အဆိုတော် ဇော်ဝင်းထွဋ် HAPPY NEW YEAR ROCK N’ ROLL NIGHT ဂီတဖျော်ဖြေပွဲ မန္တလေးတွင် ကျင်းပမည်

0
258

zaw-win-htut

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ HAPPY NEW YEAR ROCK N’ ROLL NIGHT ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နယူးရီးယားညမှာ မင်္ဂလာမန္တလေး၊ ကား ပါကင်အပေါ်ထပ်မှာပြုလုပ်မယ်လို့ ပွဲစီစဉ်သူကိုမျိုးကြီးထံမှ သိရှိရပါတယ်။

” ဒီဂီတဖျော်ဖြေပွဲမှာ MPEROR BAND နဲ့ တွဲဖက်ပြီး အဆိုတော် ဇော်ဝင်းထွဋ်၊ ရင်ဂို၊ သျှီ၊ လင်းမီးထက်၊ လိမ္မော်သီး၊ အေးမြသီတာ၊ ခင်ဆုရှင်နဲ့ အနုပညာရှင်မောင်နှမတွေက သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ Happy New Year ဂီတဖျော်ဖြေပွဲလက်မှတ်ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကို အထူးအစီအစဉ်အနေနဲ့ Harley Davidso မော်တော်ဆိုင်ကယ်တစ်စီး မေတ္တာလက်ဆောင် ကံစမ်းမဲ ဖောက်ပေးမှာဖြစ်ပါတယ်။ လက်မှတ်တစ်စောင်ကို ၁၅ဝဝဝ ကျပ်နဲ့ ရောင်းချပြီး Stand Show အဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူ ကိုမျိုးကြီးက ပြောပါတယ်။ HAPPY NEW YEAR ROCK N’ ROLL NIGHT ဂီတဖျော်ဖြေပွဲလက်မှတ်များကို မန်းသီရိတေးသံသွင်း၊ လှိုင်းတေးသံသွင်း၊ TEXAS Studio , Super Sun Shine Myanmar Co.,Ltd တို့မှာ ရောင်းချပေး သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here