အနုပညာသမားဖြစ်တဲ့အတွက် အနုပညာပိုးကတော့ မသေဘူး အကယ်ဒမီ မျိုးသန္တာထွန်း

0
219

myo-thandar-tun-1

ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ မျိုးသန္တာထွန်းက “အိမ်ကြက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အရင်လိုဇာတ်ကားအများ ကြီး မရိုက်ကူးဖြစ်တော့ပေမယ့်လာ ကမ်းလှမ်းတဲ့ ဇာတ် လမ်းတွေကို ရိုက်ကူးဖြစ်ပါတယ်လို့ဆိုတဲ့ မျိုးသန္တာထွန်းက ..
” အရင်ကလိုတော့ ဇာတ်ကားတွေ အများကြီး မရိုက်ကူးဖြစ်တော့ဘူး။ ခရီးကလည်းသွားလိုက်နဲ့ အခုလိုအကြောင်းတိုက်ဆိုင်လို့ လာခေါ်တဲ့ဇာတ်ကားတွေဆိုရင် ရိုက်ကူး ဖြစ်တယ်။ မရိုက်ကူးဘဲနဲ့ နေတာတော့ မဟုတ်ပါဘူး။ အနုပညာသမားဆိုတာ ကတော့ အနုပညာပိုးကတော့ မသေဘူး။ အကြောင်းအကျိုး မတိုက်ဆိုင်တော့လည်း မလုပ် ဖြစ်ဘူးပေါ့။ အခုလို တိုက်ဆိုင် လာတော့လည်း ဒီလိုမျိုး လုပ်ခွင့်ရတာကိုပဲ ဝမ်း လည်းသာပါတယ်”လို့ ပြောပါတယ်။ ဇာတ်ကား မရိုက် ကူးဖြစ်တဲ့အချိန်မှာတော့ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့ အနုပညာသမားဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကား တွေကို မလွတ်တမ်းကြည့် ဖြစ်တယ်လို့ ပြောပါတယ်။

” ကိုယ်ကသာ မရိုက်ကူးဖြစ်ပေမယ့် ဗွီဒီယိုတွေကြည့်ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်လည်း သွားကြည့်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာတော့ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ချင်စိတ်တွေကတော့ အမြဲတမ်းရှိနေပါတယ်” လို့ ပြောပါတယ်။ အခုခေတ်မှာ ဗွီဒီယိုဈေးကွက်မကောင်းတော့ပေမယ့်လည်း ရုပ်ရှင် ဇာတ်ကားတွေ ခေတ်ကောင်းပြီး အနုပညာအရရော၊ ငွေကြေးအရပါ အောင်မြင်လာကြတာ မြင်တွေ့လာရကြောင်း ပြောပါတယ်။

” အခုက အနုပညာအရရော၊ ငွေရေး ကြေးရေးအရရောအောင်မြင်လာတဲ့ ဇာတ်ကားတွေ တော်တော်များလာတယ်။ အရင်က ဆိုရင်အနုပညာအရအောင် မြင်ရင်ငွေရေးကြေးရေးက မအောင်မြင် ဘူး။ အခုခေတ်မှာကျတော့ အနုပ ညာအရရော၊ ငွေရေးကြေး ရေးအရရော အောင်မြင်လာတဲ့ ဇာတ်ကားတွေ ပိုများလာတော့ ထုတ်လုပ်တဲ့သူတွေ လည်း ဒီထက်ပိုပြီး ခွန်အားရှိလာတာပေါ့။ အနုပညာလောကအတွက်လည်း ထုတ်လုပ်သူ တွေများလာလေ အနုပညာလောကလည်း တိုးတက်လေပဲပေါ့ ” လို့ပြောပါတယ်။ အခါအခွင့်သင့်ရင် နောက်ထပ်ဇာတ်ကားတွေ ရိုက်ကူးသွားမှာပါဆိုတဲ့ မျိုးသန္တာထွန်းကအောင်ခေတ်မင်း ထုတ်လုပ်ရေးနဲ့ “ကြယ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးဖို့လက်ခံထားပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here