ဆယ်နှစ်အတွင်းမှာ ပထမဆုံး ဂီ တ ဆု ရ ရှိ တဲ့ ရတနာမိုင်

0
342

yadana-my-1-copy

အဆိုတော် ရတနာမိုင်က ရွှေ FM ရေဒီယိုရဲ့ ၇ နှစ်မြောက်နှစ်ပတ်လည် ဆုပေးပွဲမှာ သူမရဲ့Good Night  ချစ်သူ သီချင်းနဲ့အတူ ဂီတဆု တစ်ဆုရရှိခဲ့ပါ တယ်။ဒီဆုဟာ သူမ ရဲ့ဂီတသက်တမ်း ၁ဝနှစ် အတွင်းမှာ ပထမဆုံး ချီးမြှင့်ခံရတဲ့ ဆုဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ် မိပြီး ရှေ့ ဆက်မယ့်အနုပညာ လုပ်ငန်းတွေအတွက် အားတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

“ဒီဆုက ရမယ်လို့ ကြိုသိမထားဘူး။ ညီမက အဲဒီနေ့က ခရီးလွန်နေတာ။သူငယ်ချင်း တစ်ယောက်က Messenger  ကပြောမှရမှန်း သိတာ။ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ညီမ ရဲ့ အနုပညာသက်တမ်း ၁ဝ နှစ်အတွင်းမှာ ဒီဆုလေးက ပထမဆုံးပါ။ခုလို အသိအမှတ်ပြု ဆုလေးတစ်ဆု ရရှိ လာတဲ့ အတွက်လည်း ရှေ့ဆက် မယ့် အနုပညာခရီး လမ်းအတွက် အားဖြစ်ပါတယ်။ ခုလို ရရှိအောင် အားပေးကြတဲ့ ပရိသတ်ကြီး အားလုံးကိုလည်း ကျေး ဇူးတင်ပါတယ်။ ဆက်ပြီးလည်း ဒီထက်ပို ကြိုးစား သွားမှာပါ” လို့ ရတနာမိုင်က ပြောပါတယ်။

    ရတနာမိုင်က ရွှေ FM ကဆု ရရှိတဲ့ အမှတ်တရ အနေနဲ့ ပရဟိတ အလှူတွေလည်း ပြုလုပ်သွားဖို့  ရှိပြီး ၂ဝ၁၇ခုနှစ် နှစ်သစ်ကူး ညကိုတော့ ထားဝယ်မြို့  မှာ သီချင်း ဆိုရင်း ဖြတ်သန်းခဲ့တယ်လို့လည်း သိရ ပါတယ်။ ရတနာမိုင်က ၂ဝ၁၇ခုနှစ် နှစ်ဆန်းမှာတော့ Mini Album  တစ်ခုစီစဉ်ဖို့ ရှိနေပြီး ဒီ Album မှာတော့ သီချင်း ၄ပုဒ် ဒါမှမဟုတ် ၅ပုဒ် ပါဝင်မယ်လို့ သိရပါတယ်။

“ညီမ အခု နှစ်ဆန်းမှာMini  စီးရီးလေးတစ်ခွေ ထွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ဒီစီးရီးမှာတော့ သီချင်း ၄/ ၅ပုဒ်လောက် ထည့်ဖို့ စီစဉ်ထားတယ်။သင်္ကြန်နဲ့လည်း နီးလာပြီဆိုတော့ သင်္ကြန်သီချင်း လေးတစ်ပုဒ်လည်း ထည့်ထားတယ်။ အဲဒီစီးရီးလေး ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ပြီးရင်တော့ သူသိစေစီးရီးရဲ့ MTV  ကို ရိုက်ကူးဖို့ ပြင်ဆင်မှာပါ” လို့ ရတနာမိုင် ကပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here