၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ ကြီးကို ၂ဝ၁၇ ခုနှစ်မတ်လ ၁၈ ရက်နေ့ (သို့မဟုတ်) ၁၉ရက်နေ့မှာ ကျင်းပပြု လုပ်သွားမှာဖြစ်တယ်လို့ ရုပ်ရှင် ဒု-ဥက္ကဋ္ဌ ဦးအေးကြူလေးကအတည်ပြု ပြောပါတယ်။
“သုဝဏ္ဏအားကစားရုံကိုတော့ အခုလျှောက်ထားပါတယ်။ ဒါပေမဲ့ သုဝဏ္ဏအားကစားရုံမှာ လုပ်ဖြစ်မလုပ်ဖြစ် ဆိုတာကလည်း သေ
ချြာေ ပာလို့ မရနိုင်သေးပါ ဘူး။ အကယ်ဒမီပွဲလုပ်ဖို့အတွက်ကိုတော့ မတ်လ ၁၈ သို့မဟုတ် ၁၉ ရက်နေ့ဆိုပြီတော့ အကြမ်းဖျင်း သတ် မှတ်လိုက်ပြီ ဖြစ်ပါတယ်။ မနှစ်က လုပ်ခဲ့တဲ့MEP ကလည်း မရှိတော့ပေမယ့် မင်းဓမ္မဘက်ကိုMEP က ရွှေ့သွားတယ်ဆိုတော့ အဲ့ဒီက ကွင်းအခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကြည့်ပြီးတော့ လုပ်ဖြစ်ချင်လည်းလုပ်ဖြစ်လိမ့်မယ်။ အတိအကျကိုတော့ မရွေးရသေးပါဘူး။ ဘာလို့လဲဆိုတော့ MEPမှာလုပ်ရင် ခုံအရေအတွက် ၃ဝဝဝ အထိဆံ့ပါတယ်။ အခုလျှောက်ထားတဲ့ သုဝဏ္ဏအားကစားရုံကတော့ အကယ် ဒမီစင်မြင့်နေရာ ယူမှာနဲ့ဆိုရင် အောက်ဘက်မှာ ခင်းမယ့် ခုံအရေအတွက် ၃ဝဝဝ အထိ မရနိုင်ဘူးလေ။ မင်းဓမ္မကိုပြောင်းသွားတဲ့MEP က ဘယ်တော့ လောက်ပြီးမလဲမသိဘူး။ သူတို့ပြီးသွားမှပဲ အခြေအနေ က ချိန်ကြည့်လို့ရမှာဖြစ်တယ်လေ” လို့ ရုပ်ရှင်ဒုဥက္ကဋ္ဌ ဦးအေး ကြူလေးက ပြောပြပေးပါတယ်။
အကယ်ဒမီဆုပေးပွဲကြီးကို ရုပ်ရှင်လောကသား ထောင်ချီစွာနဲ့ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ချင်တာမို့ ခုံအရေအတွက် များများကို ဖိတ်ကြားချင်တာကြောင့် နေရာကျယ်ဝန်းမယ့် နေရာတွေကိုသာ ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။ လတ်တ လောမှာတော့ ဆုပေး ပွဲပြုလုပ် မယ့် နေရာအတည်တကျဖြစ်ဖို့ ပြုလုပ်နေတာကြောင့် တင်ဒါခေါ်ဖြစ်၊ မခေါ်ဖြစ်ကိုတော့ မစီစဉ်ရ သေးကြောင်း လည်းဆိုပါ တယ်။
“အခုအကယ်ဒမီစာရင်းဝင် ဇာတ်ကားက ၃ဝကျော်သွားပြီ။ ဒါအပြင် အခုမေထုန်ရာသီဖွားဝင်လာတယ်။ ပဲခူးဆားနှင့်သူ၏ဗိုင်းရပ်စ်များ ဝင်လာတယ်။ နောက်ရုံတင်မယ့် ဇာတ်ကားတွေရှိဦးမှာ ဖြစ်တယ်။ အတိအကျအကယ်ဒမီ စာရင်းဝင် ဇာတ်ကားကိုတော့ ဒီဇင်ဘာလ နောက်ဆုံးပတ် လောက်မှသေချာ ကြေညာပေးလို့ရမှာ ဖြစ်ပါတယ်။ အခုအကယ်ဒမီ စိစစ်အဖွဲ့ရဲ့ ရွေးချယ်မှု စည်းမျဉ်းကလည်းအရင် နှစ်တွေကထက် ပိုပြီး တော့ စနစ်ကျတဲ့အတွက် ဒီနှစ်ကတော့ ဝေဖန် မှုနည်းမယ်လို့ မြင်ပါတယ်” လို့ ဦးအေးကြူ လေးက ပြောပြပေး ပါတယ်။
ထက်လူ