၂ဝ၁၇ခုနှစ်မှာ အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်မယ့် နန်းမြတ်ဖြိုးသင်း

0
160

nan-myat-phyo-thin-2-copy

   နန်းမြတ်ဖြိုးသင်းက ၂ဝ၁၆ ခုနှစ်မှာတော့ သရုပ်ဆောင်ပိုင်းမှာ ပိုပြီးနေရာရလာတယ်လို့ ဆိုရမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေလည်း   ခေါင်း ဆောင်အနေနဲ့ ရိုက်ကူးဖြစ်ခဲ့သလို တီဗွီဇာတ်လမ်းတွဲတွေကိုလည်း ရိုက် ကူးခဲ့ရပြီး ပရိသတ်အားပေးမှု တွေလည်း ရရှိခဲ့ပါတယ်။

   “၂ဝ၁၆ခုနှစ်ရဲ့နှစ်စက နန်းမြတ်အတွက် အီဖေကိုယ်တို့ရွေး ကောက်ပွဲ ရုပ်ရှင်ဇာတ်ကားနဲ့စခဲ့တယ်။ နန်းမြတ်အတွက် အမှတ်တရ ဘဝမှတ်တိုင် ဖြစ်ခဲ့ပါတယ်။ နန်းမြတ် ပထမဆုံး ရုပ်ရှင်ဇာတ်ကား ကြီးကို ခေါင်းဆောင်အနေနဲ့ရိုက်ရတဲ့ ဇာတ်ကားပါ။ ဆက်ပြီးတော့
ဒီနှစ်ထဲမှာပဲရိုက်တဲ့ ရွှေမိုးငွေမိုးဇာတ်လမ်းက တစ်နှစ်အတွင်း လွှင့်ခဲ့တယ်။ ပရိသတ်လက် ခံတဲ့ဇာတ် လမ်းတွဲဖြစ်ခဲ့တယ်။ ထပ်ပြီးတော့ နန်းမြတ်အတွက် အမှတ်တရတွေဖြစ်ခဲ့တယ်။ ၂ဝ၁၇ ခုနှစ်အတွက်လည်း ၂ဝ၁၆ ခုနှစ်က ကူပြီးပံ့ပိုးပေးတဲ့ နှစ်လို့ပြောရမှာပါ။
၂ဝ၁၇ခုနှစ်မှာ အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။

သရုပ်ဆောင်အလုပ်လုပ်နေ တာ၎နှစ်ကျော်ရှိပြီဖြစ်တဲ့ နန်းမြတ် ဖြိုးသင်းက ဒီနှစ်ပိုင်းထဲမှာ ပရိသတ်တွေရဲ့ အသိအ မှတ်ပြုမှုကို ပိုရလာတဲ့အတွက် ပိုပြီးကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

“ဒီနှစ်ပိုင်းထဲမှာမှ ပရိသတ်က ပိုပြီးသရုပ်ဆောင် တစ် ယောက်အနေနဲ့ သတ်မှတ်ပြီး အသိအမှတ် ပြုလာတယ်။ နန်းမြတ်ရဲ့ အိုက် တင်တွေကို သူတို့အကဲခတ်လာတယ်။ လက်ခံ လာတယ်ဆိုတော့ အများကြီး ဝမ်းသာရပါတယ်။ အခုနန်းမြတ်ကို ပရိသတ်တွေကရော၊ ပရိုဂျူဆာ တွေကရော နေရာလေးတစ်နေရာ ပေးကြတယ်။ သူတို့လက်ခံလာတဲ့အပေါ်မှာ ဒီနေရာနဲ့ ထိုက်တန် တဲ့သူတစ်ယောက် ပရိသတ်လက်ခံတဲ့သူ တစ်ယောက်ဖြစ် အောင် ဆက်ပြီးကြိုးစားရမယ်။ ပိုပြီးတာဝန်ကြီးလာတယ်။ အိုက်တင်ရော အပြင်အဆင်အစစ အရာရာ ပိုဂရုစိုက်ဖြစ် လာတယ်” လို့ ပြောပါတယ်။

ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် အနုပညာ အလုပ်တွေ ကိုလည်း ဝေဖန်အကြံပေးစေလိုကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here