သဘင်မင်းသားတွေ စုံလင်ခဲ့တဲ့ သာကေတ ဇိနမာန်အောင် သဘင်သက်ကြီး ရန်ပုံငွေ ဖျော်ဖြေပွဲ

0
229

thabin

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ မကြာခင်မှာ ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ သဘင် သက် ကြီးပူဇော်ပွဲအတွက် အခုလပိုင်းတွေမှာ ရန်ပုံငွေဖျော်ဖြေပွဲတွေ ပြုလုပ်လျက်ရှိ ပါတယ်။ အခုနှစ်မှာပြုလုပ်မယ့် သဘင် သက်ကြီးပူဇော်ပွဲက မြန်မာနိုင်ငံ တစ်နိုင် ငံလုံးမှ သက်ကြီးသဘင်ပညာရှင်များကို တစုတစည်းတည်း ကန်တော့ကြမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သဘင်ပညာရှင်များအစည်းအရုံး (ဗဟို) မှ ရန်ပုံငွေများ ရရှိစေဖို့အတွက် ဇာတ်အဖွဲ့တွေက ရန်ပုံငွေပွဲတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြောက်ဥက္ကလာပနဲ့ မိုးကောင်းဘုရားပွဲတော်ကြီးမှာလည်း ကပြဖျော်ဖြေနေတဲ့ စံပြသဘင်ဇာတ်ရုံမှာ ရန်ပုံငွေဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပြီးပြီဖြစ် ကာ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ သာကေတ၊ ဇိနမာန်အောင် ဘုရားပွဲ တော်ကြီးမှာ ကပြနေတဲ့ တင်မောင်ဆန်း မင်းဝင်းတို့ ရွှေမန်းသဘင်ဇာတ်အဖွဲ့မှာ သဘင်ညီအစ်ကို၊ မောင်နှစ်မတွေ အား လုံး စုပေါင်းပြီး သဘင်သက်ကြီး ပူဇော်ပွဲ အတွက် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ ရန်ပုံငွေဖျော်ဖြေပွဲမှာတော့ သဘင် မင်းသားကြီး ဦးဆန်းဝင်း၊ သဘင်မင်းသား ကြီး ဦးဝင်းမောင်၊ သဘင်မင်းသားကြီး ဦးချမ်းသာ၊ သဘင်မင်းသားကြီး ဦးမိုး ဝင်း၊ ကျော်ကျော်ဗို၊ မြို့ရွှေမန်းသား ဖိုးချစ်၊ ဇံဟိန်း၊ တင်မောင်ဆန်းမင်းဝင်း၊ စွမ်း၊ ရဲမင်းသွေး၊ ချစ်စွမ်းသာ၊ သြရ အောင်၊ နိုးနိုးလပြည့်၊ ဆန်းမင်းအောင်၊ မင်းရွှေရောင်တင်၊ မေတင်မောင်ဆန်း မင်းဝင်း၊ နေခြည်ငြိမ်းချမ်းတို့နဲ့အတူ ဟာသလူရွှင်တော်ကြီးတွေဖြစ်ကြတဲ့ အရိုင်း၊ မေတ္တာ၊ ငြိမ်းချမ်း၊ ကောင်းကျော်၊ ဝိုင်းချစ်၊ ချာလီ၊ ချစ်စမ်းမောင်၊ ဇာနည် တို့ရဲ့ Emperor  အဖွဲ့၊ ပွမ်ပွမ်၊ ချစ်ချော၊ မေတ္တာမြင့်မြတ်ဟိန်း၊ ရှူးရှဲ၊ ဒိုမီနို တို့နဲ့အတူ ရွှေမန်းသဘင်အဖွဲ့သားများက ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြ ပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲမှာတော့ သဘင် အနုပညာရှင်တွေ စုံလင်သလောက်ရှိ ခဲ့ပြီး သဘင်သက်ကြီးပူဇော်ပွဲအတွက် ရန်ပုံငွေရရှိအောင် အားတက်သရော ပါဝင်ကူညီခဲ့ကြပါတယ်။ အခုလို သဘင် သက်ကြီး ရန်ပုံငွေဖျော်ဖြေပွဲတွေကို ဆက်တိုက် လုပ်ဖြစ်ရခြင်းက တစ်နိုင်ငံ လုံးက သဘင်သက်ကြီးတွေကို များများ ထောက်ပံ့ကူညီနိုင်ဖို့အတွက်ဖြစ်တယ် လို့ သိရပါတယ်။ မြို့နယ်အသီးသီးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် သဘင်ပညာ ရှင်များ အစည်အရုံး၊ တည်ထောင်သူ များ၊ သဘင်အနုပညာနဲ့ ပတ်သက် ဆက်နွှယ် သောသူများအားလုံးအနေနဲ့ မိမိတို့အရပ်ဒေသ သဘင်အဖွဲ့အတွင်း ပတ်ဝန်းကျင်ရှိ အသက် ၇၅ နှစ်အထက် သက်ကြီး သဘင်ပညာရှင်များရဲ့ အမည်စာရင်းကို အစည်းအရုံးဝင် ဖြစ်ကြောင်း သက်သေအထောက် အထားနဲ့တကွ ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် သဘင်ပညာ ရှင်များ အစည်းအရုံးများသို့လည်း ကောင်း၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ရုံးခန်း၊ အမှတ်- ၁၃၅၊ ၂၁ လမ်း (အထက်)၊ လသာမြို့နယ်တို့သို့ လည်း ကောင်း ဆက်သွယ်အကြောင်းကြား ပေးပို့ကြပါရန် တိုက်တွန်းနှိုးဆော်စာ တစ်စောင်ကို မြန်မာနိုင်ငံသဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) မှ နိုဝင် ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here