ကျွန်မ ချစ်သူက အနုပညာလောကထဲကပါပဲ ပိုင်ဖြိုးသု

0
147

paing-phyo-thu-copy

သရုပ်ဆောင် ပိုင်ဖြိုးသုမှာ ချစ်သူရှိနေပြီဖြစ်ပြီး ချစ်သူသက်တမ်းကလည်း ၃ နှစ်နီးပါးရှိခဲ့ပြီလို့လည်း သိရပါတယ်။ သူမရဲ့ အချစ်အေ ကြာင်းနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုက..

“ဒီအရွယ်မှာ ရည်းစားရှိနေသားနဲ့ မရှိပါဘူးလို့လည်း ပရိသတ် ကို မညာချင်ပါဘူး။ အဲဒါကြောင့်ညီမမှာ ရည်းစားရှိနေကြောင်းကို ဖွင့်ပြောရခြင်း ဖြစ်ပါတယ်။ သူနဲ့က ချစ်ကြိုက် လာတာ ၃ နှစ်နီးပါး ရှိနေပါပြီ။ သူကလည်း ဒီအနု ပညာလောကထဲကပါပဲ။ သူနဲ့က အကြိုက်ချင်းတူတယ်။ အဓိကကတော့ အနုပညာသမား အချင်းချင်းဆိုတော့ နားလည်မှုတစ်ခုရှိတယ်။ အဲဒီအတွက် ပိုအဆင်ပြေပါတယ်။ အခုအချိန်မှာ ညီမတို့ ချစ်သူနှစ်ဦးက အေးချမ်းပျော်ရွှင်စွာနဲ့ ချစ်သူဘဝကို ဖြတ်သန်းနေပါတယ်။ သူ့အချစ် က ညီမအတွက် တအားအေး ချမ်း တယ်။ ငြိမ်းချမ်းပါတယ်။ အဲဒီလို အချစ်မျိုး ကို ရရှိထားလို့ ညီမ တအားပျော် ရပါတယ်။ ရှေ့ လျှောက်လည်း ပျော်ရွှင်စွာနဲ့ ချစ်သူဘ ဝကို ဖြတ်သန်းချင်ပါသေးတယ်။ ချစ်သူ ရှိနေပေမယ့်လည်း အိမ်ထောင်ပြုဖို့ကတော့ စောနေပါသေးတယ်။ အခုအချိန်မှာညီမ အတွက် အနုပညာ အလုပ်က နံပါတ်တစ် ဖြစ်နေပါတယ်” လို့ အချစ် ရေးနဲ့ပတ်သက်ပြီး ပြောပြ ပါတယ်။ အခုလတ်တ လောမှာတော့ ပိုင်ဖြိုးသုက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးမယ့် ‘ကြယ်’ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here