‘နှိုက်မှာပဲ’ သီချင်းအကြောင်း စန္ဒီမြင့်လွင် ရှင်းပြ

0
160

min_0279-copy

စန္ဒီမြင့်လွင်က သူ့ရဲ့စတုတ္ထ မြောက်တေးအယ်လ်ဘမ် ဖြစ်တဲ့Queen MTV ကိုတော့ ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့မှာ စတင်ဖြန့် ချိမှာဖြစ်ပြီးဒီMTV   ကိုတစ်နှစ် အချိန် ယူပြီး အကောင်းဆုံးပုံဖော်ဖန်တီးထားတယ်လို့ ပြောပါတယ်။ ဒီအခွေထဲက ပရိသတ်တွေကြား   ရေပန်းစားပြီးပေါက်ခဲ့တဲ့ ‘နှိုက်မှာပဲ’ သီချင်းကို မိတ်ကပ်ပညာရှင် မထက် (pop soul) နဲ့ ရိုက်ကူးပြီး ဟောလိဝုဒ်သီချင်းကို လည်း   အေးမြတ်သူ၊ သင်ဇာဝင့်ကျော် တို့နဲ့ ရိုက်ကူးထားပါတယ်။ ဒီအခွေနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်က…

“မှတ်မှတ်ရရ ဖန်တီးမှုဆိုရင်တော့ နှိုက်မှာပဲ တို့ ဟောလိဝုဒ်တို့ တစ်ခွေလုံးနီးပါးပါပဲ ဒီးဒီသေ ချာလေး ပြင်ဆင်ထားပါတယ်” လို့ပြော ပါတယ်။ ‘နှိုက်မှာပဲ’ သီချင်းနဲ့ပတ်သက်ပြီး အွန်လိုင်း ပေါ် မှာ ဝေဖန်ထားတာတွေလည်း ထွက်ပေါ်ခဲ့ပါ တယ်။ ဒီဝေဖန်မှုတွေနဲ့ ပတ်သက် ပြီး “တချို့က ကျတော့လည်း အဲဒီသီချင်းကို chorus  ပဲနား ထောင်လိုက်တဲ့ သဘောပေါ့။ ပြီးတော့ အထင်လွဲ ကြတာပေါ့။ တကယ်က အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဒီးဒီတို့က တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ် တာလည်း မဟုတ်ဘဲနဲ့ ခေတ်မှာဖြစ် ပျက်နေတဲ့ အကြောင်း အရာတွေကို တေးရေးဆရာ ကိုနေဝင်း (snare) ကရေးပေးထားတာပါ”လို့ ရှင်းပြခဲ့ပါ တယ်။ Queen MTV  ကို စတင်ဖြန့်ချိမယ့် ဇန်နဝါရီလ ၇ရက် နေ့ ညနေ၅နာရီ Junction Square  မှာလည်းကောင်း၊ ဇန်နဝါရီလ ၈ရက်နေ့ ညနေ ၄နာရီ မန္တလေး Amazing Shopping Mall  မှာလည်းကောင်း စန္ဒီမြင့်လွင်နဲ့ အနုပညာမောင်နှမ များက ဖျော်ဖြေမှာဖြစ်ကြောင်းသိရပါတယ်။ Queen MTV  ထွက်ရှိခြင်း အမှတ်တရအနေနဲ့Queen  လိုဂို အမှတ် တံဆိပ်ပါခေါင်းစွပ်အကျီများကို တစ်ထည်တစ်သောင်း ခွဲ ဖြင့် ရောင်းချသွားမှာဖြစ် ပြီး  ရောင်းချရငွေများကို ပရဟိတ အလှူတစ်ခု ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here