အကယ်ဒမီကို ရင်မခုန်တော့တာ ကြာပြီ ကျော်သူ

0
336

kyaw-thuမကြာခင် ရုံတင်ပြသတော့မယ့် “ငဘ” ရုပ်ရှင် ဇာတ်ကားကြီးမှာ ကျော်သူက အဓိကနေရာ က သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကား ကြီးက တောင်သူ လယ်သမားတွေရဲ့ ဘဝကို အခြေခံရေး သားထားတဲ့ ဇာတ်လမ်းလည်း ဖြစ်တဲ့အတွက် ဒီ ဇာတ်ကား ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး အကယ်ဒမီ ကျော်သူကို မေးမြန်းကြည့်ရာ…

” ‘ငဘ’ ဆိုတာ ကျွန်တော်တို့ ငယ်ငယ်လေးက တည်းက သင်ရိုး ညွှန်းတမ်းမှာပါတယ်။ ငယ်ငယ် လေးကတည်းက ရင်းနှီးပြီးသား ဇာတ်လမ်း လည်း ဖြစ်တယ်။ လယ်သမား အကျိုးပြု၊ တိုင်းပြည် အကျိုးပြုတဲ့ ဇာတ်ကား လည်းဖြစ်တယ်။ ထုတ်လုပ် သူဘက်က လည်း ငွေကုန်ကြေးကျခံ ပြီး ရိုက်ကူးတဲ့ အတွက် ကျွန်တော် ဒီဇာတ်ကားကို ရိုက်ကူးဖြစ် သွားတာ။ ဒီဇာတ်လမ်းလေး က အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်ကို အခြေခံထားတဲ့ ဇာတ်လမ်း လည်းဖြစ် သလို ဇာတ်ဝင်ခန်းထဲမှာ ပြောထားတာ လွတ်လပ် ရေး ရတော့လည်း လယ်သမားတွေ ဘဝ ဘယ်လိုဖြစ် နေလဲ၊ အခု ဒီမိုကရေစီ ရတော့လည်း လယ်သမား ဘဝ ဘယ်လိုဖြစ်နေလဲ ဆိုတာ နှိုင်းယှဉ်ကြည့်လို့ ရတယ်။ ကျွန်တော်ကတော့ ကျွန်တော့် လုပ်ကွက် ကို ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ “ငဘ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေက ကျော်သူကို ဒီနှစ်အကယ် ဒမီဆု မှန်းထားကြတာကို တွေ့ရပါတယ်။ ပရိသတ် မှန်းပေးကြတဲ့ အကယ်ဒမီ နဲ့ပတ် သက်ပြီး ကျော်သူရဲ့ ရင်ခုန်သံကိုမေးကြည့် တော့ “အကယ်ဒမီ ဆုနဲ့ ပတ်သက်ပြီး ရင်လည်း မခုန်တော့ ဘူး။ ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်ပြီး ကိုယ့်တာဝန် ကျေအောင် ကိုယ်လုပ်ခဲ့ တယ်။ အကယ်ဒမီ နဲ့ ရင်မခုန်တော့ ဘူး ဆိုတာကလည်း ကြုံ တွေ့ခဲ့တာ များပြီ။ အကယ်ဒမီ ဆိုတာ ရသင့် ရထိုက်တဲ့ သူမှရတာ။ ကိုယ်ဘယ် လောက်ကြီး ကြိုးစား၊ ကြိုးစား ကိုယ့်ဇာတ်ကားထဲမှာ ဒါရိုက်တာဆု ရသွားတယ်။ ဇာတ်ကားဆုရ သွားတယ်။ ကျွန်တော်တို့ သရုပ်ဆောင်ဆု မရခဲ့ဘူး။ ဒါမျိုးတွေလည်း ကြုံခဲ့တယ်။ ရင်ခုန်မှုလည်း မရှိတော့ဘူး။ ရင်မခုန် တော့တာက မယုံကြည်တာလည်း ပါ တယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here