နီနီခင်ဇော် ရဲ့ NEW YEAR ညအစီအစဉ်

0
239

ni-ni

အဆိုတော်နီနီခင်ဇော်က မန္တလေးမြို့ဟိုတယ်ရွှေပြည်သာရဲ့ နှစ်သစ်အကြို GOLDEN NIGHT ဂီတဖျော်ဖြေပွဲမှာ အနုပညာရှင်မောင်နှမတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေသီဆိုရင်း ဒီဇင်ဘာလ၃၁ ရက်နေ့ NEW YEAR ကုန်ဆုံးစေမှာ ဖြစ်ပါတယ်။

” NEW YEAR ညကို နီနီ ချစ် ခင်လေးစားရတဲ့ တေးသံရှင်သုံးဦးနဲ့အတူ ဖြတ်သန်းရမှာဖြစ်ပါတယ်။ တစ်ယောက်ကိုသီချင်း ၁ဝပုဒ်၊ ၁၂ ပုဒ်လောက်သီဆိုကြမှာပါ။ ဒီပွဲမှာအထူး အစီအစဉ်လေးတွေလည်း စီစဉ်ထားပါတယ်။ နီနီဆိုရင်တစ်ခါမှ မကဖူးသေးတဲ့ NEW VERSION အက အဖွဲ့နဲ့တွဲဖက်ပြီးဖျော်ဖြေသွားဖို့ရှိပါတယ်။ ည ၁၂နာရီကျော်လို့ COUNT-DOWN ပြီးသွားတဲ့ အချိန်ကျရင် GROUP SONG ဆိုဖို့လည်း စီစဉ်ထားပါတယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။ ၂ဝ၁၇ ခုနှစ်ကို ကြိုဆိုတဲ့ GOLDEN NIGHT ဂီတဖျော်ဖြေပွဲမှာ အဆိုတော် Rဇာနည်၊ လင်းလင်း၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်တို့က DREAM LOVER BAND နဲ့ တွဲဖက်ပြီး ည ၇ နာရီမှ ည၁၂နာရီအထိ ဖျော်ဖြေသီဆိုသွားမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here