ဗုဒ္ဓဘာသာကို ကိုယ်ကိုယ်တိုင် လေ့လာပြီးမှ သက်ဝင်ယုံကြည် ကိုးကွယ်တာပါ နန်းထက်ထက်ဦး

0
200

bar-tar-yay-3

ဘာသာရေးလုပ်ငန်းတွေမှာ ရော၊ ဘာသာတရားအပေါ်အလေးအနက်ထား ကျင့်ကြံပွားများအား ထုတ်လိုက်စားမှုတွေမှာပါ လူငယ်တွေ အင်တိုက်အားတိုက်ပါဝင်လုပ် ဆောင်လာကြတာ မြင်တွေ့ရတာ ဗုဒ္ဓဘာသာတရားတည်တံ့ခိုင်မြဲဖို့ အတွက် အနာဂတ်ခွန်အားဖြစ်နေလို့ မို့ အားတက်ပီတိဖြစ်စရာပဲ ဖြစ်ပါတယ်။ အဲဒီလို လူငယ်တွေအထဲမှာ အနုပညာရှင် မျိုးဆက်သစ်လူငယ်တွေလည်း ပါဝင်နေပြီး နေ့စဉ်နေ့ တိုင်း ဗုဒ္ဓဘာသာဝင်တို့နည်းတူ ဗုဒ္ဓ ဘာသာတရားနဲ့ ပတ်သက်လို့ ကိုးကွယ်ဆည်းကပ်မှုတွေ ပြုလုပ်လေ့ရှိသလို တရားထိုင်ခြင်း၊ ပဋ္ဌာန်း နဲ့ ပရိတ်တော်များ တစ်ပတ်တစ်ခါ ရွတ်ဖတ်ပွားများလေ့ရှိသူလည်းဖြစ်၊ ဗုဒ္ဓတရားဓမ္မ များနဲ့ ဗုဒ္ဓဝင်စာပေ များ လေ့လာဖတ်ရှုကာ မိမိကိုးကွယ် ဆည်းကပ်တဲ့ ဘာသာတရား အနှစ် သာရများကို သိအောင်ကြိုးစားကာ ဗုဒ္ဓဘာသာတရားအပေါ် သက်ဝင် ယုံကြည်သူဖြစ်တဲ့ အနုပညာရှင် နန်းထက်ထက်ဦး ရဲ့ ဘာသာတရားအပေါ် ယုံကြည်ကိုးကွယ်မှုစိတ်၊ အလေးအမြတ်ထား သက်ဝင်ယုံကြည်စိတ် အခြေခံတဲ့ ဓမ္မအသိ၊ ဓမ္မအမြင် စကားများ ထပ်ဆင့် ကုသိုလ်ပွားများကြစေဖို့ ဖော်ပြလိုက်ရပါတယ်။

နေ့စဉ်နေ့တိုင်းဘာသာရေး ကိုးကွယ်ဆည်းကပ်ပုံ

ညီမက မနက်တိုင်း ဘုရားသောက်တော်ရေချမ်းကပ်လှူတယ်။ ဘုရားဆွမ်းကပ်တယ်။ ဆီမီးပူဇော် တယ်။ ဘုရားဝတ်ပြုတယ်။ သံဃာ တော်တွေကို ဆွမ်းလောင်းတယ်။ ဒါတွေကို ညီမနေ့စဉ်နေ့တိုင်း မပျက်မကွက် ပြုလုပ်လေ့ရှိတယ်။ မနက်ဆို ကိုးနဝင်းပုတီးစိပ်တယ်။ ညဘက်အိပ်ရာဝင်ခါနီးကျ ပရိတ် ရွတ်တယ်။ မေတ္တာပို့တယ်။ အမျှဝေ တယ်။ ပြီးရင် မိနစ်၃ဝ လောက် တရားထိုင်ဖြစ်တယ်။ ပဋ္ဌာန်းကတော့ တစ်ပတ်မှာ တစ်ခါလောက်တော့ ရွတ်ဖြစ်တယ်။ တရားထိုင်တာက ညီမရဲ့စိတ်ကို တည်ငြိမ် စေပြီး စိတ်ပင်ပန်းမှုကို ပပျောက်စေတယ်။ ပရိတ်ရွတ်ရခြင်းကတော့ အန္တရာယ်ကင်းပါတယ်။

nanhteto

ဗုဒ္ဓဘာသာအပေါ် ယုံကြည်ကိုးကွယ်မှု

ညီမက ငယ်ငယ်ကတည်းက ကိုယ်တိုင် စူးစမ်းလေ့လာလေ့ရှိတယ်။ သူများပြောတာတွေကို လွယ်လွယ်နဲ့ မယုံတတ်ဘူး။ အဲဒီ တော့ ညီမဗုဒ္ဓဘာသာစာပေတွေ တရားတော်အကျယ်အဖွင့်တွေကို လေ့လာတယ်။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘုရားရှင်ရဲ့ ဟောပြောချက်အယူဝါဒဟာ အမှန်တရား အစစ် တွေဖြစ်တယ်။ ကံ၊ ကံ၏အကျိုး အပြစ်၊ သစ္စာလေးပါးတို့ကို ညီမယုံ ကြည်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်။ အဲဒါတွေက ပတ်ဝန်းကျင်မှာ ခဏခဏ ကြုံတွေ့ နေရတယ်။ ၅၅ဝ ဇာတ်နိပါတ်တော် တွေထဲမှာလည်း သာဓကတွေ ရှိတယ်လေ။ သစ္စာလေး ပါးမှာဆို ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာတွေကို ပတ်ဝန်းကျင်မှာ ခဏဏ ကြုံတွေ့နေရ တယ်။ အဲဒီ တော့ ဗုဒ္ဓဘာသာ ကို ညီမက သူများ တွေပြောလို့ ယုံကြည် တာမဟုတ်ဘူး။ ညီမကိုယ် တိုင် လေ့လာပြီးမှ ညီမစိတ်နဲ့ ညီမ ယုံကြည်ကိုးကွယ်တာပါ။

ဘယ်အရွယ်မဆို ဘာသာရေးလုပ်လို့ရ

လူငယ်တွေအနေနဲ့ ဗုဒ္ဓဝင် စာပေတွေကို များများ ဖတ်စေ ချင်တယ်။ မိမိကိုးကွယ်တဲ့ ဗုဒ္ဓ ဘာသာဆိုတာကို မိမိက အရင်သိ အောင် ကြိုးစားစေချင်တယ်။ အဲဒါ မှလည်း လူငယ်တွေ ယုံကြည်လက်ခံကြမှာ။ အခုခေတ် လူငယ်တွေက အရာရာ စူးစမ်းလေ့လာကြတာလေ။ ညီမပြောချင်တာက တတိယအရွယ်မှ ဘာသာရေးကို စလုပ်ရမယ်မဟုတ်ပါ ဘူး။ ဘယ်အသက်အရွယ်မဆို ဘာသာရေးလုပ်လို့ ရပါတယ်။ ဘာသာရေးအတွက် တစ်ရက်ကို တစ်နာရီပဲဖြစ်ဖြစ်၊ နာရီဝက်ပဲ ဖြစ်ဖြစ် အချိန်ပေးစေချင်တယ်။ သေခြင်းတရားဆိုတာက လက်တစ် ကမ်းမှာပဲ။ အဲဒါကြောင့် အားလုံးကို ပွဲမဝင်ခင် ပြင်ဆင်စေချင်ပါတယ်။ ညီမလည်း ပြင်ဆင်နေပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here