ပရိသတ်အတွက် အမြဲရှင်သန်နေတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်သွားမယ့် ဒေါင်း

0
281

down

ဆာတိုရီထုတ်လုပ်ရေးရဲ့စင်တင်မင်းသားသစ်တစ်ဦးဖြစ်တဲ့ဒေါင်းရဲ့ ပထမဦးဆုံးဗီဒီယိုဇာတ်ကားဟာ ဈေးကွက်အတွင်းကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က ပရီစနစ် နဲ့ ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ “ဒုတိယနှလုံးသား” ဖြစ်ပြီး အဲဒီဇာတ်ကားဟာ ဒေါင်း အတွက်တော့ ဆာတိုရီထုတ်လုပ်ရေးကို ဒုတိယမြောက်ဇာတ်ကားအဖြစ် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒေါင်းပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “သူငယ်ချင်းများစွာ” ဖြစ်ပြီး တတိယမြောက် ရိုက်ကူးထားတဲ့ ဇာတ်ကားကတော့ “ဘယ်သူခြယ်တဲ့ ကောင်းကင်ပြာ” ဆိုတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ အဲဒီဇာတ်ကားတွေကလည်း မကြာခင်ကာလအတွင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒေါင်းကတော့ အခု ပထမဦးဆုံးထွက်ရှိလာတဲ့ “ဒုတိယနှလုံးသား” ဇာတ်ကားဟာ ရိုက်ကူးစဉ်ကတည်းက သေချာအားထုတ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်လို့ မှတ်ချက်ပြုဆိုလာပါတယ်။ ဇာတ်ကားရဲ့သဘောတရားကတော့ စစ်သား ကောင်လေးတစ်ဦးနဲ့ နိုင်ငံရေးကို စိတ်ဝင်တစား လိုက်ပါ ဆောင်ရွက်တတ်တဲ့ ကောင်မလေးတို့ရဲ့အမြင်မတူညီမှုတွေကြားက ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒေါင်းကတော့…

” ဒီဇာတ်ကားလေး ရိုက်ကူးကတည်းက ကျွန်တော့်မှာ ဖီလင်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ ဒီဇာတ်ကား လေးကို ကြည့်ပြီးသွားရင် တစ်ခုခုကို နားလည်သွားစေ ချင်တယ်။ ချစ်ခြင်းမေတ္တာတရားတွေနဲ့ ကြည့်စေချင်တယ်။ ငြိမ်းချမ်းချင်တဲ့ဆန္ဒနဲ့ နှစ်ဦးနှစ်ဖက် ပေါင်းစည်းမှုကို ရည်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တဲ့ အဲဒီအရာလေးကို တော့ ကြည့်မယ့်သူတွေ ခံစားစေလိုတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်တုန်းကပြောရတဲ့ ဒိုင်ယာလော့ခ်တွေကို ရွတ်နေကတည်းကလည်း ငြိမ်းချမ်းစေချင်တဲ့စိတ်နဲ့ ဒီဇာတ်လမ်းကို သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဆင်ဆာ ထိခဲ့တာတွေရှိပါတယ်။ ကျွန်တော်တို့ကို တားဆီးပိတ် ပင်သလို ခံစားခဲ့ရတယ်။ ဒီ့ထက်ပိုလွတ်လပ်ခဲ့မယ်ဆိုရင် ဒီ့ထက်ပိုပြီးကောင်းမွန်အောင် ဖန်တီးလို့ရခဲ့မှာပါ။ အဓိကက ချစ်ခြင်းမေတ္တာတရားလေးကို ဒီဇာတ်ကားမှာ ပြသထားပါတယ်။ ဇာတ်လမ်းရသမြောက်အောင် ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ တီးလုံးလေး ကအစ အသေးစိတ်ခံစားမိပြီဆိုရင် ဒီဇာတ်ကားက ဘယ်လိုဆိုတာကို ခံစားမိမှာပါ” လို့ ဆိုပါတယ်။ ဒေါင်းက ဆာတိုရီထုတ်လုပ်ရေးနဲ့ လက်တွဲလာတာ ၃နှစ်အတွင်း ရောက်ရှိလာခဲ့ပြီဖြစ်ပြီးအခု ဇာတ်ကားကတော့ ၃နှစ် အတွင်း ပထမဦးဆုံးထွက်ပေါ်လာတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အခုနှစ်ပိုင်းတွေမှာကြော် ငြာရိုက် ကူးမှုတွေလည်း များပြားလာခဲ့ပြီး ဒေါင်းရိုက်ကူးခဲ့တဲ့ ကြော်ငြာတစ်ခုဖြစ်တဲ့ Finder ကြော်ငြာဟာဆိုရင်လည်း လူကြိုက်များနေတဲ့ ကြော်ငြာတစ်ခုထဲ ပါဝင်နေပါတယ်။

” ကျွန်တော်က အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေကို အကုန် စိတ်ဝင်တစားနဲ့ လုပ်တဲ့သူပါ။ ပရိသတ်တွေကိုလည်း လေးစားတဲ့အတွက် အရာအားလုံးကို သတိထား ပါတယ်။ ပရိသတ်ကိုလေးစားတဲ့အတွက်ပါ။ ပရိသတ် အတွက် အမြဲရှင်သန်နေတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်သွားမှာပါ။ တခြားထုတ်လုပ်ရေးတွေနဲ့လည်း ရိုက်ကူးလို့ရပါတယ်။ တခြားထုတ်လုပ်ရေးတွေက လာ ကမ်းလှမ်းရင်လည်း ကျွန်တော်ရိုက်ကူးချင်တဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းမျိုးဆိုရင်တော့ ကျွန်တော်ရိုက်ကူးမှာပါ။ ကျွန်တော်ကသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့အတွက် အနုပ ညာရသမြောက်တဲ့၊ အနုပညာမြောက်တဲ့ ဇာတ်ကားတွေ၊ ခံစားချက်ဦးစားပေးတဲ့ ဇာတ်လမ်းလေးတွေကို ဆာတိုရီ ထုတ်လုပ်ရေးနဲ့ပူးပေါင်း ပြီးတော့ ဆက်လက်ကြိုးစား တင် ဆက်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေအနေနဲ့ စောင့်ကြည့် ပြီးတော့ ကျွန်တော့်ကို ဝေဖန်ပေးပါ။ ပရိ သတ်တွေက စောင့်ကြည့် ဝေဖန်ပေးမှသာတိုး တက်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာမယ်လို့ယုံကြည်ထားလို့ပါ” လို့ ဆိုပါတယ်။ ဒေါင်းကလက်ရှိမှာ တော့ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ် ကားရိုက်ကူးဖို့ အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here