့ ပွဲတွေပဲဆို ဖြစ်နေပြီး နှစ်သစ်ကူးမှာတော့ မိုင်ဒါကွင်းမှာ Count Down အစီအစဉ်နဲ့အတူ ရှိနေမယ်လို့ သိရပါတယ်။

” ၂ဝ၁၇ နှစ်ဆန်းထဲမှာတော့ ပရိသတ်တွေကို သီချင်းတစ်ပုဒ် ပေးဖို့ရှိပါတယ်။ ဒါကို Free ပေးဖြစ်မလား။ Commercial ပေးဖြစ်မလား ဆိုတာတော့ မစီစဉ်ရ သေးပါဘူး။ လောလောဆယ်တော့ အဲဒီသီချင်းလေး အချောသပ်နေပါတယ်” လို့ ဝိုင်းလေးက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here