အသက် ၃၃ နှစ် ရောက်ပြီ ဖြစ်ပေမယ့် ဖူးစာရှင် မတွေ့သေးပါဘူး ဆိုတဲ့ ထွန်းထွန်း

0
202

tun-tun-2ထွန်းထွန်းက ဒီဇင်ဘာလ  ၂၄ ရက်နေ့ ဆိုရင် အသက် ၃၃ နှစ် ရောက်ရှိ သွားပါပြီ။ အသက် တစ်နှစ် ကြီးလာတဲ့ အတွက် လူကြီး ပိုဆန်လာ တယ်လို့ဆိုတဲ့ ထွန်းထွန်းက..

“တစ်နှစ်ထက် တစ်နှစ်တော့ မနှစ်က ဒီလိုအချိန် နဲ့ ဒီနှစ် ဒီလို အချိန်မှာ ဘယ်လိုများပြောင်းလဲ လာလဲ။ ကိုယ့်ကိုယ် ကိုယ်လည်း သုံးသပ်ပါတယ်။ Plan  ထားထားတဲ့ အတိုင်း မဖြစ်ဖြစ်အောင်လည်း ကြိုး စားနေပါတယ်။ အသက်ကြီးလာ တော့ နည်းနည်း လူကြီး စိတ်ဝင်လာ တာပေါ့။ တစ်ခုခု ဆို စိတ်လိုက် မာန်ပါ မလုပ်တော့ဘူး။ ခေါင်းအေး လာတယ်” လို့ တစ်နှစ်နဲ့ တစ်နှစ် စိတ်ခံစား ချက် ပြောင်းလဲလာတဲ့ အကြောင်း ပြောပါတယ်။ လူလတ် ပိုင်းအရွယ် ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် လူပျိုကြီးဘဝ နဲ့ပဲ နေတော့ မှာလား၊ မိသားစုဘဝ ကိုကော မပိုင်ဆိုင်ချင် သေးဘူးလားလို့ မေး တော့ ထွန်းထွန်းက..

“၃၃ နှစ်လည်း ဖူးစာ မတွေ့ သေးဘူး။ အေးဆေးပေါ့။ တွေ့ရင် ပြောမှာပေါ့” လို့ ပြောပါတယ်။ ထွန်း ထွန်းက သူ့ရဲ့မွေးနေ့ မနက် ပိုင်းမှာ ဘုန်းကြီးကျောင်း မှာ ဆွမ်းကပ်ခဲ့ပြီး နေ့လယ် မှာတော့ ရိုက်ကွင်း မှာပဲရှိ နေမှာ ဖြစ်ကြောင်း ပြောပါတယ်။ ၂ဝ၁၆ ခုနှစ် ထဲမှာ ထွန်း ထွန်း က ခေါင်း ဆောင် မင်းသား အ ဖြစ် ရုပ်ရှင် ဇာတ်ကားများ ဆက်တိုက် ရိုက်ကူး လာရပါတယ်။ အနုပညာလောက ထဲကို တစ်ကျော့ ပြန် ဝင်ရောက်ပြီး အောင်မြင်မှုတွေ ရရှိလာတဲ့ အပေါ် ထွန်းထွန်းက..

“အဓိက ကတော့ ရလာတဲ့ အခွင့် အရေးတိုင်းကို စိန်ခေါ်မှု အသစ်တွေ အနေနဲ့ အကောင်းဆုံး ကြိုးစားတယ်။ ထုတ်လုပ်သူတွေ က လည်း အလုပ် ကြိုးစားတဲ့သူ အနေနဲ့၊ အလုပ်လုပ်လို့ ကောင်းတဲ့သူ အနေနဲ့ မြင်လာကြ တယ်။ ပရိသတ်တွေ ကလည်း အား ပေးတယ်။ လုပ်ဖော် ကိုင်ဖက် ဒါရိုက် တာတွေရော၊ တွဲဖက်သရုပ် ဆောင် တွေကရော ကျွန်တော့်ကို အလုပ် လုပ်ရတာ အဆင်ပြေတယ် လို့ ထောက် ခံပေးတဲ့ အတွက် အခုလိုမျိုး နေရာ ရလာတာပါ။ ထပ်ပြီးလည်း ကြိုးစားသွားပါ့မယ်။ ကျွန်တော် အသက် ၁၇ နှစ်၊ ၁၈ နှစ်လောက် ကတည်းက ဒီလောကထဲကို ရောက် တယ်။ အလုပ်တွေ လုပ်တယ်။ ၂၆ နှစ်ထိ အလုပ်တွေ မနားတမ်း လုပ်တဲ့ အချိန်မှာ ကလေး ဆန်တဲ့ စိတ်နဲ့ ထွက်ပြေးခဲ့တာတွေရှိတယ်။ ၂၆ နှစ် လောက်မှာ အလုပ် မလုပ် တော့ဘဲ ၃၁ နှစ်လောက်မှာ ပြန်လုပ်မယ် စဉ်းစား ပြီး အသက် ၃၂ နှစ်မှာ ထဲထဲဝင်ဝင် သေချာပြန် လုပ်ဖြစ် တာပါ။ ကျွန်တော့် အနေနဲ့ ဒီ အလုပ် ကို အရင်ကထက် ပိုပြီး အများကြီး နားလည် လာတယ်။ တန်ဖိုးထား ရကောင်းမှန်းလည်း သိလာ တယ်။ အချိန်ပေးရကောင်း မှန်းလည်း သိလာတယ်။ ကျွန် တော် ကိုယ်တိုင် လည်း ဘယ် ဟာလုပ်ရင် ပျော်လဲ ဆိုတာသိ လာတယ်။ ကျွန်တော် ဘာဖြစ်ချင် လဲဆိုတာ သိလာပြီး ပိုကြိုးစား လာတာပါ”  လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here