လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ အနာဂတ်အစီအစဉ်

0
376

loon-htwar-htwar-2-copy

စာရေးဆရာမ လွန်းထားထား  (ဆေးတက္ကသိုလ်) ရဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာ အံ့ထွန်းမောင်ရဲ့ ရဟန်း ခံ ရှင်ပြုအလှူပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဓမ္မရဝေတောရ ကျောင်း တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူ နဲ့ ပတ်သက်ပြီး စာရေးဆရာမလွန်းထားထား (ဆေးတက္က သိုလ်)  က..

“အစ်မအမျိုးသား ကိုအံ့ က ရဟန်းခံရှင်ပြုတာကို တအား ဝါသနာပါတယ်။ ငယ်ငယ်ကတည်း ကလည်း ခဏခဏရှင်ပြုခဲ့တာပါ။ အခုအချိန်ဆို ၁၅ ကြိမ်မြောက် ဘုန်းကြီးဝတ်တာ။ အစ်မအနေနဲ့ တအားပီတိဖြစ်ပါတယ်။ အရင် တစ်ခေါက်ကလည်း လယ်တီကျောင်း မှာ ဝတ်ခဲ့တုန်းကလည်း ရဟန်းအမ ဖြစ်ခဲ့ရတယ်။ အခုလည်း ရဟန်းအမ ထပ်ဖြစ်ခွင့်ရတဲ့အတွက် တအား ဝမ်းသာပါတယ်” လို့ ပြောပြပါ တယ်။ လွန်းထားထား (ဆေး တက္ကသိုလ်) က အခုလက်ရှိမှာ တော့ ‘သူ့ပခုံးထက်က တက်တူး’ ဝတ္ထု ထွက်ရှိထားပါတယ်။ သူ အခု လက်ရှိရေးနေတာကတော့ ‘အနီ ရောင် ပုလဲတစ်ကုံး’ ဆိုတဲ့ ဝတ္ထုပါ။ အဲဒီဝတ္ထုနဲ့ပတ်သက်ပြီး လွန်းထား ထား (ဆေးတက္ကသိုလ်) က..

   “မကြာခင်ထွက်တော့မှာပါ။ ဇာတ်သိမ်းပိုင်းရေးနေပါပြီ။ ဖေဖော် ဝါရီလလောက်မှာ ထွက်ဖြစ်ပါလိမ့် မယ်။ ဒီဝတ္ထုက အခုခေတ် မိန်း ကလေး တွေဘဝမှာ ကိုယ် အောင်မြင်မှုရဖို့၊ ကိုယ် အမြင့်ကို ရောက်ဖို့အတွက် လူတစ်ယောက် ကို လှေကားထစ် အဖြစ် အသုံးချဖို့ စိတ်ကူးတယ်။ တကယ်တမ်းမှာ ကိုယ့်ဘဝကို သူတစ်ပါးကို အသုံးချ ပြီး လျှောက် လှမ်းတာထက် ကိုယ် ကိုယ်တိုင် လျှောက်လှမ်းတာ၊ ကိုယ့် ခြေထောက် ပေါ် ကိုယ်ရပ်တည်ပြီး လျှောက်လှမ်း တာက ပိုပြီးတော့ မွန်မြတ်တယ်ဆိုတဲ့ မက်ဆေ့ခ်ျ လေး။ အဓိကကတော့ မိန်းကလေး တွေအတွက် အားမာန် ပေးတဲ့ဝတ္ထု လေးပါ။ မိန်းကလေးတွေ အတွက် စိတ်ဓာတ်ခွန်အား ရစေမယ့် ဝတ္ထု လေးပါ။ ဒီဝတ္ထုလေး ကိုလည်း မထား ရဲ့ အမာခံပရိသတ်တွေ ကြိုက်နှစ် သက်လိမ့်မယ်လို့ ထင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။လွန်းထားထား တို့ မိသားစုက ဇန်နဝါရီလ ၄ ရက်နေ့ မှာ အင်္ဂလန်နိုင်ငံကို ပြန်မှာဖြစ်ပါ တယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here