တရုတ်မလေးတွေ က မြန်မာမလေးတွေ လောက် ချစ်စရာ မကောင်းဘူး မင်းသွေး

0
120

7လတ်တလောမှာ မင်းသွေးက Travelling in China ခရီးသွား အစီအစဉ် ရိုက်ကူးဖို့ အတွက် တရုတ် နိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီခရီးစဉ် က ဒီဇင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၂၇ ရက် နေ့ အထိဖြစ်ပြီး ၂ ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ် နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ကို ရောက်ရှိနေတဲ့ မင်းသွေးကို ဆက်သွယ် မေးမြန်းတဲ့အခါ..

“အခု လောလောဆယ်တော့ ရှန်ဟိုင်းက Disney Resort ၊ Waitan (The Bund) ၊ Oriental Pearl Tower ၊ Huangpu River Cruise ၊ Yu Garden ၊ City God Temple တွေတော့ သွားရောက်ပြီး ပါပြီ။ သဘောအကျဆုံး ကတော့ မှန်တွေနဲ့ လျှောက်လမ်း လုပ်ထား တဲ့ Oriental Pearl Tower ကိုတော့ သဘောကျ တယ်။ နောက်ထပ် Hangzhou ၊ Suzhou ၊ Yangzhou  ဆိုတဲ့ မြို့၃ မြို့ကို ဆက် သွားဦးမှာပါ” လို့ ပြောပြပါတယ်။ Travelling in China အစီအစဉ်မှာ မင်းသွေး၊ အလင်းရောင်၊ ခင်လေးနွယ်၊ ခင်ဝင့် ဝါ၊ ဝိုင်းလေး တို့ ပါဝင် မှာဖြစ်ပြီး ခရီးစဉ် တစ်လျှောက်မှာ မင်းသွေးက ကင်မရာ တစ်လုံး နဲ့ ပျော်ရွှင်စရာ ခရီးသွား ပုံရိပ်တွေကို မှတ် တမ်း တင် ရိုက်ကူးနေတာ လည်း တွေ့ရပါတယ်။ တရုတ် နိုင်ငံရဲ့ ရာသီဥတု အခြေအနေ နဲ့ ခရီးသွား အတွေ့အကြုံ များကို မေးကြည့်တော့..

“တရုတ်ပြည် ကို ပထမဆုံး ရောက်ဖူးတာပါ။ ရာသီဥတု ကတော့ အေးတယ် ဗျ။ အပူချိန် ၁၃ ဒီဂရီက အများဆုံးပဲ။ အမြဲအေးတယ် ပဲ ပြော ရမှာပေါ့။ တရုတ် ပြည်ကတော့ လူ အင်မတန် များတဲ့ နိုင်ငံလို့ပြောရ မယ်။ Shanghai  တစ်မြို့တည်း မှာတောင် လူဦးရေ သန်း ၂ဝ လောက် ရှိတယ် ပြောတယ်။ ပြီးတော့ ကုန်ပစ္စည်း၊ အစားအသောက် နည်းနည်းဈေးကြီးတယ်။ တရုတ်ပြည်မှာ ထူး ထူး ခြားခြားတွေ့ ရတာ က ပြည်ပ သွင်းကုန်တွေ သိပ်မသုံးကြဘူး၊ သိပ် လည်း မရောင်းကြဘူး။ ပြည် တွင်းဖြစ်တွေပဲ များတယ်။ ဒါကလည်း စီးပွားရေး အရ ပြည်တွင်း က ငွေတွေ ပြည်ပကို မထွက်ရအောင် ထိန်း ထားတဲ့ သဘောလို့ မြင်မိပါတယ်။ ရှေးဟောင်း အဆောက် အအုံတွေ ရှိသလို မော်ဒန်ဖြစ်တဲ့ အဆောက် အအုံတွေနဲ့ မြို့ကို အလှဆင်ထား တယ်။ အခွေ အတွက်တော့ ရိုက် ကူးဖြစ်မယ် မထင်ပါဘူးဗျာ။ ယူ လာတဲ့ Camera က မိတ်ဆွေတွေ ကိုပဲ ဓာတ်ပုံ ရိုက်ကူးပေးဖြစ်တယ်။ ပြီးတော့ တရုတ်သံရုံးကလည်း အစစအရာရာ အဆင်ပြေအောင် ကူညီ ပါတယ်။ နောက်ဆုံး အနေနဲ့ ကတော့ တရုတ်မလေးတွေက မြန်မာမလေးတွေလောက် ချစ်စရာ မကောင်းဘူးဗျ” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here