မြန်မာပြည်မှာ မိသားစုပြန်ဆုံစဉ် အပန်းဖြေခရီးတွေ သွားဖြစ်မယ့် နိုင်းနိုင်း + စန္ဒီချို တို့မိသားစု

0
417

nn1

အမေရိကန်နိုင်ငံကနေ အလည်ပြန်လာတဲ့ ဇနီးနဲ့ သားသမီး တွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက် ၁ဝ နာရီခွဲက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ သရုပ်ဆောင်နိုင်းနိုင်း ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်။ နိုင်းနိုင်းရဲ့ဇနီး စန္ဒီချို၊ သားသမီး ၄ယောက်နဲ့ အတူ  စန္ဒီချို ရဲ့ ညီမနဲ့ မိဘနှစ်ပါးလည်း လိုက်ပါလာပြီး ကလေးတွေက ခရစ္စမတ်နဲ့ နယူးရီးယား ကျောင်းပိတ်တာကြောင့် အလည်ပြန် လာခြင်းဖြစ်ကာ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံမှာနေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လေဆိပ်မှာ လာကြိုတဲ့ ဖခင်ကို   မြင်မြင်ချင်းပြေးဖက်ကြတဲ့ သားနဲ့သမီးတွေရဲ့ မြင်ကွင်း ကို မြင်တွေ့ရတာကလည်း အင်မတန် ကြည်နူးပီတိဖြစ်စရာ ကောင်း လှပါတယ်။ စန္ဒီချိုနဲ့ သားသမီးတွေ မြန်မာနိုင်ငံ မပြန်လာဖြစ်တာ သမီးငယ်လေး Emereece တစ် သက် ၃ နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ အချိန်အတွင်းမှာ ကျိုက်ထီရိုး၊ ငပလီ၊ ပြင်ဦးလွင်နဲ့ အချိန်ရရင်ရသလို မိသားစုအပန်းဖြေခရီးတွေ သွား ဖြစ်မယ်လို့   နိုင်းနိုင်းက ပြောပါတယ်။

nn2

၇ နှစ်အရွယ် သမီးကြီး Floreece Cho Latt   က ၂ တန်း၊ ၅ နှစ်အရွယ် သား Anderson Cho Latt  က မူလတန်း၊ ၄ နှစ်အရွယ် တတိယမြောက်သမီး Emerida Cho Latt  က မူကြိုတက်နေပြီး သမီးအငယ်ဆုံးလေး Emereece Cho Latt က ၃ နှစ်သာရှိသေးတဲ့ အတွက် ကျောင်းမနေသေးဘူးလို့ သိရပါတယ်။

nn

“အကြီးနှစ်ယောက်က လောလောဆယ် ကျောင်းတွေ ခရစ္စမတ်ပိတ်ထားလို့ လာလည် တာပါ။ ဒီမှာ ၂ ပတ်ဆိုတော့ ရက်ရှည်ဖြစ်တဲ့အ တွက် ကျောင်းပျက်ရတယ်။ ခွင့်လည်းယူထား ပါတယ်။ ကျွန်တော့်အမျိုးသမီးလည်း မြန်မာ ပြည် မရောက်တာ ၃ နှစ်လောက်ရှိပြီ။ အငယ် ဆုံးလေး တစ်သက်ပေါ့။ ဒီကို တခြားကိစ္စတွေနဲ့ ပြန်ရောက်လာ တာပါ။ မရောက်တာကြာပြီဖြစ်တဲ့ ကျွန်တော့်အမျိုး သမီးလည်း ရန်ကုန် မြို့နဲ့ ကင်းကွာသွားတာ ၃ နှစ် လောက်ရှိပြီဆိုတော့ သူ့အတွက် မြင်မြင်သမျှအား လုံးက သွားရည်ယိုစရာတွေ ဖြစ်နေပါလိမ့်မယ်” လို့ နိုင်းနိုင်းက ရယ်မောစွာ ပြောပြခဲ့ပါတယ်။

ကြည်နူးပျော် ရွှင်စရာကောင်းလှတဲ့ နိုင်းနိုင်း တို့မိသားစုကို ပရိသတ်တွေအားလုံးက အားကျ နေကြပြီး ချစ်ခင်အားပေးကြပါတယ်။

မိသားစု နဲ့ နိုင်ငံခြားပြီး တကွဲတပြားမှာ နေထိုင်နေ ရပေမယ့်လည်း ကြည်နူးပျော်ရွှင်စွာ နေ ထိုင်နိုင် ဖြစ်ပုံကိုတော့ နိုင်းနိုင်းက ..

“ကျွန်တော်ဆိုရင် သွားလိုက်၊ ပြန် လိုက်ပဲ။ တစ်နှစ်မှာဆိုရင် နှစ်ခေါက် လောက် သွားလိုက်၊ ပြန်လိုက် လုပ် တယ်။ သူဆိုရင် ၃ နှစ်   မြောက်မှာ ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို ပြန်ရောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေက အနေဝေး ကြပါတယ်။ တစ်ခါ တလေကျ တော့လည်း ရန်တွေလည်း ဖြစ် ကြပါတယ်။ မဖြစ်ဘူးဆိုတာမရှိ ပါဘူး။ ဒါပေမဲ့ ရန်ဖြစ်လည်း ခဏပါပဲ။ ရန်ဖြစ်တဲ့ အကြောင်း အရာကလည်း ထွေထွေထူးထူး မရှိပါဘူး။ ဒီလိုပဲ သားသမီးကိစ္စ၊ ဟိုကိစ္စ၊ ဒီကိစ္စတွေ ဖြစ်တာများ ပါတယ်။ ဒါပေမဲ့ ဒါတွေက သေးသေး မွှားမွှားပါပဲ။ အဓိကတော့ တစ်ယောက် နဲ့ တစ်ယောက် အချိန်ပေး မှု၊ နားလည်ပေးမှု၊ ကြင်နာ ပေးမှုတွေနဲ့ မိသားစုလေးကို ကလေးေ လးတွေကအစ ဂရုတစိုက်နဲ့ ထိန်းကျောင်းပါတယ်။ ကျွန်တော်တို့မှာ ဘေး အကူ ဆိုလို့ တခြားအကူတွေသိပ်မရှိပါဘူး။အဘိုး၊ အဘွားတွေ အားရင်လည်း ထိန်းပေးပါတယ်။ ကျွန် တော့် အမျိုးသမီးက ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ကလေးတွေလည်း သူပဲ ဂရုတစိုက် ထိန်းပေးတယ်။ ကျွန် တော်တို့ ဒီလိုဘဝတွေကို ဖြတ်သန်းနေတာက အဓိက တော့ နားလည်မှုပါပဲ။ နောက်တစ်ခုက သားသမီးတွေကို အချိန်ပေးနိုင်မှု၊  မိသားစုကို အချိန်ပေးနိုင်မှုတွေ အများ ကြီးပါပါတယ်လို့ ကျွန်တော် ထင်ပါတယ်။  တခြားသော မိသားစု တွေလည်း ချစ်ဖို့ကောင်းမှာပါ။ ကိုယ့်မိသားစုကို ကိုယ်ချစ်ကြတာ ဓမ္မတာပါပဲ” လို့ပြောပါတယ်။

နိုင်းနိုင်းက ကလေးတွေကို တတ်နိုင် သလောက် ဂရုစိုက်ဖြစ်ပေမယ့် အဓိက ဂရုစိုက်ပံ့ပိုး ထိန်းကျောင်း ပေးတာကတော့ သူ့ရဲ့အမျိုး သမီးပါပဲ လို့ ပြောပါတယ်။

“ကလေးတွေက ငယ်သေးတဲ့အတွက် ကျွန်တော်ကတော့ ပညာရေး၊ ကျန်းမာရေးတွေပဲ ဂရုစိုက်ပါတယ်။ ကျွန်တော့်အမျိုးသမီးလည်း ဂရုစိုက်ပါတယ်။ ကျွန်တော်ဂရုစိုက်တယ်ဆို တာက သူ့လောက်တော့ အနီးကပ် စောင့်ရှောက် ခွင့်မရဘူး ပေါ့။ ကျွန်တော်သွားတဲ့ အချိန်မှာ ဂရုစိုက်ဖြစ်တယ်။ အဓိက ဂရုစိုက် တာက ကျွန်တော့် အမျိုးသမီးပါ။ သူက ပညာရေးရော၊ ကျန်းမာရေး ရော နှစ်ခုစလုံး ဂရု စိုက်တယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here