ဂျက်ကီချန်းရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Railroad Tigers မြန်မာနိုင်ငံမှာ စတင် ရုံတင်ပြသ

0
409

railroad-tigers

ဂျက်ကီချန်း ဇာတ်ကားတွေကို အစဉ်တစိုက်ကြည့်လာခဲ့တဲ့ မြန်မာပရိသတ်တွေအတွက် ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက်အက်ရှင်ဟာသ ရုပ်ရှင်ဇာတ်ကား Railroad Tigers ဟာ မြန်မာနိုင်ငံမှာ စတင်ရုံတင် ပြသနေပြီဖြစ်ပါတယ်။

ဂျက်ကီချန်းကိုတော့ ထုံးစံအတိုင်းမြင်နေကျ အက်ရှင်ဟာသ ပုံစံတွေနဲ့ မြင်တွေ့ခွင့်ရမှာ ဖြစ်ပေမယ့် ဒီတစ်ခေါက်မှာတော့ ဂျက်ကီချန်းကို အများဆုံးမြင်တွေ့နေကျ ပုံစံတစ်ခုဖြစ်တဲ့ လျှို့ဝှက်စုံထောက် ပုံစံမျိုးနဲ့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ Railroad Tigers ရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ Ma Yuan ဆိုတဲ့ တော်လှန်ရေးမျိုးချစ်တစ်ဦး နေရာကနေမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ တရုတ်နိုင်ငံရဲ့ ၁၉၄၁ ခုနှစ်ကာလ(ဂျပန်တွေ အုပ်စိုးမင်းမူနေချိန်) ဖြစ်ပါတယ်။ ဂျပန်တွေက တရုတ်ပြည် အရှေ့ပိုင်း ခရိုင်ရှိ Tianjin မြို့နဲ့ Nanjing မြို့ နှစ်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ရထားသံလမ်းကို အသုံးပြုပြီး ရိက္ခာတွေနဲ့ စက်လက်နက် ပစ္စည်းတွေကို အဓိကသယ်ဆောင်နေတဲ့ ကာလမှာ ဂျပန်တွေက တရုတ်ပြည်သူတွေအပေါ် ခေါင်းပုံဖြတ်အနိုင်ကျင့်စေခိုင်းမှုတွေ ကျင့်သုံးပါတယ်။ အဲဒီလိုနိုင်ထက် စီးနင်းလုပ်မှုတွေကြောင့် ဂျပန်စစ်သည်တော်တွေနဲ့ တရုတ်လမ်းတံတား ဆောက်လုပ်ရေးပြည်သူတွေ အကြား အဓိကရုန်းနဲ့ အဆင်မပြေမှုတွေ ခဏခဏဖြစ်လာပါတယ်။ တရုတ်ပြည်သူတွေကို ရိက္ခာတွေလည်း အလောက်အငှမပေးဝေဘဲနဲ့ ရိက္ခာတွေကို ခေါင်းပုံဖြတ်တာ အချိန်ကြာလာတော့ တရုတ်ပြည်သူ တွေ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုပါ တိုးခံလာရတော့တယ်။ အဲ့ဒီအချိန်အခါမှာ Ma Yuan (ဂျက်ကီချန်း)က လမ်းတံတားဆောက်လုပ်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ရချိန်ဖြစ်ပါတယ်။ အခုလို ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခေါင်းငုံ့မခံနိုင်တော့ဘဲ တရုတ်ပြည်သူတွေကို အစာရေစာ ထောက်ပံ့ပေးနိုင်ဖို့အတွက် ဂျပန်တွေကို ရဲဝံ့စွာနဲ့ မျိုးချစ်စိတ်ဓာတ် အပြည့်နဲ့ တော်လှန်မှုတွေကို အက်ရှင်နဲ့ ဟာသရောပြီးပုံဖော်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Railroad Tigers ကို တရုတ်နိုင်ငံရဲ့ နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Shanghai Film Group ကနေ ရိုက်ကူးထုတ်လုပ်တာဖြစ်ပြီး ကြာမြင့်ချိန် ၁ဝ၅ မိနစ်စာရှိတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမှု ကုန်ကျစရိတ် အမေရိကန် ဒေါ်လာသန်း ၅ဝ အကုန်ကျခံ ရိုက်ကူးထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here