အနုပညာလောက မှာ နာမည်ပျက် မရှိအောင် နေထိုင်မယ့် ပက်ထရစ်ရှာ

0
301

pastraycia“မကြွေပါနဲ့ ဆာကူရာ” ဇာတ်ကား ကနေ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် ပက်ထရစ်ရှာက မကြာ ခင်မှာ ကုန်ဆုံးတော့မယ့်  ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးဟာ သူ့အတွက် ကံကောင်းတဲ့ နှစ်တစ်နှစ် ပါလို့ ပြောပြလာပါတယ်။

“၂ဝ၁၆ ခုနှစ် အစကတည်းက ညီမအတွက် ကံကောင်းတဲ့ နှစ်ပါလို့ ပြောလို့ရပါတယ်။ ဒီသရုပ်ဆောင် လောကထဲကိုလည်း ဝင်ခွင့် ရတဲ့ နှစ် ဆိုလည်း မမှားပါဘူး။ ဒီနှစ်ထဲမှာ ညီမ အနုပညာ အလုပ်တွေ တော်တော်များများ လုပ်ခဲ့ရတယ်။ ရုပ်ရှင် ဇာတ် ကား တွေ ဆိုလည်း ရိုက်ကူးခွင့် ရလာခဲ့တယ်။ အခု ညီမပါဝင်တဲ့ ပဲခူးဆားနှင့် သူ၏ ဗိုင်းရပ်များရုပ်ရှင် ဇာတ်ကား ရုံတင်ပြီ။ မကြာ ခင်မှာ ရာဇဝင် ရိုင်းသူများ ဇာတ်ကား ရုံတင်မယ်။ ရိုက်ပြီးသား ဖြစ်တဲ့ ရုပ်ရှင် ဇာတ်ကားတွေ လည်း ဆက်တိုက် ရုံတင်ဖို့ ရှိသလို ဆက်လက်  ရုပ်ရှင် ဇာတ်ကားတွေ လည်း ရှိနေပါသေးတယ်။ ဒီ ၂ဝ၁၆ ခုနှစ် ထဲမှာ ပရိသတ် အားပေးမှု တွေကိုလည်း အထိုက် အလျောက် ရရှိလာခဲ့တဲ့ အတွက် ဒီနှစ်ဟာ ညီမအတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်ပါ” လို့ တစ်နှစ်စာလုံး အတွက် ပြန်လည် သုံးသပ်စကားဆိုခဲ့ ပါတယ်။

မကြာခင် ရောက်ရှိ လာတော့မယ့် နှစ်သစ် ၂ဝ၁၇ ခုနှစ်မှာ လုပ်ဆောင်သွားမယ့် အနုပညာ အစီအစဉ် များနဲ့ ပတ်သက်ပြီးလည်း သရုပ်ဆောင် ပက်ထရစ်ရှာ က အခုလို ပြောပြခဲ့တာက “ပိုပြီးတော့ ရုပ်ရှင်ဇာတ် ကားတွေကို စိစစ်ပြီး ရိုက်ကူးမယ်။ အခု ညီမ ရိုက်ကူးရ တဲ့ ရုပ်ရှင် ဇာတ်ကားတွေက အများ နဲ့ပါဝင်ရတဲ့ ဇာတ်ကား တွေက များနေသေးတယ်။ ခေါင်းဆောင် မင်းသမီး အဖြစ် ရိုက်ကူး သွားနိုင်အောင် ကြိုးစား သွားမယ်။ ပြီးတော့ ညီမ ခံယူထားတာက ကိုယ့်ဇာတ်ကားတွေ များဖို့ကို အဓိက မထားဘူး။ ညီမဇာတ်ကားတွေ အထွက် ကျဲရင် ကျဲပါစေ၊ ထွက်လာတဲ့ ဇာတ်ကား တွေက သူ့ဇာတ်ကားချည်းပဲ။ ကြည့်လိုက်ရင် လည်း အရည်မရ အဖတ်မရ ဆိုတာ မျိုးတွေ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ဇာတ်ကား ထွက်တာနဲ့ အားပေးမယ့် ပရိသတ်တွေ ပိုက်ဆံ အကုန်ခံပြီး ကြည့်ရတာ၊ မျက်စိ အညောင်းခံပြီး ကြည့်ရတာ နဲ့ တန်စေ ချင်တယ်။ အဲဒါကြောင့် တစ်ကားဆို တစ်ကား ဇာတ်အိမ်ကောင်း၊ ဇာတ် လမ်း ကောင်းကောင်း တွေကို ရွေးပြီး ရိုက်ကူးဖို့ ညီမ စီစဉ်ထားတယ်။ ဆုံး ဖြတ် ထားတယ်ပေါ့နော်။ ဒီလောက ထဲမှာ နေတဲ့အတွက် နာမည်ပျက် မရှိအောင်လည်း ညီမ နေထိုင်မယ်။ ကိုယ့်ရဲ့ ဆရာသမားတွေရဲ့ စကားကိုလည်း နားထောင်ပြီး အလုပ်ကို အရင် ထက် ပိုကြိုးစားသွားပါ့မယ်” လို့ ပြောပြခဲ့ပါတယ်။ အခု လတ်တလောမှာတော့ ပက်ထရစ်ရှာ က ဒါရိုက်တာဂျိုး ရိုက်ကူးနေတဲ့ ANGEL OF BAD BOYS  ရုပ်ရှင်ဇာတ်ကား ကို ဇေရဲထက်နဲ့အတူ ရိုက်ကူးနေပါတယ်။

 ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here