နီနီခင်ဇော် ဖြတ်သန်းမယ့် အမှတ်တရနေ့စွဲများ

0
252

ni-ni-1နီနီခင်ဇော်က ခရစ္စမတ်နေ့မှာ ပရိသတ်တွေ နဲ့တွေ့ဆုံ ညစာ စားခဲ့ပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ Super Red Edition Box လို့ အမည်ပေးထားတဲ့ နီနီခင်ဇော်ရဲ့ Super Red Edition Box  လုပ်ဖြစ်သွားတဲ့ အကြောင်းလေးကို မေးဖြစ်တော့ “နီနီက ခရစ္စမတ်မှာ ပရိသတ် နဲ့ ထူးထူးခြားခြားလေး တွေ့ချင်တယ်။ ရှိုးတွေကျတော့ သီချင်း ဆိုပြီးပြန်ဆင်း လာရတာ များတယ်လေ။ သူတို့နဲ့ နီနီ အေးအေးဆေးဆေး စကားတွေ ပြောချင်တယ်။ ပရိသတ် အယောက်ပေါင်း အများကြီး ကျတော့လည်း အဆင်မပြေဘူးလေ။ အဲဒါနဲ့ နီနီ့ ရဲ့ Super Red Marketing အဖွဲ့က နီနီ့ကို အကြံဥာဏ် လေးပေးတာနဲ့ ပရိသတ်နဲ့ ညစာ အတူစား၊ သီချင်းတွေ ဆိုပြရင်း နဲ့ တွေ့ဖြစ်တာပါ။  Super Red  ကတော့ ၂ဝ၁၇ ခုနှစ်မှာ Product Line တွေ အသစ် ထွက်ရှိဖို့ အတွက် ကြိုးစားနေပါတယ်” လို့ နီနီခင်ဇော် က ပြောပါတယ်။ ၂ဝ၁၇ ခုနှစ်ထဲမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ နီနီခင်ဇော်က ဧပြီလ ၁ရက်နေ့ ကို သတ်မှတ် လိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

“အစက တစ်လပိုင်းကို သေသေချာချာ စီစဉ်ထားတယ်။ ပွဲပါမစ်တွေလည်း လျှောက်ပြီးပြီ။ ကြားထဲမှာ နီနီ အကလေ့ကျင့်နေရင်း နဲ့ ခါးပြန်နာ သွားလို့ နောက်ကို ရွှေ့လိုက်တာပါ။ အဲဒီတော့ နီနီ အက လေးကျင့်လိုက်၊ ပြန်နားလိုက်နဲ့ ဧပြီလ ၁ ရက်နေ့ကို ရွှေ့ လိုက် ပါပြီ။ ပြည်သူ့ ရင်ပြင်မှာ ကျင်းပပါမယ်” လို့ ဆိုပါတယ်။ Shwe FM ဆုပေးပွဲမှာ ၂ဝ၁၆ခုနှစ် အတွင်း ဖေ့စ်ဘုတ်မှ တစ်ဆင့် Shwe FM သို့ အတောင်းခံရဆုံး သီချင်းဆုကို ရရှိခဲ့တဲ့ နီနီခင်ဇော်က  ဆုဆိုတာ ရှေ့ဆက်လျှောက်ဖို့ အားဖြစ်စေတယ် လို့ပြောပါတယ်။  “ဆုရ တာက လည်း နီနီ တစ်ယောက်တည်း ကောင်းလို့ မဟုတ်ပါဘူး။ ဒီ သီချင်းဖြစ်တည်လာဖို့ အတွက် ပါဝင်ပေးတဲ့ အနုပညာရှင် အားလုံးနဲ့ သီချင်း တောင်းပေးတဲ့ ပရိသတ်တွေ အားပေးမှုကြောင့် ရတာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here