Christmas သတင်းကောင်းကို သီချင်းများဖြင့် မျှဝေပေးနေတဲ့ သံသာဝင်း တို့ CCAA အဖွဲ့

0
172

15589727_1367581573274762_2610146335802945325_n-copy-copy

နှစ်စဉ် Christmas  အခါသမယမှာ သံသာဝင်း နဲ့အနဂ္ဂတို့  CCAA  အဖွဲ့က မိတ်ဆွေ၊ သူငယ်ချင်း များနေအိမ်တွေကို သွားရောက်ပြီး  Carol Singing  သီဆိုလေ့ရှိပါတယ်။အခု နှစ်မှာလည်း တစ်အိမ်တက် တစ်အိမ်ဆင်း Christmas  သတင်းကောင်းကို သီချင်းများဖြင့် မျှဝေပေးလျက်ရှိပါတယ်။

15590503_1367581399941446_6459345042864282634_n-copy

“CCAA အတွက်ကို အဲဒီ့မှာပါတဲ့သူတွေ အား လုံးစုပြီးတော့  Carol Singing သီဆိုကြတာပါ။ ရလာတဲ့Fun  တွေကို ကျွန်တော်တို့ က နောက်နှစ်တွေမှာ အခွေပြန်လုပ်တယ်။ ဒီနှစ်ဆိုရင်လည်း  Christmas  အခွေထွက်တယ်လေ။အရင်နှစ်တွေကသွားဆိုတဲ့ အိမ်တွေ ကို  ဒီနှစ်ထွက်တဲ့အခွေကို လက်ဆောင်ပြန်ပေးပေါ့။ပြီးတော့ အားလုံး ပြန်ဆိုကြတဲ့သဘောပါ” လို့  အနဂ္ဂက ပြောပါတယ်။

ဒါ့အပြင်သံသာဝင်းကလည်း “အလှူငွေများ၊ အစားအသောက်များ များပြားစုံ လင်စွာဖြင့် နွေးထွေးပျူငှာစွာဖြင့် အချိန်ပေးစောင့် ဆိုင်းကြိုဆို ကြတဲ့ အိမ်များနဲ့ မိသားစုဝင်များအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဆုံးအနေနဲ့ မိမိတို့ရဲ့များပြား လှတဲ့ အလုပ်ကိစ္စအ သီးသီးကို ဘေးဖယ်ပြီးဘုရားရဲ့အမှုတော်များအတွက် အမြဲ တစေသီးသန့်အချိန်ပေးပြီး တက်ကြွစွာပါဝင်ပေးကြတဲ့ CCAA မှ မိတ်ဆွေများ၊ ခရစ်ယာန်မောင်နှမများအားလုံးကိုအထူး တလည်ကျေးဇူးတင်ကြောင်း ပြော လိုပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ – သံသာဝင်းဖေ့ဘုတ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here