ခရီးသွားတဲ့အခါ ဒေသန္တရ ဗဟုသုတတွေ ရပါတယ် စုလင်းရှိန်

0
203

 su5-copy

  ခရီးသွားရာသီလို့ ဆိုရမှာ ဖြစ်တဲ့ ဒီဇင်ဘာလမှာဆိုရင်တော့ ကိုယ်ချစ်ခင်ရတဲ့မိသားစု၊သူငယ် ချင်း၊ မိတ်ဆွေတွေနဲ့အတူ အပန်း ဖြေ ခရီးသွားရောက်လေ့ရှိ ကြပါ တယ်။ သရုပ်ဆောင် စုလင်းရှိန် ကလည်း မိခင်နဲ့အစ်မဖြစ်သူတို့နဲ့ အတူ ဒီဇင်ဘာလထဲမှာပဲ ဘန် ကောက် ကို ၅ရက်ကြာ အလည် အပတ်ခရီးသွားခဲ့တယ်လို့သိရပါတယ်။ ခရီးသွားရတာကို သဘောကျတယ်လို့ဆိုတဲ့ စုလင်း ရှိန်က မိသားစု နဲ့အတူ ဘန်ကောက်မှာ လျှောက်လည် ဖြစ်ခဲ့ပုံတွေကိုတော့ …

su4-copy

“Madame Tussauds တို့ Art paradise တို့ Aisa Gate River View  လည်းရောက်ခဲ့တယ်။ ရှော့ပင်း ကတော့ ဘန်ကောက်မှာရှိ တဲ့  shopping centre တော်တော်များများလည်း ပတ်ပြီးသွားပြီ။ ပြီးတော့ ညီမကကြောင်လေးတွေချစ်တော့ ကြောင် လေးတွေရှိ တဲ့ Caturday Cat Cafe ဆိုင်ကိုလည်းရောက်အောင်သွားခဲ့တယ်။ ကြောင်လေးတွေရှိတဲ့ café  ကို လူတော်တော်များများ လာကြည့် ကြ   တော့ သေသေချာချာ သပ်သပ်ရပ် ရပ်တော့ထား ထားတာ တွေ့ရပါတယ်။ ဆိုင်ထဲကို ဝင်ခါနီး ဆိုရင် လက်အရင်ဆေးရတယ်။   ကြောင် လေးတွေကို ပွေ့ချီလို့မရ ဘူး။ သူတို့ သွားနေတာကိုပဲ လက်နဲ့ပွတ်လို့ ရတယ်။ အဲဒီနေရာလည်း ရောက်ခဲ့တယ်။ ဒီဇင် ဘာလမှာ မိသားစု အပျော်ခရီးသွားဖြစ်တာပါ။ ညီမက ခရီးသွားရရင် ပျော်တယ်။ မြန်မာနိုင်ငံ ထဲမှာရော နိုင်ငံခြားခရီးရော ကိုယ်သွားနိုင် သေ လာက် သွားဦးမှာပါ။ ခရီးသွားရတာလည်း ဝါသနာပါတယ်။ ကိုယ်ကြုံတွေ့ရတဲ့ အသစ်အ ဆန်းလေးတွေကို ဓာတ်ပုံရိုက်ပြီးတော့ဖြစ်ဖြစ်   ဖေ့စ်ဘုတ်မှာ Live လွှင့်ပြီးတော့ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေ မရောက်ဖြစ်တဲ့သူတွေ၊ မသွား ဖြစ်တဲ့သူတွေကို ပြရတာ သဘောကျတယ်” လို့ ပြောပါတယ်။ ခရီးသွားတဲ့အခါ ဗဟုသုတတွေ လည်း ရရှိတယ်လို့ဆိုတဲ့ စုလင်းရှိန်က…

su2-copy

   “ခရီးသွားခြင်းအကျိုးကျေးဇူးက ကိုယ့် ရဲ့စိတ်လည်းချမ်းသာတယ်။ ဒေသန္တရဗဟုသုတတွေလည်းရတယ်။ မိသားစုနဲ့သွားရင် လည်း မိသားစုအချင်းချင်း နွေးထွေးမှု ရတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားရင် လည်း အဖွဲ့ အစည်းနဲ့သွားရင် ဘယ်လိုဆက်ဆံ ရလဲဆိုတာသိနိုင်တယ်” လို့ ခရီးသွား ခြင်းအ ကျိုးကျေးဇူးကိုလည်း ပြောပြပါတယ်။စုလင်းရှိန် က ‘အဖြူကို အရောင်မဆိုးသူများ’ ဇာတ် ကားကို အောင်ရဲလင်း၊ ယမင်းမေဦးတို့နဲ့ သရုပ်ဆောင် ထားကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

su3-copy


LEAVE A REPLY

Please enter your comment!
Please enter your name here