ပရိသတ် မကြိုက်တဲ့ အဝတ်အစား တွေ ဝတ်ခဲ့မိကြောင်း အေးမြတ်သူ

0
253

aye-myat-thui၂ဝ၁၆ ခုနှစ်မှာတော့ အေးမြတ်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေ ရုံတင်ပြသ လာတာကို တွေ့ရပါ တယ်။ ဇန်နဝါရီ လထဲမှာ ရုံတင်ပြသတော့ မယ့် “ငဘ” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း အေးမြတ်သူ ပါဝင်သရုပ်ဆောင် ထားပါ တယ်။ ရိုက်ကူး ခဲ့တဲ့ ဇာတ် ကားတိုင်းကို လည်း အကောင်းဆုံး ကြိုးစား ပြင်ဆင်ပြီး ရိုက်ကူးခဲ့တဲ့ အတွက် ကျေနပ်အားရ မှုရှိကြောင်း ပြောပါတယ်။

“အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ ဇာတ်ကား အတွက် ကြို တင်ပြင်ဆင်ပြီး လုပ်ထားတဲ့ အတွက် အခက်အခဲ ဘာမှ မရှိပါဘူး။ ဇာတ်ကား တိုင်းကို အေးမြတ်သူ အားရတယ်။ သေသေ ချာချာလေး လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလုပ်ခဲ့တဲ့ အရာတွေက ပရိသတ်တွေရဲ့ စကားသံပေါ်မှာ မူတည်ပြီး လုပ်ရတယ်။ အားရတယ်လို့ပြော လည်း ပရိသတ်လက်မခံရင် ဘာမှ လုပ်လို့မရ ဘူး။ ပရိသတ်ရဲ့အသံကိုပဲ အဓိကထားပါ တယ်” လို့ အေးမြတ်သူက ပြောပါတယ်။

သူ့အတွက် ကံကောင်းတဲ့ နှစ် တစ်နှစ်ဖြစ်တဲ့ ၂ဝ၁၆ခုနှစ်မှာ တော့ ပရိ သတ်တွေ နဲ့ နီးစပ်မှု ပိုရှိ လာတာကြောင့် တစ်ခါတလေ ပရိ သတ် အပေါ်မှာလည်း ဆိုးခဲ့မိကြောင်း ပြောပါတယ်။

“၂ဝ၁၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဇာတ် ကားတွေ ၂ဝ၁၆ခုနှစ်မှာ တန်းစီပြီး ပြ တယ်။ ပရိသတ် နဲ့ပိုပြီး နီးစပ်မှု ရှိသွား တယ်။ ပရိသတ် အပေါ် အေးမြတ်သူ ဆိုးခဲ့ မိတယ်။ ပရိသတ် မကြိုက်တဲ့ အဝတ်အစား တွေ တစ်ခါတလေ ဝတ်ခဲ့မိတယ်။ ဝတ်တဲ့ အခါကျရင် သူတို့ စိတ်ဆိုးပေမယ့်လည်း ကိုယ့်ကို အမြဲတမ်း လျှော့ပေါ့ပြီး စိတ်ပြေ ပေးတယ်။ ပရိသတ် မျက်နှာ မပျက်အောင် လည်း ဆင်ခြင်ပြီးနေပါ့မယ်လို့ ပြောချင်ပါ တယ်” လို့ အေးမြတ်သူက ပြောပါတယ်။

၂ဝ၁၇ ခုနှစ်မှာတော့ အေးမြတ်သူက တီဗီရိုဂရမ်၊ ခရီး သွားပရိုဂရမ် ဇာတ်လမ်း တွဲများ၊ ဇာတ်ကား ရိုက်ကူးမှုများလည်း ရိုက်ကူးဖို့ ရှိကြောင်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here