၂ဝ၁၇ ခုနှစ်မှာ စီးရီးသစ် ထွက်ရှိမယ့် ပိုပိုဟေသာ

0
132

po-po-hay-tharတေးရေး ဇဝါရဲ့ သမီးဖြစ်တဲ့ အဆိုတော်မ လေး ပိုပိုဟေသာ က Immortal Band က စီစဉ်တဲ့ “ဒိုင်ယာရီ” အတွဲစီးရီးမှာ သီချင်းသစ် တစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ ဒီစီးရီးမှာတော့ နာမည်ကျော် ဝါရင့် တေးသံရှင်တွေ နဲ့အတူ တွဲဖက်ပြီး သီဆို ရတာဖြစ်တာကြောင့် ဝမ်းလည်း သာသလို ကိုယ်ကြိုက်တဲ့ အဆိုတော်ကြီးတွေ နဲ့ တစ် ခွေတည်းမှာ အတူတူ ဆိုခွင့်ရတဲ့ အတွက် ကျေနပ်မိ တယ် လို့လည်း ဆိုပါတယ်။

“ဒီစီးရီးမှာတော့ ဟေသာ ဆိုနေကျ မဟုတ် တဲ့ပုံစံလေး ဆိုထားပါတယ်။ ဒီစီးရီးခွေ မှာကလည်း ကိုယ်ကြိုက်တဲ့ စီနီယာ အဆိုတော်တွေ နဲ့ တစ်ခွေတည်း ဆိုရတော့ ဝမ်းသာမိပါတယ်” လို့ပြောတဲ့ ပိုပိုဟေသာက လတ်တလော မှာတော့ ဒုတိယစီးရီးခွေ အတွက် ပြင် ဆင် နေပြီလို့ သိရပါတယ်။ ပထမစီးရီး “ကမ္ဘာဦးရည်းစား” မှာက တည်းက ပရိသတ် လက်ခံမှုကို ရရှိခဲ့တဲ့ ပိုပိုဟေ သာက ဒီဒုတိယ စီးရီးကိုလည်း ပထမစီးရီး ထက်မညံ့အောင် ကြိုးစား သွားမယ်လို့ပြော ပါတယ်။

“အခုဒီစီးရီးခွေ မှာလည်း ဒီအချိန် အခါအရ လိုက်ဖက်တဲ့ ဂီတပုံစံ လေးတွေနဲ့ အတူ ကြိုးစားပြီး လုပ်သွားမှာပါ” လို့ သူမက ပြောပါတယ်။ ပိုပိုဟေသာ ရဲ့ ဒုတိယ စီးရီးမှာလည်း ဖခင်ဖြစ်သူ ဇဝါ ရေးပေးတဲ့ သီချင်းတွေလည်း ပါဝင်မှာ ဖြစ်ပြီး ဖခင်ရဲ့ အထောက် အပံ့ဟာ လည်း သူ့အတွက် အင်အားတွေ အများကြီး ရခဲ့တယ်လို့လည်း သိရပါ တယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here